အဲဗာတန်ကို အနိုင်ရတဲ့ပွဲဟာ မန်နေဂျာကလော့ပ်အတွက် လီဗာပူးမန်နေဂျာ ဘဝ ပရီးမီးယားလိဂ် နိုင်ပွဲ ၁၀၀ ပြည့်ခဲ့ပြီဖြစ်ပြီး ဒါဟာ ကလပ်အတွက်လည်း စံချိန်သစ် တင်ခဲ့ပါတယ်။ မန်နေဂျာဘဝ ၁၆၇ ပွဲမှာ နိုင်ပွဲ ၁၀၀ ရထားခဲ့တဲ့ ကင်းကင်နီရဲ့ မှတ်တမ်းကိုကျော်ပြီး ပရီးမီးယားလိဂ် ၁၅၉ပွဲနဲ့ စံချိန်သစ် ရခဲ့တာပါ။

ဒါ့အပြင် ပရီးမီးယားလိဂ်မှာ ၃၂ ပွဲဆက် မရှုံးခဲ့တာဖြစ်ပြီး လီဗာပူးသမိုင်းတစ်လျှောက် အမြင့်ဆုံးသော အမှတ်ပေးပွဲ နိုင်ပွဲဆက်မှု ဖြစ်ပါတယ်။ ပရီးမီးယားလိဂ်မှာတော့ မန်နေဂျာကလော့ပ်ဟာ မော်ရင်ညိုနဲ့ ဆာအဲလက်စ်တို့နဲ့ ပွဲ ၁၀၀ ပြည့် နိုင်ပွဲကို အချိန်အတိုဆုံး ရရှိတဲ့ မန်နေဂျာလည်းဖြစ်သွားခဲ့တာဖြစ်တယ်။

နွေမှာ လူသစ်မခေါ်ခဲ့ပဲ လက်ရှိ လူစာရင်းကို ကျေနပ်ပါတယ်လို့ ဆိုထားခဲ့တဲ့ ယာဂင်ကလေ့ာပ်က ” ရာသီစကတည်းက ကျနော်ခဏခဏ ပြောခဲ့ပါတယ်။ လက်ရှိ အသင်း လူစာရင်းကို ဘယ်လောက်ထိ နှစ်သက်တယ်ဆိုတာကိုပေါ့။ အခု ဒီလူစာရင်းကို အသုံးပြုရပါမယ်” လို့ ပြောခဲ့ပါတယ်။

အဲဗာတန်ပွဲမှာ ကလော့ပ်ဟာ အပြောင်းအလဲ ငါးခုထိ လုပ်ခဲ့ပြီး လီဗာပူးပရိသတ်တွေကို အံ့အားသင့်စေခဲ့တာပါ။ အယ်လီဆန်နေရာမှာ အေဒရီရန်။ ဟန်ဒါဆန်၊ ဖာမီနို၊ ဆာလက်၊ ချိန်ဘာလိန်အတွက် မီနာ၊ လယ်လာနာ၊ ရှာကွီရီနဲ့ အိုရီဂီတို့ ထည့်သွင်းလာပါတယ်။

” ဒါက အဲဗာတန်ပွဲအတွက် လူစာရင်းပါ၊ ဘာကြောင့်လဲဆိုတော့ ဒီဒါဘီပွဲဟာ တကယ်ပြင်းထန်မယ်လို့ ထင်တယ်။ ဒါအတွက် လန်းဆန်းတဲ့ ခြေထောက်တွေ ပိုင်ဆိုင်ထားမယ့် ကစားသမားအသစ်တွေ လိုတယ်။ ဒါကြောင့် သူတို့ကို ပွဲနေ့လူစာရင်းမှာ ထုတ်သုံးဖို့ ကြိုးစားခဲ့တာပါ” လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ချန်ပီယံလိဂ် အုပ်စုအဆင့် အဆုံးအဖြတ်ပွဲ၊ ပရီးမီးယားလိဂ်ဖလား စိန်ခေါ်မှု၊ အက်ဖ်အေ၊ ကာရာဘောင်းနဲ့ ဖီဖာကလပ်ကမ္ဘာ့ဖလားတို့ ပါဝင်တဲ့ ပွဲကျပ်ကာလ ရှိနေတာကြောင့် ယာဂင်ကလော့ပ်က အသင်းကို အပြောင်းအလဲ ဆက်လုပ်ရမှာ ဖြစ်ပြီး ရာသီစက လူသစ်ခေါ်ဖို့ မလိုဘူးလို့ သူပြောခဲ့တာ မှန်ပါတယ်ဆိုတာကို ဆက်လက် သက်သေပြနေဦးမှာဖြစ်ပါတယ်။

ZAWGYI

အဲဗာတန္ကို အႏုိင္ရတဲ့ပြဲဟာ မန္ေနဂ်ာကေလာ့ပ္အတြက္ လီဗာပူးမန္ေနဂ်ာ ဘဝ ပရီးမီးယားလိဂ္ ႏိုင္ပြဲ ၁၀၀ ျပည့္ခဲ့ၿပီျဖစ္ၿပီး ဒါဟာ ကလပ္အတြက္လည္း စံခ်ိန္သစ္ တင္ခဲ့ပါတယ္။ မန္ေနဂ်ာဘဝ ၁၆၇ ပြဲမွာ ႏုိင္ပြဲ ၁၀၀ ရထားခဲ့တဲ့ ကင္းကင္နီရဲ႕ မွတ္တမ္းကိုေက်ာ္ၿပီး ပရီးမီးယားလိဂ္ ၁၅၉ပြဲနဲ႔ စံခ်ိန္သစ္ ရခဲ့တာပါ။

ဒါ့အျပင္ ပရီးမီးယားလိဂ္မွာ ၃၂ ပြဲဆက္ မရႈံးခဲ့တာျဖစ္ျပီး လီဗာပူးသမုိင္းတစ္ေလွ်ာက္ အျမင့္ဆံုးေသာ အမွတ္ေပးပြဲ ႏုိင္ပြဲဆက္မႈ ျဖစ္ပါတယ္။ ပရီးမီးယားလိဂ္မွာေတာ့ မန္ေနဂ်ာကေလာ့ပ္ဟာ ေမာ္ရင္ညိဳနဲ႔ ဆာအဲလက္စ္တို႔နဲ႔ ပြဲ ၁၀၀ ျပည့္ ႏုိင္ပြဲကို အခ်ိန္အတိုဆံုး ရရွိတဲ့ မန္ေနဂ်ာလည္းျဖစ္သြားခဲ့တာျဖစ္တယ္။

ေႏြမွာ လူသစ္မေခၚခဲ့ပဲ လက္ရွိ လူစာရင္းကို ေက်နပ္ပါတယ္လို႔ ဆိုထားခဲ့တဲ့ ယာဂင္ကေလ့ာပ္က ” ရာသီစကတည္းက က်ေနာ္ခဏခဏ ေျပာခဲ့ပါတယ္။ လက္ရွိ အသင္း လူစာရင္းကို ဘယ္ေလာက္ထိ ႏွစ္သက္တယ္ဆိုတာကိုေပါ့။ အခု ဒီလူစာရင္းကို အသုံးျပဳရပါမယ္” လို႔ ေျပာခဲ့ပါတယ္။

အဲဗာတန္ပြဲမွာ ကေလာ့ပ္ဟာ အေျပာင္းအလဲ ငါးခုထိ လုပ္ခဲ့ျပီး လီဗာပူးပရိသတ္ေတြကို အံ့အားသင့္ေစခဲ့တာပါ။ အယ္လီဆန္ေနရာမွာ ေအဒရီရန္။ ဟန္ဒါဆန္၊ ဖာမီႏို၊ ဆာလက္၊ ခ်ိန္ဘာလိန္အတြက္ မီနာ၊ လယ္လာနာ၊ ရွာကြီရီနဲ႔ အိုရီဂီတို႔ ထည့္သြင္းလာပါတယ္။

” ဒါက အဲဗာတန္ပြဲအတြက္ လူစာရင္းပါ၊ ဘာေၾကာင့္လဲဆိုေတာ့ ဒီဒါဘီပြဲဟာ တကယ္ျပင္းထန္မယ္လို႔ ထင္တယ္။ ဒါအတြက္ လန္းဆန္းတဲ့ ေျခေထာက္ေတြ ပိုင္ဆိုင္ထားမယ့္ ကစားသမားအသစ္ေတြ လိုတယ္။ ဒါေၾကာင့္ သူတို႔ကို ပြဲေန႔လူစာရင္းမွာ ထုတ္သံုးဖို႔ ၾကိဳးစားခဲ့တာပါ” လို႔ ေျပာဆိုခဲ့တာ ျဖစ္ပါတယ္။

ခ်န္ပီယံလိဂ္ အုပ္စုအဆင့္ အဆုံးအျဖတ္ပြဲ၊ ပရီးမီးယားလိဂ္ဖလား စိန္ေခၚမႈ၊ အက္ဖ္ေအ၊ ကာရာေဘာင္းနဲ႔ ဖီဖာကလပ္ကမာၻ႔ဖလားတို႔ ပါဝင္တဲ့ ပြဲက်ပ္ကာလ ရွိေနတာေၾကာင့္ ယာဂင္ကေလာ့ပ္က အသင္းကို အေျပာင္းအလဲ ဆက္လုပ္ရမွာ ျဖစ္ျပီး ရာသီစက လူသစ္ေခၚဖို႔ မလိုဘူးလို႔ သူေျပာခဲ့တာ မွန္ပါတယ္ဆိုတာကို ဆက္လက္ သက္ေသျပေနဦးမွာျဖစ္ပါတယ္။