ချယ်ဆီးအသင်းနဲ့ လမ်းပတ်က ဒီတပတ်မှာတော့ ကစားသမားဟောင်းကြီး တယ်ရီ လက်ထောက်နည်းပြ လုပ်နေတဲ့ အက်စတွန်ဗီလာကို စတန်းဖို့ဘရစ်ချ်မှာ ဧည့်ခံ ကစားရတော့မှာ ဖြစ်ပါတယ်။ ချယ်ဆီးက ပြီးခဲ့တဲ့အပတ်မှာ ဝက်စ်ဟမ်းကို မထင်မှတ်ဘဲ ရှုံးသွားခဲ့ပြီး ဗီလာကတော့ ယူနိုက်တက်ကို သရေ ကစားထားခဲ့တာပါ။

ဒီတပတ် ချယ်ဆီး အက်စတွန်ဗီလာပွဲ အတွက် စကိုင်းစပေါ့မှ ချာလီနစ်ကိုးလပ်ရဲ့ သုံးသပ်ချက်နဲ့ ခန့်မှန်းရလဒ်ကို ဖော်ပြပေးပါမယ်။

” ချယ်ဆီးအသင်းက ခလုတ်ကန်သင်းတွေ ငြိနေသေးပြီး ကျနော်တို့ ခန့်မှန်းထားသလိုကတော့ ဖြစ်လာတော့မှာပါ။ ကစားသမား တော်တော်များများက လိုချင်တဲ့ အချိန်မှာ ဂိုးနဲ့ ပိုက် မိတ်ဆက် မပေးနိုင်သေးဘဲ ရှိနေတယ်။ လမ်းပတ် အနေနဲ့ သူ အလိုရှိသလို စွမ်းဆောင်နိုင်ဘူး လူငယ်လေးတွေ လိုအပ်နေတယ်။ ”

” ဒီတလောမှာ အိုဒွိုင်းကို ကျနော်တို့ သိပ် မမြင်ရဘူး။ မေဆန်မောင့်နဲ့ တမ်မီ အေဗရာဟမ်ကတော့ ဒဏ်ရာလေး တချို့ ရှိနေသေးတယ်။ ဒါက ဘာကို ပြောသလဲ ဆိုရင် ချယ်ဆီးအသင်း လူစာရင်းက ရှိသလောက်နဲ့ ဆွဲဆန့်ထားရတာပါ။ ချယ်ဆီးက ရာသီကုန်ထိ ဒီလို အတက်အကျ ကြမ်းကြမ်း ရှိနေဦးမယ်လို့ ကျနော် ထင်တယ်။ ”

” တချိန်တည်းမှာပဲ အက်စတွန်ဗီလာက အိုးထရက်ဖို့က ပွဲမှာ အထင်ကြီးလောက်စရာ လုပ်ပြထားတယ်။ ဒါက ဂျက်ဂရေးလစ်ချ်ကို ကစားစေချင်တဲ့နေရာ အတိအကျပဲ ဖြစ်တယ်။ သူ့ကို ကျနော်က ဘယ်ခြမ်းကိုထားခဲ့ပြီး ခံစစ်ကိုပဲ တိုက်စစ်သွားဆင်စေချင်တာ။ ပွင့်ပွင့်လင်းလင်း ပြောရရင် ဗီလာက အမှတ်ပေးဇယားမှာ ရပ်တည်နေတဲ့ အဆင့်ထက် ပိုကောင်းတယ်လို့ ထင်တယ်။ ဒါပေမယ့် သူတို့ ခံစစ်ကိုတော့ ကျနော် မယုံကြည်ဘူး။ ဒါကြောင့်ပဲ ဒီပွဲမှာ ချယ်ဆီးအသာရမှာပါ။ ” လို့ ချာလီက သုံးသပ်ခဲ့ပါတယ်။

ချာလီနစ်ကိုးလပ်ရဲ့ ခန့်မှန်းရလဒ်ကတော့ ချယ်ဆီး ၂-၁ အက်စတွန်ဗီလာ ဖြစ်ပါတယ်။

Zawgyi

ခ်ယ္ဆီးအသင္းနဲ႕ လမ္းပတ္က ဒီတပတ္မွာေတာ့ ကစားသမားေဟာင္းၾကီး တယ္ရီ လက္ေထာက္နည္းျပ လုပ္ေနတဲ့ အက္စတြန္ဗီလာကို စတန္းဖို႔ဘရစ္ခ်္မွာ ဧည့္ခံ ကစားရေတာ့မွာ ျဖစ္ပါတယ္။ ခ်ယ္ဆီးက ျပီးခဲ့တဲ့အပတ္မွာ ၀က္စ္ဟမ္းကို မထင္မွတ္ဘဲ ရွံုးသြားခဲ့ျပီး ဗီလာကေတာ့ ယူနိုက္တက္ကို သေရ ကစားထားခဲ့တာပါ။

ဒီတပတ္ ခ်ယ္ဆီး အက္စတြန္ဗီလာပြဲ အတြက္ စကိုင္းစေပါ့မွ ခ်ာလီနစ္ကိုးလပ္ရဲ႕ သံုးသပ္ခ်က္နဲ႕ ခန္႔မွန္းရလဒ္ကို ေဖာ္ျပေပးပါမယ္။

” ခ်ယ္ဆီးအသင္းက ခလုတ္ကန္သင္းေတြ ျငိေနေသးျပီး က်ေနာ္တို႔ ခန္႔မွန္းထားသလိုကေတာ့ ျဖစ္လာေတာ့မွာပါ။ ကစားသမား ေတာ္ေတာ္မ်ားမ်ားက လိုခ်င္တဲ့ အခ်ိန္မွာ ဂိုးနဲ႕ ပိုက္ မိတ္ဆက္ မေပးနိုင္ေသးဘဲ ရွိေနတယ္။ လမ္းပတ္ အေနနဲ႕ သူ အလိုရွိသလို စြမ္းေဆာင္နိုင္ဘူး လူငယ္ေလးေတြ လိုအပ္ေနတယ္။ ”

” ဒီတေလာမွာ အိုဒြိဳင္းကို က်ေနာ္တို႔ သိပ္ မျမင္ရဘူး။ ေမဆန္ေမာင့္နဲ႕ တမ္မီ ေအဗရာဟမ္ကေတာ့ ဒဏ္ရာေလး တခ်ိဳ႕ ရွိေနေသးတယ္။ ဒါက ဘာကို ေျပာသလဲ ဆိုရင္ ခ်ယ္ဆီးအသင္း လူစာရင္းက ရွိသေလာက္နဲ႕ ဆြဲဆန္႔ထားရတာပါ။ ခ်ယ္ဆီးက ရာသီကုန္ထိ ဒီလို အတက္အက် ၾကမ္းၾကမ္း ရွိေနဦးမယ္လို႔ က်ေနာ္ ထင္တယ္။ ”

” တခိ်န္တည္းမွာပဲ အက္စတြန္ဗီလာက အိုးထရက္ဖို႔က ပြဲမွာ အထင္ၾကီးေလာက္စရာ လုပ္ျပထားတယ္။ ဒါက ဂ်က္ဂေရးလစ္ခ်္ကို ကစားေစခ်င္တဲ့ေနရာ အတိအက်ပဲ ျဖစ္တယ္။ သူ႔ကုိ က်ေနာ္က ဘယ္ျခမ္းကိုထားခဲ့ျပီး ခံစစ္ကိုပဲ တိုက္စစ္သြားဆင္ေစခ်င္တာ။ ပြင့္ပြင့္လင္းလင္း ေျပာရရင္ ဗီလာက အမွတ္ေပးဇယားမွာ ရပ္တည္ေနတဲ့ အဆင့္ထက္ ပိုေကာင္းတယ္လို႔ ထင္တယ္။ ဒါေပမယ့္ သူတို႔ ခံစစ္ကိုေတာ့ က်ေနာ္ မယံုၾကည္ဘူး။ ဒါေၾကာင့္ပဲ ဒီပြဲမွာ ခ်ယ္ဆီးအသာရမွာပါ။ ” လို႔ ခ်ာလီက သံုးသပ္ခဲ့ပါတယ္။

ခ်ာလီနစ္ကိုးလပ္ရဲ႕ ခန္႔မွန္းရလဒ္ကေတာ့ ခ်ယ္ဆီး ၂-၁ အက္စတြန္ဗီလာ ျဖစ္ပါတယ္။