လီဗာပူးအသင်းဟာ ဖိအားတွေ ဝင်နေတဲ့ မြို့ခံ ပြိုင်ဘက် အဲဗာတန်ကို ဒီတပတ် အန်းဖီးမှာ ဧည့်ခံကစားရတော့မှာ ဖြစ်ပါတယ်။ ဒီပွဲ အတွက် စကိုင်းစပေါ့မှ ချာလီနစ်ကိုးလပ်ရဲ့ သုံးသပ်ချက်နဲ့ ခန့်မှန်းရလဒ်ကို ဖော်ပြပေးပါမယ်။

” ပြီးခဲ့တဲ့ အပတ်က လီဗာပူး ပွဲစဉ်ကို ကျနော် ကြည့်ဖြစ်ခဲ့တယ် သူတို့က နိုင်ပွဲ ရဖို့ ထိုက်တန်ခဲ့ပါတယ်။ ဒါပေမယ့် အနိုင် သုံးမှတ်က ရုန်းကန်မှုတွေ မပါဘဲ ရလာခဲ့တာတော့ မဟုတ်ဘူး။ သူတို့က အဆုံးထိ ကြံ့ကြံံခံ ကစားခဲ့ရတာပါ။ ခံစစ်ပိုင်း ယိုယွင်းမှုတွေကို ပို ထောက်ပြစရာ ဖြစ်ခဲ့တယ်။ ”

” အယ်လစ်ဆန်ကတော့ ဒီ ဒါဘီပွဲကို လွဲချော်မှာ ဖြစ်ပြီး သူ့နေရာ အက်ဒရီယန်က အစားဝင်ကစားမှာပါ။ စိတ်လှုပ်ရှားစရာတွေလည်း သယ်ဆောင်လာမယ် ထင်ပါတယ်။ လီဗာပူး က ပြီးခဲ့တဲ့ ရာသီကလို ဟန်ချက်မျိုး မရှိတော့ဘူး ဒါပေမယ့် ရလဒ်ကောင်းတွေ ဘယ်လို ယူရမလဲ ကောင်းကောင်း သိသွားခဲ့ပြီ။ စနေနေ့ကလည်း ဒီလိုပဲ အနိုင်ယူခဲ့တာပါ။ ”

” အဲဗာတန်ကတော့ မနှစ်က ဒီလိုပွဲမှာ အိုရီဂီရဲ့ နောက်ဆုံးမိနစ် သွင်းဂိုးနဲ့ ရှုံးထားတာပါ။ မာကိုဆေးလ်ဗားက ထိုင်ခုံလှုပ်နေပြီ ဖြစ်တဲ့ မန်နေဂျာ ဖြစ်ပြီး သူ့ နည်းပြရာထူးနဲ့ပတ်သတ်ပြီး စိတ်ဝင်တစား မပြောလိုဘူးလို့ ဆိုထားတယ်။ ဒါပေမယ့် မကြာခင်ပဲ သူ ထွက်ရနိုင်တယ် ဆိုတာ သိထားပါတယ်။ အဲဗာတန်မှာ သူ ဘယ်လောက် ကြာကြာခံဦးမလဲသာ ကျနော် မသိတာ။ ”

” တကယ်လို့ ဒီပွဲမှာ လီဗာပူးက သုံးလေးဂိုး သွင်းပြီး နိုင်တယ်ဆိုရင် ကြာသပတေးနေ့မှာတင် ဆေးလ်ဗား အဆုံးသတ်သွားနိုင်ပါတယ်။ ဒါပြီးရင်ရော ဒေးဗစ်မိုယက်စ် ဝင်လာပြီး ကယ်တင်မလား ဒါမှမဟုတ် ဟိုဝီကို ခေါ်ပြီး ပရောဂျပ်သစ် လုပ်မလား။ ဒါတွေ အဲဗာတန်အတွက် ဆုံးဖြတ်မှုကြီးတွေ လုပ်ရမှာပါ။ ”

” ဒီပွဲက တခြားပွဲတွေနဲ့ အနေအထားချင်း မတူဘူး။ ဒါက ဒါဘီပွဲပါ။ နှစ်သင်းလုံးက တခြား ကိစ္စတွေ မစဉ်းစားဘဲ ပြိုင်ဘက်အသင်းကို အနိုင်ယူဖို့ ကြိုးစားပါလိမ့်မယ်။ လီဗာပူးကတော့ အဲဗာတန်ကို အသာရဦးမှာပါ။ အဲဗာတန်က ဘက်စ်ကားကွက်နဲ့ ပိတ် ကစားလာဖို့ ရှိပြီး လီဗာပူးက သက်တောင့်သက်သာ ချိုးဖျက်ပါလိမ့်မယ်။ ” လို့ ချာလီက သုံးသပ်ထားပါတယ်။

ချာလီ နစ်ကိုးလပ်စ်ရဲ့ ခန့်မှန်း ရလဒ်ကတော့ လီဗာပူး ၂-၀ အဲဗာတန်ပဲ ဖြစ်ပါတယ်။

Zawgyi

လီဗာပူးအသင္းဟာ ဖိအားေတြ ၀င္ေနတဲ့ ျမိဳ႕ခံ ျပိဳ္င္ဘက္ အဲဗာတန္ကို ဒီတပတ္ အန္းဖီးမွာ ဧည့္ခံကစားရေတာ့မွာ ျဖစ္ပါတယ္။ ဒီပြဲ အတြက္ စကိုင္းစေပါ့မွ ခ်ာလီနစ္ကိုးလပ္ရဲ႕ သံုးသပ္ခ်က္နဲ႕ ခန္႔မွန္းရလဒ္ကို ေဖာ္ျပေပးပါမယ္။

” ျပီးခဲ့တဲ့ အပတ္က လီဗာပူး ပြဲစဥ္ကို က်ေနာ္ ၾကည့္ျဖစ္ခဲ့တယ္ သူတို႔က နုိင္ပြဲ ရဖို႔ ထုိက္တန္ခဲ့ပါတယ္။ ဒါေပမယ့္ အနိုင္ သံုးမွတ္က ရုန္းကန္မႈေတြ မပါဘဲ ရလာခဲ့တာေတာ့ မဟုတ္ဘူး။ သူတို႔က အဆံုးထိ ၾကံ႕ၾကံံခံ ကစားခဲ့ရတာပါ။ ခံစစ္ပိုင္း ယိုယြင္းမႈေတြကို ပို ေထာက္ျပစရာ ျဖစ္ခဲ့တယ္။ ”

” အယ္လစ္ဆန္ကေတာ့ ဒီ ဒါဘီပြဲကို လြဲေခ်ာ္မွာ ျဖစ္ျပီး သူ႔ေနရာ အက္ဒရီယန္က အစား၀င္ကစားမွာပါ။ စိတ္လႈပ္ရွားစရာေတြလည္း သယ္ေဆာင္လာမယ္ ထင္ပါတယ္။ လီဗာပူး က ျပီးခဲ့တဲ့ ရာသီကလို ဟန္ခ်က္မ်ိဳး မရွိေတာ့ဘူး ဒါေပမယ့္ ရလဒ္ေကာင္းေတြ ဘယ္လို ယူရမလဲ ေကာင္းေကာင္း သိသြားခဲ့ျပီ။ စေနေန႕ကလည္း ဒီလိုပဲ အနိုင္ယူခဲ့တာပါ။ ”

” အဲဗာတန္ကေတာ့ မနွစ္က ဒီလိုပြဲမွာ အုိရီဂီရဲ႕ ေနာက္ဆံုးမိနစ္ သြင္းဂိုးနဲ႕ ရွံဳးထားတာပါ။ မာကိုေဆးလ္ဗားက ထိုင္ခံုလႈပ္ေနျပီ ျဖစ္တဲ့ မန္ေနဂ်ာ ျဖစ္ျပီး သူ႔ နည္းျပရာထူးနဲ႕ပတ္သတ္ျပီး စိတ္၀င္တစား မေျပာလိုဘူးလို႔ ဆုိထားတယ္။ ဒါေပမယ့္ မၾကာခင္ပဲ သူ ထြက္ရနုိင္တယ္ ဆိုတာ သိထားပါတယ္။ အဲဗာတန္မွာ သူ ဘယ္ေလာက္ ၾကာၾကာခံဦးမလဲသာ က်ေနာ္ မသိတာ။ ”

” တကယ္လို႔ ဒီပြဲမွာ လီဗာပူးက သံုးေလးဂိုး သြင္းျပီး နုိင္တယ္ဆိုရင္ ၾကာသပေတးေန႔မွာတင္ ေဆးလ္ဗား အဆံုးသတ္သြားနိုင္ပါတယ္။ ဒါျပီးရင္ေရာ ေဒးဗစ္မိုယက္စ္ ၀င္လာျပီး ကယ္တင္မလား ဒါမွမဟုတ္ ဟို၀ီကို ေခၚျပီး ပေရာဂ်ပ္သစ္ လုပ္မလား။ ဒါေတြ အဲဗာတန္အတြက္ ဆံုးျဖတ္မႈၾကီးေတြ လုပ္ရမွာပါ။ ”

” ဒီပြဲက တျခားပြဲေတြနဲ႕ အေနအထားခ်င္း မတူဘူး။ ဒါက ဒါဘီပြဲပါ။ နွစ္သင္းလံုးက တျခား ကိစၥေတြ မစဥ္းစားဘဲ ျပိဳင္ဘက္အသင္းကို အနိုင္ယူဖို႔ ၾကိဳးစားပါလိမ့္မယ္။ လီဗာပူးကေတာ့ အဲဗာတန္ကို အသာရဦးမွာပါ။ အဲဗာတန္က ဘက္စ္ကားကြက္နဲ႕ ပိတ္ ကစားလာဖို႔ ရွိျပီး လီဗာပူးက သက္ေတာင့္သက္သာ ခ်ိဳးဖ်က္ပါလိမ့္မယ္။ ” လို႔ ခ်ာလီက သံုးသပ္ထားပါတယ္။

ခ်ာလီ နစ္ကိုးလပ္စ္ရဲ႕ ခန္႔မွန္း ရလဒ္ကေတာ့ လီဗာပူး ၂-၀ အဲဗာတန္ပဲ ျဖစ္ပါတယ္။