ချယ်ဆီးတိုက်စစ်သမားဟောင်း ကာတန်ကိုလ်းက မန်နေဂျာလမ်းပတ်ရဲ့ ချယ်ဆီးအသင်းဟာ ဇန်နဝါရီမှာ လူဝယ်ခွင့် မရတာကတောင် ပိုကောင်ဦးမှာပါလို့ သူ့အမြင်ကို ထုတ်ပြောမှု လုပ်သွားခဲ့ကြောင်း လန်ဒန်အခြေစိုက် သတင်းဌာနက ဖော်ပြသွားပါတယ်။

ချယ်ဆီးဟာ အားကစားခုံရုံးကို အယူခံဝင်မှု လုပ်ထားပြီး နှစ်သစ်မကူခင်မှာ အဖြေသိရမှာဖြစ်တယ်။ နွေတုန်းက ချယ်ဆီးကို လမ်းပတ် ရောက်လာစဉ်က အပြောင်းအရွှေ့ ပိတ်ခံထားရတာဖြစ်ပြီး လမ်းပတ်ဟာ လူသစ်ခေါ်ယူမှု မလုပ်ပါပဲ လူစာရင်းတစ်ခုကို တည်ဆောက်ကာ ရာသီသစ်ကို စတင်လာခဲ့တာဖြစ်ပါတယ်။

အယူခံဝင်မှု အောင်မြင်လို့ ကစားသမားသစ် ခေါ်ယူခွင့်ရမယ်ဆိုရင်လည်း ခေါ်ယူခြင်း မလုပ်ပဲ ရှိတဲ့ လူစာရင်းကိုပဲ ခိုင်မာအောင် တည်ဆောက်ဖို့ လမ်းပတ်ကို အချိန်ပေးသင့်တယ်လို့ ချာတန်ကိုလ်းက မြင်ပါတယ်။ သူကတော့ ဇန်နဝါရီက လူဝယ်ရ ခက်ခဲတဲ့ ရာသီဖြစ်ပြီး လူသစ်ကို အသုံးစရိတ်ကြီးတွေနဲ့ ခေါ်ယူခြင်းက ချယ်ဆီနဲ့ လမ်းပတ်ကို ပိုမို ဖိအားများစေမယ်လို့ မြင်ထားသူဖြစ်ပါတယ်။

ကာတန်ကိုလ်းက “ အပြောင်းအရွှေ့ ပိတ်ခံထားရတာ ပြန်ပွင့်ရင် အခြားအသင်းတွေနဲ့ မမျှတစွာ ယှဉ်ပြိုင်နေရတဲ့ ပြိုင်ဆိုင်မှု ပြန်အဆင်ပြေမယ်လို့ ကျနော် မထင်ပါဘူး။ သူတို့ကို အကဲဖြတ်ဖို့အတွက် လုံလောက်တဲ့အချိန် ပေးသင့်ပါတယ်။ သူတို့ လူဝယ်သည်ဖြစ်စေ၊ လူမဝယ်ဘူးဖြစ်စေ လမ်းပတ်နဲ့ ချယ်ဆီးအတွက် အများကြီး ခြားနားမယ်တော့ ကျနေ်ာ မထင်ပါဘူး။

ဇန်နဝါရီ အပြောင်းအရွှေ့မှာ လမ်းပတ်အတွက် လူဝယ်ခွင့်မရတာက ပိုကောင်းမှာပါ။ အကယ်လို့ သူ့ကို ကာလတိုတွေနဲ့ အကဲဖြတ်မယ်ဆိုရင် လမ်းပတ်ကလည်း လူမဝယ်ဖို့ပဲ ဆန္ဒရှိမှာပါ။ ပရီးမီးယားလိဂ်မှာက ဇန်နဝါရီဈေးကွက်မှာ လူဝယ်ဖို့နဲ့ အသင်းလူစာရင်းကို သက်ရောက်မှုကြီးစေဖို့ဆိုတာ အရမ်းခက်ပါတယ်။ အသုံးစရိတ်ကြီးတွေ ထုတ်သုံးရင်တောင် အသုံးဝင်ဖို့ခက်ပြီး လူဝယ်ဖို့ကိုလည်း ချယ်ဆီးက ဦးစားပေးလို့ သက်မှတ်ထားမယ် မထင်ပါဘူး။

တူညီတဲ့ စာမျက်နှာမှာ အသင်းတစ်သင်းလုံး ဆက်ရှိနေဖို့ လိုပါတယ်။ ဒီအပတ်တွေမှာ တိုးတက်လာတယ်ဆိုပေမယ့် ခံစစ်ကတော့ လိုအပပ်ချက်တွေ ရှိနေဆဲပါပဲ။ ခံစစ်ဟာ ချယ်ဆီးအတွက် ပြဿနာကြီးဖြစ်ပြီး အချိန်ပေးပြီး ဖြေရှင်းဖို့ လိုပါတယ်။ ဒါပေမယ့် နွေဈေးကွက်မတိုင်ခင် လူခေါ်ဖို့တွေကို စောင့်စေလိုပါတယ် ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။

ZAWGYI

ခ်ယ္ဆီးတိုက္စစ္သမားေဟာင္း ကာတန္ကိုလ္းက မန္ေနဂ်ာလမ္းပတ္ရဲ႕ ခ်ယ္ဆီးအသင္းဟာ ဇန္နဝါရီမွာ လူဝယ္ခြင့္ မရတာကေတာင္ ပိုေကာင္ဦးမွာပါလို႔ သူ႔အျမင္ကို ထုတ္ေျပာမႈ လုပ္သြားခဲ့ေၾကာင္း လန္ဒန္အေျခစိုက္ သတင္းဌာနက ေဖာ္ျပသြားပါတယ္။

ခ်ယ္ဆီးဟာ အားကစားခံုရံုးကို အယူခံဝင္မႈ လုပ္ထားျပီး ႏွစ္သစ္မကူခင္မွာ အေျဖသိရမွာျဖစ္တယ္။ ေႏြတုန္းက ခ်ယ္ဆီးကို လမ္းပတ္ ေရာက္လာစဥ္က အေျပာင္းအေရႊ႔ ပိတ္ခံထားရတာျဖစ္ျပီး လမ္းပတ္ဟာ လူသစ္ေခၚယူမႈ မလုပ္ပါပဲ လူစာရင္းတစ္ခုကို တည္ေဆာက္ကာ ရာသီသစ္ကို စတင္လာခဲ့တာျဖစ္ပါတယ္။

အယူခံဝင္မႈ ေအာင္ျမင္လို႔ ကစားသမားသစ္ ေခၚယူခြင့္ရမယ္ဆိုရင္လည္း ေခၚယူျခင္း မလုပ္ပဲ ရွိတဲ့ လူစာရင္းကိုပဲ ခိုင္မာေအာင္ တည္ေဆာက္ဖို႔ လမ္းပတ္ကို အခ်ိန္ေပးသင့္တယ္လို႔ ခ်ာတန္ကိုလ္းက ျမင္ပါတယ္။ သူကေတာ့ ဇန္နဝါရီက လူဝယ္ရ ခက္ခဲတဲ့ ရာသီျဖစ္ျပီး လူသစ္ကို အသံုးစရိတ္ၾကီးေတြနဲ႔ ေခၚယူျခင္းက ခ်ယ္ဆီနဲ႔ လမ္းပတ္ကို ပိုမို ဖိအားမ်ားေစမယ္လို႔ ျမင္ထားသူျဖစ္ပါတယ္။

ကာတန္ကိုလ္းက “ အေျပာင္းအေရႊ႔ ပိတ္ခံထားရတာ ျပန္ပြင့္ရင္ အျခားအသင္းေတြနဲ႔ မမွ်တစြာ ယွဥ္ျပိဳင္ေနရတဲ့ ျပိဳင္ဆိုင္မႈ ျပန္အဆင္ေျပမယ္လုိ႔ က်ေနာ္ မထင္ပါဘူး။ သူတို႔ကို အကဲျဖတ္ဖို႔အတြက္ လံုေလာက္တဲ့အခ်ိန္ ေပးသင့္ပါတယ္။ သူတုိ႔ လူဝယ္သည္ျဖစ္ေစ၊ လူမဝယ္ဘူးျဖစ္ေစ လမ္းပတ္နဲ႔ ခ်ယ္ဆီးအတြက္ အမ်ားၾကီး ျခားနားမယ္ေတာ့ က်ေန္ာ မထင္ပါဘူး။

ဇန္နဝါရီ အေျပာင္းအေရႊ႔မွာ လမ္းပတ္အတြက္ လူဝယ္ခြင့္မရတာက ပိုေကာင္းမွာပါ။ အကယ္လို႔ သူ႔ကို ကာလတိုေတြနဲ႔ အကဲျဖတ္မယ္ဆိုရင္ လမ္းပတ္ကလည္း လူမဝယ္ဖို႔ပဲ ဆႏၵရွိမွာပါ။ ပရီးမီးယားလိဂ္မွာက ဇန္နဝါရီေစ်းကြက္မွာ လူဝယ္ဖို႔နဲ႔ အသင္းလူစာရင္းကို သက္ေရာက္မႈၾကီးေစဖို႔ဆိုတာ အရမ္းခက္ပါတယ္။ အသံုးစရိတ္ၾကီးေတြ ထုတ္သံုးရင္ေတာင္ အသံုးဝင္ဖုိ႔ခက္ျပီး လူဝယ္ဖို႔ကိုလည္း ခ်ယ္ဆီးက ဦးစားေပးလို႔ သက္မွတ္ထားမယ္ မထင္ပါဘူး။

တူညီတဲ့ စာမ်က္ႏွာမွာ အသင္းတစ္သင္းလံုး ဆက္ရွိေနဖို႔ လိုပါတယ္။ ဒီအပတ္ေတြမွာ တိုးတက္လာတယ္ဆိုေပမယ့္ ခံစစ္ကေတာ့ လိုအပပ္ခ်က္ေတြ ရွိေနဆဲပါပဲ။ ခံစစ္ဟာ ခ်ယ္ဆီးအတြက္ ျပႆနာၾကီးျဖစ္ျပီး အခ်ိန္ေပးျပီး ေျဖရွင္းဖို႔ လိုပါတယ္။ ဒါေပမယ့္ ေႏြေစ်းကြက္မတိုင္ခင္ လူေခၚဖို႔ေတြကို ေစာင့္ေစလိုပါတယ္ ” လို႔ ဆိုခဲ့တာျဖစ္ပါတယ္။