ပရီးမီးယားလိဂ် ပွဲစဉ် ၁၆ မှာတော့ မန်ချက်စတာဒါဘီအဖြစ် ယူနိုက်တက်ဟာ အီသီဟတ်ကွင်းမှာ သွားရောက် ကစားရမှာဖြစ်ပြီး ရလဒ်ကောင်းတစ်ခုကို ရယူနိုင်ဖို့ ကြိုးစားရမှာဖြစ်ပါတယ်။

ယူနိုက်တက်ဟာ နောက်ဆုံး ယှဉ်ပြိုင်ထားတဲ့ စပါးနဲ့ပွဲကို ခြေစွမ်း အသာစီယူပြီး အနိုင်ယူခဲ့ကာ ဒီပွဲမှာပါ ရလဒ်ကောင်းမယ်ဆိုရင် ထိပ်ဆုံးအဆင့်တွေထက် မျှော်လင့်ချက် ပိုခိုင်မာသွားမှာပါ။ လော်ရိုးကတော့ ယူနိုက်တက်ဟာ ထိပ်တန်းအသင်းတွေနဲ့ဆို ရလဒ်ကောင်းပေမယ့် အဝေးကွင်းမှာ နိုင်ပွဲတစ်ပွဲပဲ ရမှုကို ထောက်ပြပြီး ဒီပွဲကို အနိုင်ရမယ်လို့ မထင်ပါဘူး။

လော်ရိုးက ” ကြားရက်က စပါးကို အနိုင်ရတဲ့ပွဲမှာ ယူနိုက်တက်တို့ ကစားတာ အရမ်းကောင်းခဲ့တယ်ဆိုတာ ကျနော် သိတယ်။ ဒီရာသီ ထိပ်တန်းအသင်းတွေနဲ့ ယှဉ်ပြိုင်ရာမှာ သူတို့ ရလဒ်ကောင်းတွေ ရယူထားနိုင်တယ်ဆိုတာလည်း ကျနော် သိပါတယ်။ ဒါပေမယ့်လို့ ချယ်ဆီးနဲ့ စပါးကို အနိုင်ရခဲ့ပြီး လီဗာပူးကို သရေကျတဲ့ အဲ့သည် ရလဒ်တွေအားလုံးက အိုထရတ်ဖိုဒ့်ကွင်းမှာ ဧည့်ခံကစားစဉ် ခဲ့တာဖြစ်ပါတယ်။

ယူနိုက်တက်ဟာ ဒီရာသီ အဝေးကွင်းပွဲ တစ်ပွဲပဲ အနိုင်ရထားပြီး နော်ဝစ်အသင်းကို ဖြစ်ပါတယ်။ ကြားရက်တုန်းက အဝေးကွင်းအဖြစ် ဘန်လေနဲ့ ယှဉ်ပြိုင်ရာမှာ မန်စီးတီးက အရမ်းကို ကောင်းမွန်ထားတယ်။ မန်စီးတီးအတွက် တိုက်စစ်မှူး ဂျီးဆုက သွင်းဂိုး ၂ ဂိုး သွင်းယူပေးခဲ့တာကလည်း သူတို့အတွက် သတင်းကောင်းပါပဲ ” လို့ သုံးသပ်ခဲ့တာဖြစ်တယ်။

ဒီဇင်ဘာလ ၈ ရက်နေ့မှာ ယှဉ်ပြိုင်ကစားမယ့် မန်ချက်စတာ ဒါဘီမှာတော့ မန်စီးတီးက ယူနိုက်တက်ကို ၂-၀ နဲ့ ဂိုးပြတ် အနိုင်ရမယ်လို့ လော်ရိုးက ခန့်မှန်းသွားခဲ့တာဖြစ်ပါတယ်။

ZAWGYI

ပရီးမီးယားလိဂ္ ပြဲစဥ္ ၁၆ မွာေတာ့ မန္ခ်က္စတာဒါဘီအျဖစ္ ယူႏုိက္တက္ဟာ အီသီဟတ္ကြင္းမွာ သြားေရာက္ ကစားရမွာျဖစ္ျပီး ရလဒ္ေကာင္းတစ္ခုကို ရယူႏုိင္ဖို႔ ၾကိဳးစားရမွာျဖစ္ပါတယ္။

ယူႏုိက္တက္ဟာ ေနာက္ဆံုး ယွဥ္ျပိဳင္ထားတဲ့ စပါးနဲ႔ပြဲကို ေျခစြမ္း အသာစီယူျပီး အႏုိင္ယူခဲ့ကာ ဒီပြဲမွာပါ ရလဒ္ေကာင္းမယ္ဆိုရင္ ထိပ္ဆံုးအဆင့္ေတြထက္ ေမွ်ာ္လင့္ခ်က္ ပိုခိုင္မာသြားမွာပါ။ ေလာ္ရိုးကေတာ့ ယူႏုိက္တက္ဟာ ထိပ္တန္းအသင္းေတြနဲ႔ဆို ရလဒ္ေကာင္းေပမယ့္ အေဝးကြင္းမွာ ႏုိင္ပြဲတစ္ပြဲပဲ ရမႈကို ေထာက္ျပျပီး ဒီပြဲကို အႏုိင္ရမယ္လို႔ မထင္ပါဘူး။

ေလာ္ရိုးက ” ၾကားရက္က စပါးကို အႏုိင္ရတဲ့ပြဲမွာ ယူႏုိက္တက္တို႔ ကစားတာ အရမ္းေကာင္းခဲ့တယ္ဆိုတာ က်ေနာ္ သိတယ္။ ဒီရာသီ ထိပ္တန္းအသင္းေတြနဲ႔ ယွဥ္ျပိဳင္ရာမွာ သူတို႔ ရလဒ္ေကာင္းေတြ ရယူထားႏုိင္တယ္ဆိုတာလည္း က်ေနာ္ သိပါတယ္။ ဒါေပမယ့္လို႔ ခ်ယ္ဆီးနဲ႔ စပါးကို အႏုိင္ရခဲ့ျပီး လီဗာပူးကို သေရက်တဲ့ အဲ့သည္ ရလဒ္ေတြအားလံုးက အိုထရတ္ဖိုဒ့္ကြင္းမွာ ဧည့္ခံကစားစဥ္ ခဲ့တာျဖစ္ပါတယ္။

ယူႏုိက္တက္ဟာ ဒီရာသီ အေဝးကြင္းပြဲ တစ္ပြဲပဲ အႏုိင္ရထားျပီး ေနာ္ဝစ္အသင္းကို ျဖစ္ပါတယ္။ ၾကားရက္တုန္းက အေဝးကြင္းအျဖစ္ ဘန္ေလနဲ႔ ယွဥ္ျပိဳင္ရာမွာ မန္စီးတီးက အရမ္းကို ေကာင္းမြန္ထားတယ္။ မန္စီးတီးအတြက္ တိုက္စစ္မွဴး ဂ်ီးဆုက သြင္းဂိုး ၂ ဂိုး သြင္းယူေပးခဲ့တာကလည္း သူတုိ႔အတြက္ သတင္းေကာင္းပါပဲ ” လို႔ သံုးသပ္ခဲ့တာျဖစ္တယ္။

ဒီဇင္ဘာလ ၈ ရက္ေန႔မွာ ယွဥ္ျပိဳင္ကစားမယ့္ မန္ခ်က္စတာ ဒါဘီမွာေတာ့ မန္စီးတီးက ယူႏုိက္တက္ကို ၂-၀ နဲ႔ ဂိုးျပတ္ အႏုိင္ရမယ္လို႔ ေလာ္ရိုးက ခန္႔မွန္းသြားခဲ့တာျဖစ္ပါတယ္။