ဒီတပတ် ပရီးမီးယားလိဂ် ပွဲစဉ် ၁၆ မှာတော့ လီဗာပူးအသင်းဟာ ဘုန်းမောက်ကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ပွဲချိန်ကတော့ စနေနေ့ည မြန်မာစံတော်ချိန် ည ၉း၃၀ နာရီဖြစ်တယ်။

ဒီပွဲပြီးရင် လီဗာပူးဟာ ချန်ပီယံလိဂ် ရံှူးထွက်အဆင့်ကို တက်ရောက်နိုင်ဖို့ ဆဲလ်ဘတ်နဲ့ ယှဉ်ပြိုင်ရဖို့ ရှိနေပါသေးတယ်။ အဲဗာတန်နဲ့ပွဲမှာ ဖာမင်နိုနဲ့ ဆာလက်ကို အနားပေးခဲ့သလို ဒီပွဲမှာလည်း အဓိက ကစားသမား အနည်းငယ်ကို အနားပေးနိုင်တာတော့ သတိပြုရမှာဖြစ်တယ်။ ဘုန်းမောက်နဲ့ ပွဲစဉ်အတွက် ဘီဘီစီမှ နာမည်ကျော် သုံးသပ်သူ လော်ရိုးရဲ့ သုံးသပ်မှုတွေကို ဖော်ပြပေးပါမယ်။

” အဲဗာတန်နဲ့ ပွဲကို တချက်ကြည့်လိုက်ရင် လောလောဆယ် လီဗာပူး ဘာလုပ်လုပ် သူတို့အတွက် အလုပ်ဖြစ်နေတယ်လို့ ဆိုရမှာပါ။ မာဆေးဆိုဒ် ဒါဘီပွဲတုန်းက ကျနော် အန်းဖီးမှာ ရှိခဲ့တယ်။ ယာဂင်ကလော့ပ်ရဲ့ အပြောင်းအလဲ များများ လုပ်ထားတဲ့ လူစာရင်းကို မြင်လိုက်တော့ ဟာ ဒီလူတောင် အလောင်းအစား လုပ်လိုက်ပြီပေါ့။

ဒါပေမယ့် တကယ်တမ်းကျ အကျိုးရှိ အလုပ်ဖြစ်ခဲ့တယ်။ သူက ထရိန်နင်မှာ အလွန် အလုပ်လုပ် အားထုတ်ပြထားတဲ့ ကစားသမားတွေကို ထည့် သုံးခဲ့တာ ကျနေ်ာ နားလည်ပါတယ်။ ကလော့ပ်က လန်းဆန်းတဲ့ ခြေထောက်တွေ (ကစားသမားတွေ) စမ်း သုံးလိုက်မယ်ကွာ လို့ တွေးခဲ့ရုံပါ။ ဒါပေမယ့် သူ ဖြစ်နေလို့ အကောင်းဆုံး အနေအထား ထွက်လာခဲ့တယ်။

ဘုန်းမောက်ကတော့ လောလောဆယ် ရုန်းကန်နေရတယ်။ သူတို့ လိဂ်ပွဲ လေးပွဲ ဆက် ရှုံးထားပြီး နောက်ဆုံးတစ်ပွဲက ဆယ်ယောက်နဲ့ ကစားသွားတဲ့ ပဲလေ့စ်ကိုပါ။ ဒီတစ်ပွဲမှာလည်း ဘုန်းမောက်တို့ ပျော်စရာ ရှာတွေ့မယ် မထင်ပါဘူး။ ” လို့ လော်ရိုးက သုံးသပ်ထားပါတယ်။

လော်ရိုး ခန့်မှန်းရလဒ်ကတော့ ဘုန်းမောက် ၀ – ၂ လီဗာပူး ဖြစ်ပါတယ်။

ZAWGYI

ဒီတပတ္ ပရီးမီးယားလိဂ္ ပြဲစဥ္ ၁၆ မွာေတာ့ လီဗာပူးအသင္းဟာ ဘုန္းေမာက္ကို အေ၀းကြင္းမွာ သြားေရာက္ ရင္ဆုိင္ရမွာ ျဖစ္ပါတယ္။ ပြဲခ်ိန္ကေတာ့ စေနေန႔ည ျမန္မာစံေတာ္ခ်ိန္ ည ၉း၃၀ နာရီျဖစ္တယ္။

ဒီပြဲျပီးရင္ လီဗာပူးဟာ ခ်န္ပီယံလိဂ္ ရံွဴးထြက္အဆင့္ကို တက္ေရာက္ႏုိင္ဖို႔ ဆဲလ္ဘတ္နဲ႔ ယွဥ္ျပိဳင္ရဖို႔ ရွိေနပါေသးတယ္။ အဲဗာတန္နဲ႔ပြဲမွာ ဖာမင္ႏိုနဲ႔ ဆာလက္ကို အနားေပးခဲ့သလို ဒီပြဲမွာလည္း အဓိက ကစားသမား အနည္းငယ္ကို အနားေပးႏုိင္တာေတာ့ သတိျပဳရမွာျဖစ္တယ္။ ဘုန္းေမာက္နဲ႔ ပြဲစဥ္အတြက္ ဘီဘီစီမွ နာမည္ေက်ာ္ သံုးသပ္သူ ေလာ္ရိုးရဲ႕ သံုးသပ္မႈေတြကို ေဖာ္ျပေပးပါမယ္။

” အဲဗာတန္နဲ႕ ပြဲကို တခ်က္ၾကည့္လိုက္ရင္ ေလာေလာဆယ္ လီဗာပူး ဘာလုပ္လုပ္ သူတို႔အတြက္ အလုပ္ျဖစ္ေနတယ္လို႔ ဆိုရမွာပါ။ မာေဆးဆိုဒ္ ဒါဘီပြဲတုန္းက က်ေနာ္ အန္းဖီးမွာ ရွိခဲ့တယ္။ ယာဂင္ကေလာ့ပ္ရဲ႕ အေျပာင္းအလဲ မ်ားမ်ား လုပ္ထားတဲ့ လူစာရင္းကို ျမင္လိုက္ေတာ့ ဟာ ဒီလူေတာင္ အေလာင္းအစား လုပ္လိုက္ျပီေပါ့။

ဒါေပမယ့္ တကယ္တမ္းက် အက်ိဳးရွိ အလုပ္ျဖစ္ခဲ့တယ္။ သူက ထရိန္နင္မွာ အလြန္ အလုပ္လုပ္ အားထုတ္ျပထားတဲ့ ကစားသမားေတြကို ထည့္ သံုးခဲ့တာ က်ေန္ာ နားလည္ပါတယ္။ ကေလာ့ပ္က လန္းဆန္းတဲ့ ေျခေထာက္ေတြ (ကစားသမားေတြ) စမ္း သံုးလိုက္မယ္ကြာ လို႔ ေတြးခဲ့ရံုပါ။ ဒါေပမယ့္ သူ ျဖစ္ေနလို႔ အေကာင္းဆံုး အေနအထား ထြက္လာခဲ့တယ္။

ဘုန္းေမာက္ကေတာ ့ ေလာေလာဆယ္ ရုန္းကန္ေနရတယ္။ သူတုိ႔ လိဂ္ပြဲ ေလးပြဲ ဆက္ ရွံဳးထားျပီး ေနာက္ဆံုးတစ္ပြဲက ဆယ္ေယာက္နဲ႕ ကစားသြားတဲ့ ပဲေလ့စ္ကိုပါ။ ဒီတစ္ပြဲမွာလည္း ဘုန္းေမာက္တို႔ ေပ်ာ္စရာ ရွာေတြ႔မယ္ မထင္ပါဘူး။ ” လို႔ ေလာ္ရိုးက သံုးသပ္ထားပါတယ္။

ေလာ္ရိုး ခန္႔မွန္းရလဒ္ကေတာ့ ဘုန္းေမာက္ ၀ – ၂ လီဗာပူး ျဖစ္ပါတယ္။