ချယ်ဆီးအသင်းဟာ ခရစ္စတယ်ပဲလေ့ တိုက်စစ်မှူး ဇာဟာကို ခေါ်ယူဖို့ နောက်နှစ် နွေမှာ အပြောင်းအရွှေ့ ဖြစ်မြောက်ဖို့ ပြောဆို ဆွေးနွေးမှုတွေ ပြုလုပ်ထားကာ ဆက်လက်ပြီး စောင့်ကြည့်နေဆဲ ဖြစ်ပါတယ်။

အင်ဒီပန်းဒန့်သတင်းဌာန အဆိုအရ ကစားသမားရဲ့ အေးဂျင့် ဖရက်ဒါရီကိုဟာ ၎င်းဟာ ချယ်ဆီးဘောလုံး ဒါရိုက်တာ မာရီနာနဲ့ တောင်ပံ တိုက်စစ်သမား အပြောင်းအရွှေ့ အတွက် စကား ပြောဆိုထားပြီး ဖြစ်တယ်လို့ သိရပါတယ်။ ဇာဟာက ပြီးခဲ့တဲ့နွေ အပြောင်းအရွှေ့က မအောင်မြင်မှုများကြောင့် အေးဂျင့်ဟောင်း Unique Sports Management အဖွဲ့ နဲ့ လမ်းခွဲကာ အသင်းပြောင်းရန် ထပ်မံ ပြင်ဆင်လာတာပါ။ ဇာဟာက ချန်ပီယံလိဂ် ပွဲများ ကစားချင်နေသူ ဖြစ်ပါတယ်။

အသက် ၂၇ နှစ် အရွယ် တိုက်စစ်မှူးကို ချယ်ဆီးက ကာလရှည် စောင့်ကြည့် စိတ်ဝင်စားခဲ့တာ ဖြစ်ပြီး ၎င်းရဲ့ လက်ရှိစာချုပ်က ၂၀၂၃ နွေထိ ပဲလေ့စ်နဲ့ ရှိနေဆဲပါ။ ချယ်ဆီးဟာ ဒေါ့မွန်မှ ပူလီဆစ်၊ သက်တမ်းတိုးထားတဲ့ အိုဒွိုင်းတို့ ရှိထားသော်လည်း ဇာဟာကိုလည်း ခေါ်ယူလိုနေပါတယ်။

ပဲလေ့စ်ဟာ ဒီတလော အပြောင်းအရွှေ့တွေမှာ ကစားသမားတွေကို ခက်ခက်ခဲခဲ ထိန်းထားပြီး အသင်း ဥက္ကဌ ဖြစ်သူက ဇာဟာ အတွက် အာဆင်နယ်ထံက ကမ်းလှမ်းမှုကောင်း ရခဲ့သော်လည်း ငြင်းဆန်ခဲ့ပါတယ်။ ဒါကြောင့် အာဆင်နယ်ဟာ ပေါင် ၇၂ သန်း သုံးပြီး နစ်ကိုးလပ်စ် ပီပီကို ဝယ်ယူဖြစ်ခဲ့တာ ဖြစ်ပါတယ်။

ပဲလေ့စ် နည်းပြ ရွိုင်းဟော့ဆန်ကတော့ အပြောင်းအရွှေ့ သတင်းတွေက ၎င်းကို မအံ့သြစေဘဲ စိတ်လည်း မဝင်စားဘူးလို့ ဆိုခဲ့ပါတယ်။ ဇာဟာ ပဲလေ့စ် ကစားသမားအဖြစ် ရှိနေသေးတယ်လို့ ဟော့ဆန်က တုန့်ပြန်ထားပါတယ်။

Zawgyi

ခ်ယ္ဆီးအသင္းဟာ ခရစၥတယ္ပဲေလ့ တိုက္စစ္မွဴး ဇာဟာကို ေခၚယူဖို႔ ေနာက္နွစ္ ေႏြမွာ အေျပာင္းအေရႊ႕ ျဖစ္ေျမာက္ဖို႔ ေျပာဆို ေဆြးေႏြးမႈေတြ ျပဳလုပ္ထားကာ ဆက္လက္ျပီး ေစာင့္ၾကည့္ေနဆဲ ျဖစ္ပါတယ္။

အင္ဒီပန္းဒန္႔သတင္းဌာန အဆိုအရ ကစားသမားရဲ႕ ေအးဂ်င့္ ဖရက္ဒါရီကိုဟာ ၄င္းဟာ ခ်ယ္ဆီးေဘာလံုး ဒါရိုက္တာ မာရီနာနဲ႕ ေတာင္ပံ တိုက္စစ္သမား အေျပာင္းအေရႊ႕ အတြက္ စကား ေျပာဆိုထားျပီး ျဖစ္တယ္လို႔ သိရပါတယ္။ ဇာဟာက ျပီးခဲ့တဲ့ေႏြ အေျပာင္းအေရႊ႕က မေအာင္ျမင္မႈမ်ားေၾကာင့္ ေအးဂ်င့္ေဟာင္း Unique Sports Management အဖြဲ႕ နဲ႕ လမ္းခြဲကာ အသင္းေျပာင္းရန္ ထပ္မံ ျပင္ဆင္လာတာပါ။ ဇာဟာက ခ်န္ပီယံလိဂ္ ပြဲမ်ား ကစားခ်င္ေနသူ ျဖစ္ပါတယ္။

အသက္ ၂၇ နွစ္ အရြယ္ တိုက္စစ္မွဴးကို ခ်ယ္ဆီးက ကာလရွည္ ေစာင့္ၾကည့္ စိတ္၀င္စားခဲ့တာ ျဖစ္ျပီး ၄င္းရဲ႕ လက္ရွိစာခ်ဳပ္က ၂၀၂၃ ေႏြထိ ပဲေလ့စ္နဲ႕ ရွိေနဆဲပါ။ ခ်ယ္ဆီးဟာ ေဒါ့မြန္မွ ပူလီဆစ္၊ သက္တမ္းတိုးထားတဲ့ အိုဒြိဳင္းတို႔ ရွိထားေသာ္လည္း ဇာဟာကိုလည္း ေခၚယူလိုေနပါတယ္။

ပဲေလ့စ္ဟာ ဒီတေလာ အေျပာင္းအေရႊ႕ေတြမွာ ကစားသမားေတြကို ခက္ခက္ခဲခဲ ထိန္းထားျပီး အသင္း ဥကၠဌ ျဖစ္သူက ဇာဟာ အတြက္ အာဆင္နယ္ထံက ကမ္းလွမ္းမႈေကာင္း ရခဲ့ေသာ္လည္း ျငင္းဆန္ခဲ့ပါတယ္။ ဒါေၾကာင့္ အာဆင္နယ္ဟာ ေပါင္ ၇၂ သန္း သံုးျပီး နစ္ကိုးလပ္စ္ ပီပီကို ၀ယ္ယူျဖစ္ခဲ့တာ ျဖစ္ပါတယ္။

ပဲေလ့စ္ နည္းျပ ရြိဳင္းေဟာ့ဆန္ကေတာ့ အေျပာင္းအေရႊ႕ သတင္းေတြက ၄င္းကို မအံ့ၾသေစဘဲ စိတ္လည္း မ၀င္စားဘူးလို႔ ဆိုခဲ့ပါတယ္။ ဇာဟာ ပဲေလ့စ္ ကစားသမားအျဖစ္ ရွိေနေသးတယ္လို႔ ေဟာ့ဆန္က တုန္႔ျပန္ထားပါတယ္။