ဒီအပတ် အမ်းမရိတ်မှာတော့ ရလဒ်တွေ ဆိုးနေတဲ့ အာဆင်နယ်က ဘရိုက်တန်ကို အိမ်ကွင်းမှာ ဧည့်ခံကစားရမှာဖြစ်ပြီး မန်နေဂျာယွန်းဘတ်လက်ထက် ပထမဆုံး အိမ်ကွင်းပွဲလည်းဖြစ်ပါတယ်။

အာဆင်နယ်ဟာ အမ်မရီကို ရာထူးကနေ ထုတ်ပယ်ပြီး အမြဲတမ်းမန်နေဂျာ မခန့်အပ်ခင်မှာ ယွန်းဘတ်ကို ယာယီမန်နေဂျာအဖြစ် တာဝန်ပေးထားတာပါ။ အာဆင်နယ်ရဲ့ ခံစစ်ကစားပုံ တိုးတက်လာပေမယ့် ခံစစ်က ယိုပေါက်တွေရှိနေဆဲဖြစ်ပြီး ဒီပွဲအပေါ် လော်ရိုးက သုံးသပ်မှုနဲ့ ခန့်မှန်းမှု လုပ်သွားခဲ့ပါတယ်။

လော်ရိုးက ” စနေနေ့က လီဗာပူးကို အန်ဖီးမှာ အရေးနိမ့်ခဲ့စဉ် ဘရိုက်တန်က ခြိမ်ခြောက်မှုတွေ လုပ်နိုင်ခဲ့တယ်။ သူတို့က အမြဲတမ်း ဘောလုံးကို ကောင်းကောင်းကစားနိုင်ဖို့ ကြိုးစားပါတယ်။ ဒါပေမယ့် တည်ကန်ဘောကနေ သွင်းဂိုး နှစ်ဂိုး ပေးလိုက်ရတာအတွက် သူတို့က စိတ်ပျက်နေမှာပါ။ သူတို့ အကောင်းဆုံး ကြိုးစားပေမယ့် အဆုံးမှာ အမှတ် လက်ဗလာဖြစ်ခဲ့တာ ဒါ ပထမဆုံး အကြိမ်တော့ မဟုတ်ပါဘူး။

အာဆင်နယ်ကကော။ ဟုတ်ပြီ ယွန်းဘတ်က ကိုင်တွယ်နေပေမယ့် ဘာတစ်ခုမှတော့ မပြောင်းလဲသေးပါဘူး။ တိုက်စစ်ကစားပုံ ကောင်းလာပေမယ့် ခံစစ်က ပေါက်နေဆဲပါပဲ။ သူတို့ကို ဘယ်အသင်းမဆို ပြဿနာတွေ ပေးနိုင်ပါတယ်။ အာဆင်နယ်အတွက် ကြားရက်က နေ့ကောင်းဖြစ်မယ်ဆိုရင် သူတို့ အနိုင်ရမှာပပါ။ အဲ့လို မဟုတ်ရင်တော့ ရမှတ်တွေ ဆုံးရံှူးမှာပါပဲ။ ပြီးခဲ့တဲ့ အပတ်က ပွဲကို ပြန်ကြည့်မယ်ဆိုရင် ဘရိုက်တန်က သွင်းဂိုးအတွက် လုပ်နိုင်စွမ်း နည်းတယ် ” လို့ သုံးသပ်ခဲ့တာဖြစ်တယ်။

အာဆင်နယ်နဲ့ ဘရိုက်တန်ပွဲအတွက် လော်ရိုးရဲ့ ရလဒ် ခန့်မှန်းကတော့ အာဆင်နယ်က ၂-၀ နဲ့ အနိုင်ရကာ ၈ ပွဲဆက် နိုင်ပွဲပျောက်နေမှုကို အဆုံးသတ်သွားမယ်လို့ ဖြစ်ပါတယ်။

ZAWGYI

ဒီအပတ္ အမ္းမရိတ္မွာေတာ့ ရလဒ္ေတြ ဆိုးေနတဲ့ အာဆင္နယ္က ဘရိုက္တန္ကို အိမ္ကြင္းမွာ ဧည့္ခံကစားရမွာျဖစ္ျပီး မန္ေနဂ်ာယြန္းဘတ္လက္ထက္ ပထမဆံုး အိမ္ကြင္းပြဲလည္းျဖစ္ပါတယ္။

အာဆင္နယ္ဟာ အမ္မရီကို ရာထူးကေန ထုတ္ပယ္ျပီး အျမဲတမ္းမန္ေနဂ်ာ မခန္႔အပ္ခင္မွာ ယြန္းဘတ္ကို ယာယီမန္ေနဂ်ာအျဖစ္ တာဝန္ေပးထားတာပါ။ အာဆင္နယ္ရဲ႕ ခံစစ္ကစားပံု တိုးတက္လာေပမယ့္ ခံစစ္က ယိုေပါက္ေတြရွိေနဆဲျဖစ္ျပီး ဒီပြဲအေပၚ ေလာ္ရိုးက သံုးသပ္မႈနဲ႔ ခန္႔မွန္းမႈ လုပ္သြားခဲ့ပါတယ္။

ေလာ္ရိုးက ” စေနေန႔က လီဗာပူးကို အန္ဖီးမွာ အေရးနိမ့္ခဲ့စဥ္ ဘရိုက္တန္က ျခိမ္ေျခာက္မႈေတြ လုပ္ႏုိင္ခဲ့တယ္။ သူတို႔က အျမဲတမ္း ေဘာလံုးကို ေကာင္းေကာင္းကစားႏုိင္ဖို႔ ၾကိဳးစားပါတယ္။ ဒါေပမယ့္ တည္ကန္ေဘာကေန သြင္းဂိုး ႏွစ္ဂိုး ေပးလိုက္ရတာအတြက္ သူတို႔က စိတ္ပ်က္ေနမွာပါ။ သူတို႔ အေကာင္းဆံုး ၾကိဳးစားေပမယ့္ အဆံုးမွာ အမွတ္ လက္ဗလာျဖစ္ခဲ့တာ ဒါ ပထမဆံုး အၾကိမ္ေတာ့ မဟုတ္ပါဘူး။

အာဆင္နယ္ကေကာ။ ဟုတ္ျပီ ယြန္းဘတ္က ကိုင္တြယ္ေနေပမယ့္ ဘာတစ္ခုမွေတာ့ မေျပာင္းလဲေသးပါဘူး။ တိုက္စစ္ကစားပံု ေကာင္းလာေပမယ့္ ခံစစ္က ေပါက္ေနဆဲပါပဲ။ သူတို႔ကို ဘယ္အသင္းမဆို ျပႆနာေတြ ေပးႏုိင္ပါတယ္။ အာဆင္နယ္အတြက္ ၾကားရက္က ေန႔ေကာင္းျဖစ္မယ္ဆိုရင္ သူတို႔ အႏုိင္ရမွာပပါ။ အဲ့လို မဟုတ္ရင္ေတာ့ ရမွတ္ေတြ ဆံုးရံွဴးမွာပါပဲ။ ျပီးခဲ့တဲ့ အပတ္က ပြဲကို ျပန္ၾကည့္မယ္ဆိုရင္ ဘရိုက္တန္က သြင္းဂိုးအတြက္ လုပ္ႏုိင္စြမ္း နည္းတယ္ ” လို႔ သံုးသပ္ခဲ့တာျဖစ္တယ္။

အာဆင္နယ္နဲ႔ ဘရိုက္တန္ပြဲအတြက္ ေလာ္ရိုးရဲ႕ ရလဒ္ ခန္႔မွန္းကေတာ့ အာဆင္နယ္က ၂-၀ နဲ႔ အႏုိင္ရကာ ၈ ပြဲဆက္ ႏုိင္ပြဲေပ်ာက္ေနမႈကို အဆံုးသတ္သြားမယ္လို႔ ျဖစ္ပါတယ္။