လောလောလတ်လတ် နည်းပြ အပြောင်းအလဲ ဖြစ်သွားတဲ့ အဲဗာတန် အသင်း ရှိရာ ဂွတ်ဒီဆင့်ပါခ်သို့ ချယ်ဆီးတို့ ဒီစနေမှာ သွားရောက် ကစားရတော့မှာ ဖြစ်ပါတယ်။ ပွဲချိန်ကတော့ စနေနေ့ မြန်မာစံတော်ချိန် ညနေ ၇ နာရီပါ။

ချယ်ဆီးက နှစ်ပွဲဆက် ရံှူးပွဲအပြီး ပြန်လာနိုင်မှုကို ရှာဖွေနိုင်ခဲ့ပေမယ့် အဲဗာတန်ဟာ နောက်ဆုံးယှဉ်ပြိုင်တဲ့ လီဗာပူးကို အရေးနိမ့်ခဲ့တာကြောင့် တန်းဆင်းဇုန်ကို ကျရောက်နေပြီဖြစ်ပါတယ်။ ဒီပွဲမှာတော့ လူငယ်ကစားသမားများမယ့် ချယ်ဆီးကို လူကောင်းများပြီး ပွဲမစည်ဖြစ်နေတဲ့ အဲဗာတန်က သရေခံကန်လိမ့်မယ်လို့ လော်ရိုက ယူဆနေပါတယ်။

အဲဗာတန်နဲ့ ချယ်ဆီးပွဲအပေါ် လော်ရိုးက – ” မားကို့စ် ဆေးလ်ဗား အတွက် အခြေအနေတွေက အဆိုးကနေ ပို ဆိုးတဲ့ဘက်ကို ရောက်လာ ခဲ့တာပါ။ ဒါကြောင့်လည်း ကြာသပတေးနေ့မှာ အဲဗာတန်က သူ့ကို ထုတ်ပယ်လိုက်တာ အံ့အားသင့်စရာတော့ မဖြစ်တော့ပါဘူး။ သူ ဘယ်လို ကြိုးစားကြိုးစား အလုပ်မဖြစ်ခဲ့ဘူး။

တော်ဖီ (အဲဗာတန်)တို့ အတွက် ယာယီနည်းပြ အဖြစ် ဒန်ကန် ဖာဂူဆန်က ဒီပွဲအတွက် တာန်ယူမယ်လို့ သိရပါတယ်။ ဒီပွဲမှာ ကစားသမားတွေဆီက တုန့်ပြန်မှု တစ်ခု မြင်ရမယ် ထင်ပါတယ်။ နည်းပြ ပိုင်း တစ်ယောက်ယောက်ကို ပြောင်းလဲ လိုက်တာက ဆေးလ်ဗား နေရာ အစားထိုးဖို့ အတည် မဟုတ်သေးဘူး ဆိုရင်တောင်လေ။

ချယ်ဆီးကတော့ အက်စတွန်ဗီလာနဲ့ ပွဲမှာ အနိုင်သုံးမှတ်ယူပြီး ကောင်းစွာလည်း လုပ်ပြနိုင်ခဲ့ပါတယ်။ သူတို့ ကောင်းတဲ့ဘက်ကို ပြန် ပြောင်းလဲ နိုင်ခဲ့ပြီ။ ဒါပေမယ့် ဒီပွဲကနေ အဲဗာတန် အမှတ်တော့ ယူသွားလိမ့်မယ်လို့ ကျနော် ထင်နေပါတယ်။ ” လို့ သုံးသပ်သွားပါတယ်။

လော်ရိုးရဲ့ ခန့်မှန်းရလဒ်ကတော့ အဲဗာတန် ၁-၁ ချယ်ဆီး ဖြစ်ပါတယ်။

ZAWGYI

ေလာေလာလတ္လတ္ နည္းျပ အေျပာင္းအလဲ ျဖစ္သြားတဲ့ အဲဗာတန္ အသင္း ရွိရာ ဂြတ္ဒီဆင့္ပါခ္သို႔ ခ်ယ္ဆီးတို႔ ဒီစေနမွာ သြားေရာက္ ကစားရေတာ့မွာ ျဖစ္ပါတယ္။ ပြဲခ်ိန္ကေတာ့ စေနေန႔ ျမန္မာစံေတာ္ခ်ိန္ ညေန ၇ နာရီပါ။

ခ်ယ္ဆီးက ႏွစ္ပြဲဆက္ ရံွဴးပြဲအျပီး ျပန္လာႏုိင္မႈကို ရွာေဖြႏုိင္ခဲ့ေပမယ့္ အဲဗာတန္ဟာ ေနာက္ဆံုးယွဥ္ျပိဳင္တဲ့ လီဗာပူးကို အေရးနိမ့္ခဲ့တာေၾကာင့္ တန္းဆင္းဇုန္ကို က်ေရာက္ေနျပီျဖစ္ပါတယ္။ ဒီပြဲမွာေတာ့ လူငယ္ကစားသမားမ်ားမယ့္ ခ်ယ္ဆီးကို လူေကာင္းမ်ားျပီး ပြဲမစည္ျဖစ္ေနတဲ့ အဲဗာတန္က သေရခံကန္လိမ့္မယ္လို႔ ေလာ္ရိုက ယူဆေနပါတယ္။

အဲဗာတန္နဲ႔ ခ်ယ္ဆီးပြဲအေပၚ ေလာ္ရိုးက – ” မားကို႔စ္ ေဆးလ္ဗား အတြက္ အေျခအေနေတြက အဆိုးကေန ပို ဆိုးတဲ့ဘက္ကို ေရာက္လာ ခဲ့တာပါ။ ဒါေၾကာင့္လည္း ၾကာသပေတးေန႕မွာ အဲဗာတန္က သူ႔ကို ထုတ္ပယ္လိုက္တာ အံ့အားသင့္စရာေတာ့ မျဖစ္ေတာ့ပါဘူး။ သူ ဘယ္လို ၾကိဳးစားၾကိဳးစား အလုပ္မျဖစ္ခဲ့ဘူး။

ေတာ္ဖီ (အဲဗာတန္)တို႔ အတြက္ ယာယီနည္းျပ အျဖစ္ ဒန္ကန္ ဖာဂူဆန္က ဒီပြဲအတြက္ တာန္ယူမယ္လို႔ သိရပါတယ္။ ဒီပြဲမွာ ကစားသမားေတြဆီက တုန္႔ျပန္မႈ တစ္္ခု ျမင္ရမယ္ ထင္ပါတယ္။ နည္းျပ ပိုင္း တစ္ေယာက္ေယာက္ကို ေျပာင္းလဲ လိုက္တာက ေဆးလ္ဗား ေနရာ အစားထိုးဖို႔ အတည္ မဟုတ္ေသးဘူး ဆိုရင္ေတာင္ေလ။

ခ်ယ္ဆီးကေတာ့ အက္စတြန္ဗီလာနဲ႕ ပြဲမွာ အနုိင္သံုးမွတ္ယူျပီး ေကာင္းစြာလည္း လုပ္ျပနိုင္ခဲ့ပါတယ္။ သူတို႔ ေကာင္းတဲ့ဘက္ကို ျပန္ ေျပာငး္လဲ နုိင္ခဲ့ျပီ။ ဒါေပမယ့္ ဒီပြဲကေန အဲဗာတန္ အမွတ္ေတာ့ ယူသြားလိမ့္မယ္လုိ႔ က်ေနာ္ ထင္ေနပါတယ္။ ” လို႔ သံုးသပ္သြားပါတယ္။

ေလာ္ရိုးရဲ႕ ခန္႕မွန္းရလဒ္ကေတာ့ အဲဗာတန္ ၁-၁ ခ်ယ္ဆီး ျဖစ္ပါတယ္။