ကြာသပတေးနေ့က မာဆေးဆိုဒ် ဒါဘီ နိုင်ပွဲ အပြီးမှာ လီဗာပူးနည်းပြ ယာဂင်ကလော့ပ်က ပွဲကစားချိန် နည်းပါးခဲ့ပြီး အဲဗာတန်နဲ့ ပွဲမှ ပွဲထွက်ခွင့် ပြန်ရခဲ့တဲ့ တောင်ပံတိုက်စစ်သမား ရှာကွီရီကို တောင်းပန်စကား ဆိုခဲ့ပါတယ်။

ထိုပွဲစဉ်မှာ ကလော့ပ်က မိုဟာမက် ဆာလက်ကို အနားပေးထားခဲ့ကာ ရှာကွီရီကို ပါဝင်ကစားစေခဲ့တာ ဖြစ်ပါတယ်။ ရှာကွီရီကလည်း အကောင်းဆုံး စွမ်းဆောင်ပြခဲ့ကာ လီဗာပူးရဲ့ ဒုတိယဂိုးကို သွင်းယူပေးခဲ့ပါတယ်။ ထိုပွဲအပြီးမှာ ကလော့ပ်က ရှာကွီရီ ကစားခွင့် နည်းခဲ့တာ အတွက် တောင်းပန်ခဲ့တာပါ။

ကလော့ပ်က ” ၇ လ ကြာသွားတယ်? တကယ်လား။ သူက ဒဏ်ရာ ရနေတဲ့ အကြိမ် နည်းနည်း ရှိခဲ့တယ်။ သူလည်း ဒီနေ့ပွဲမှာ အိုရီဂီလိုမျိုး နှစ်ဂိုးလောက် သွင်းနိုင်တဲ့ အနေအထား ရှိခဲ့တယ်။ အိုဂီရီကို ပြောခဲ့သလိုပဲ ကျနော် ပြောရမှာပါ။ ဆောရီးပါ။ ကျနော် တောင်းပန်ပါတယ်။ ”

” သူက လန်းဆန်း တက်ကြွနေတဲ့ ပုံတွေ့ရတယ်။ သန်မာတယ်။ ကြံ့ခိုင်တယ်။ ဒါက ဒဏ်ရာ ရပြီးတဲ့ ကစားသမားတွေ အတွက် လေ့ကျင့်ပြီး အခုလို ကောင်းမွန်နေဖို့ ရေးကြီးတယ်။ သူက ဒီရာသီမှာတင် ခြေသလုံး ဒဏ်ရာ နှစ်ကြိမ် ရခဲ့တယ်။ အပြောင်းအလဲတွေ အများကြီး ဖြစ်ခဲ့တာတော့ မဟုတ်ဘူး။ သူ လေ့ကျင့်ရေးမှာ ပြန်ပါလာတာ နှစ်ပတ် သုံးပတ်လောက်တော့ ရှိပါပြီ။ အခုတော့ လုံး၀ ပုံမှန် ပြန်ဖြစ်ပြီပေါ့။ ” လို့ ဆိုခဲ့ပါတယ်။

ရှာကွီရီ ပြန်ကစားနိုင်ပေမယ့် လီဗာပူးလူစာရင်းကလည်း ပြိုင်ပွဲကြီး လေးရပ်မှာ ပါဝင်ဖို့ရာ အလှည့်ကျစနစ်တွေ အနားပေးစနစ်တွေနဲ့ အသုံးပြုရဖို့ လိုအပ်နေတာပါ။ ကစားသမားပေါင်း ၂၀ ကျော်အပြင် လူငယ်တွေလည်းရှိနေတဲ့ အနေအထားမှာ နေရာပေးမှုဆိုတာ ချက်ခြင်းလုပ်လို့မရဘူးဆိုတာ ရှာကွီရီ နားလည်မယ်လို့လည်း ကလော့ပ်က ယုံကြည်နေပါတယ်။

” သူကလည်း အခြေအနေကို နားလည်တယ်။ ပွဲတွေ အများကြီးနိုင်ဖို့ လူစာရင်းကို ဘယ်လို ကိုင်တွယ်ရတာလဲဆိုတာ သူ သဘောပေါက်ပါတယ်။ အပြောင်းအလဲ အခု ၂၀ လောက် တပြိုင်နက် လုပ်လို့ မရပါဘူး။” လို့ ကလော့ပ်က ဆိုခဲ့ပါတယ်။

အဲဗာတန်နဲ့ ပွဲမှာ ကလော့ပ်က ပွဲထွက် ကစားခွင့် မရတာ ကြာပြီ ဖြစ်တဲ့ ရှာကွီရီနဲ့ အိုရီဂီတို့ကို ကစားခွင့် ပေးခဲ့တာ ဖြစ်ပြီး ၎င်းတို့ နှစ်ဦးလုံးကလည်း ခြေစွမ်းပြ ဂိုးသွင်းယူခဲ့ပါတယ်။

Zawgyi

ၾကာသပေတးေန႔က မာေဆးဆိုဒ္ ဒါဘီ နုိင္ပြဲ အျပီးမွာ လီဗာပူးနည္းျပ ယာဂင္ကေလာ့ပ္က ပြဲကစားခ်ိန္ နည္းပါးခဲ့ျပီး အဲဗာတန္နဲ႕ ပြဲမွ ပြဲထြက္ခြင့္ ျပန္ရခဲ့တဲ့ ေတာင္ပံတိုက္စစ္သမား ရွာကြီရီကို ေတာင္းပန္စကား ဆိုခဲ့ပါတယ္။

ထိုပြဲစဥ္မွာ ကေလာ့ပ္က မိုဟာမက္ ဆာလက္ကို အနားေပးထားခဲ့ကာ ရွာကြီရီကို ပါ၀င္ကစားေစခဲ့တာ ျဖစ္ပါတယ္။ ရွာကြီရီကလည္း အေကာင္းဆံုး စြမ္းေဆာင္ျပခဲ့ကာ လီဗာပူးရဲ႕ ဒုတိယဂိုးကို သြငး္ယူေပးခဲ့ပါတယ္။ ထိုပြဲအျပီးမွာ ကေလာ့ပ္က ရွာကြီရီ ကစားခြင့္ နည္းခဲ့တာ အတြက္ ေတာင္းပန္ခဲ့တာပါ။

ကေလာ့ပ္က ” ၇ လ ၾကာသြားတယ္? တကယ္လား။ သူက ဒဏ္ရာ ရေနတဲ့ အၾကိမ္ နည္းနည္း ရွိခဲ့တယ္။ သူလည္း ဒီေန႔ပြဲမွာ အိုရီဂီလုိမ်ိဳး နွစ္ဂိုးေလာက္ သြင္းနိုင္တဲ့ အေနအထား ရွိခဲ့တယ္။ အိုဂီရီကို ေျပာခဲ့သလိုပဲ က်ေနာ္ ေျပာရမွာပါ။ ေဆာရီးပါ။ က်ေနာ္ ေတာင္းပန္ပါတယ္။ ”

” သူက လန္းဆန္း တက္ၾကြေနတဲ့ ပံုေတြ႔ရတယ္။ သန္မာတယ္။ ၾကံ႕ခိုင္တယ္။ ဒါက ဒဏ္ရာ ရျပီးတဲ့ ကစားသမားေတြ အတြက္ ေလ့က်င့္ျပီး အခုလို ေကာင္းမြန္ေနဖို႔ ေရးၾကီးတယ္။ သူက ဒီရာသီမွာတင္ ေျခသလံုး ဒဏ္ရာ နွစ္ၾကိမ္ ရခဲ့တယ္။ အေျပာင္းအလဲေတြ အမ်ားၾကီး ျဖစ္ခဲ့တာေတာ့ မဟုတ္ဘူး။ သူ ေလ့က်င့္ေရးမွာ ျပန္ပါလာတာ နွစ္ပတ္ သံုးပတ္ေလာက္ေတာ့ ရွိပါျပီ။ အခုေတာ့ လံုး၀ ပံုမွန္ ျပန္ျဖစ္ျပီေပါ့။ ” လို႔ ဆိုခဲ့ပါတယ္။

ရွာကီြရီ ျပန္ကစားႏုိင္ေပမယ့္ လီဗာပူးလူစာရင္းကလည္း ျပိဳင္ပြဲၾကီး ေလးရပ္မွာ ပါဝင္ဖို႔ရာ အလွည့္က်စနစ္ေတြ အနားေပးစနစ္ေတြနဲ႔ အသံုးျပဳရဖို႔ လိုအပ္ေနတာပါ။ ကစားသမားေပါင္း ၂၀ ေက်ာ္အျပင္ လူငယ္ေတြလည္းရွိေနတဲ့ အေနအထားမွာ ေနရာေပးမႈဆိုတာ ခ်က္ျခင္းလုပ္လို႔မရဘူးဆိုတာ ရွာကီြရီ နားလည္မယ္လုိ႔လည္း ကေလာ့ပ္က ယံုၾကည္ေနပါတယ္။

” သူကလည္း အေျခအေနကို နားလည္တယ္။ ပြဲေတြ အမ်ားၾကီးနုိင္ဖို႔ လူစာရင္းကို ဘယ္လို ကိုင္တြယ္ရတာလဲဆိုတာ သူ သေဘာေပါက္ပါတယ္။ အေျပာင္းအလဲ အခု ၂၀ ေလာက္ တျပိဳင္နက္ လုပ္လို႔ မရပါဘူး။” လို႕ ကေလာ့ပ္က ဆိုခဲ့ပါတယ္။

အဲဗာတန္နဲ႕ ပြဲမွာ ကေလာ့ပ္က ပြဲထြက္ ကစားခြင့္ မရတာ ၾကာျပီ ျဖစ္တဲ့ ရွာကြီရီနဲ႕ အိုရီဂီတို႔ကို ကစားခြင့္ ေပးခဲ့တာ ျဖစ္ျပီး ၄င္းတို႔ နွစ္ဦးလံုးကလည္း ေျခစြမ္းျပ ဂိုးသြင္းယူခဲ့ပါတယ္။