ယူနိုက်တက်စီနီယာကြယ်ပွင့်တွေက ကလပ်အသင်းရဲ့ မန်နေဂျာရာထူးအတွက် ဆိုးရှားကိုပဲ ဆက်လက်တာဝန်ပေးထားဖို့ ကလပ်အသင်း ဘုတ်အဖွဲ့ကို တောင်းဆိုထားကြောင်း The Times သတင်းက ဖော်ပြသွားပါတယ်။

ဆိုးရှားဟာ စပါးကို အိမ်ကွင်းမှာ အနိုင်မရခင် မန်နေဂျာရာထူးအတွက် ရုန်းကန်ရမှုတွေ ရှိနေပေမယ့် ကလပ်အသင်း စီနီယာသမားတွေက အသင်းအောင်မြင်မှုတွေရဖို့ ဆိုးရှားက ပြန်လည်တည်ဆောက်မှုတွေ လုပ်နိုင်မယ်လို့ ယုံကြည်ထားတာဖြစ်တယ်။ ၎င်းတို့ကပဲ အသင်းရဲ့ ဘုတ်အဖွဲ့ဆိုင်ရာ ပုဂ္ဂိုလ်တွေအား ဆိုးရှားကိုပဲ ဆက်ထိန်းထားဖို့ တိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။

၂၀၁၈ ဒီဇင်ဘာလမှာ ယူနိုက်တက်ကို ယာယီမန်နေဂျာအဖြစ် ဝင်ရောက်လာတဲ့ ဆိုးရှားဟာ ကလပ်အသင်းကို လမ်းကြောင်းမှန်ပေါ် ပြန်ဆွဲတင်ခဲ့ပေမယ့် အမြဲတမ်း မန်နေဂျာဖြစ်လာတဲ့နောက်ပိုင်းမှာ ရုန်းကန်နေရမှုတွေ ရှိလာခဲ့တာဖြစ်တယ်။ မနှစ်ကရာသီ ချန်ပီယံလိဂ်ဝင်ခွင့် ဆုံးရံှူးခဲ့တဲ့အပြင် ဒီရာသီမှာလည်း အမှတ်ပေးဇယား ထိပ်ဆုံးလေးသင်းထဲ ဝင်ရောက်ဖို့ ရုန်းကန်နေရတာကြောင့် မန်နေဂျာရာထူးဟာ လူပြောများတဲ့ ကိစ္စဖြစ်နေတာပါ။

လက်တလောမှာ ပိုချက်တီနိုနဲ့ အယ်လီဂရီလို မန်နေဂျာတွေကို ခေါ်ယူလို့ရနိုင်တာကြောင့်လည်း ယူနိုက်တက်ဟာ မန်နေဂျာအပြောင်းအလဲတွေ လုပ်ချိန်တန်ပြီလားဆိုတာက မေးခွန်းကောင်းဖြစ်လာခဲ့တယ်။ ဒါပေမယ့်လို့ ယူနိုက်တက် စီနီယာတွေက ရာသီဝက်မှာ မန်နေဂျာအပြောင်းအလဲ ထပ်လုပ်ဖို့ဆိုတာကို ငြင်းဆန်ပြီး ဆိုးရှားကိုပဲ တာဝန်ပေးစေလိုတာဖြစ်တယ်။

ဒီရာသီ ယူနိုက်တက်ဟာ ထိပ်တန်းအသင်းတွေချင်း တွေ့ဆုံရာမှာ ရလဒ်ကောင်းနေပြီး ချယ်ဆီး၊ စပါးတို့ကို အနိုင်ယူထားကာ အာဆင်နယ်၊ လီဗာပူးကို သရေကစားထားတာဖြစ်တယ်။ ထိပ်ဆုံးလေးသင်းထဲ ဝင်ရောက်နေတဲ့ လက်စတာကိုလည်း အနိုင်ယူထားတာဖြစ်တယ်။ ဒီအပတ်မှာတော့ ယူနိုက်တက်ဟာ အဝေးကွင်းမှာ မန်ချက်စတာဒါဘီပွဲ ကစားရမှာဖြစ်ပြီး အနိုင်သုံးမှတ်ရဖို့ အာရုံစိုက်နေမှာ ဖြစ်ပါတယ်။

ZAWGYI

ယူႏိုက္တက္စီနီယာၾကယ္ပြင့္ေတြက ကလပ္အသင္းရဲ႕ မန္ေနဂ်ာရာထူးအတြက္ ဆိုးရွားကိုပဲ ဆက္လက္တာဝန္ေပးထားဖို႔ ကလပ္အသင္း ဘုတ္အဖြဲ႔ကို ေတာင္းဆိုထားေၾကာင္း The Times သတင္းက ေဖာ္ျပသြားပါတယ္။

ဆိုးရွားဟာ စပါးကို အိမ္ကြင္းမွာ အႏုိင္မရခင္ မန္ေနဂ်ာရာထူးအတြက္ ရုန္းကန္ရမႈေတြ ရွိေနေပမယ့္ ကလပ္အသင္း စီနီယာသမားေတြက အသင္းေအာင္ျမင္မႈေတြရဖို႔ ဆိုးရွားက ျပန္လည္တည္ေဆာက္မႈေတြ လုပ္ႏုိင္မယ္လို႔ ယံုၾကည္ထားတာျဖစ္တယ္။ ၄င္းတို႔ကပဲ အသင္းရဲ႕ ဘုတ္အဖြဲ႔ဆိုင္ရာ ပုဂၢိဳလ္ေတြအား ဆိုးရွားကိုပဲ ဆက္ထိန္းထားဖို႔ တိုက္တြန္းခဲ့တယ္လုိ႔ သိရပါတယ္။

၂၀၁၈ ဒီဇင္ဘာလမွာ ယူႏုိက္တက္ကို ယာယီမန္ေနဂ်ာအျဖစ္ ဝင္ေရာက္လာတဲ့ ဆိုးရွားဟာ ကလပ္အသင္းကို လမ္းေၾကာင္းမွန္ေပၚ ျပန္ဆြဲတင္ခဲ့ေပမယ့္ အျမဲတမ္း မန္ေနဂ်ာျဖစ္လာတဲ့ေနာက္ပိုင္းမွာ ရုန္းကန္ေနရမႈေတြ ရွိလာခဲ့တာျဖစ္တယ္။ မႏွစ္ကရာသီ ခ်န္ပီယံလိဂ္ဝင္ခြင့္ ဆံုးရံွဴးခဲ့တဲ့အျပင္ ဒီရာသီမွာလည္း အမွတ္ေပးဇယား ထိပ္ဆံုးေလးသင္းထဲ ဝင္ေရာက္ဖို႔ ရုန္းကန္ေနရတာေၾကာင့္ မန္ေနဂ်ာရာထူးဟာ လူေျပာမ်ားတဲ့ ကိစၥျဖစ္ေနတာပါ။

လက္တေလာမွာ ပိုခ်က္တီႏိုနဲ႔ အယ္လီဂရီလို မန္ေနဂ်ာေတြကို ေခၚယူလို႔ရႏုိင္တာေၾကာင့္လည္း ယူႏုိက္တက္ဟာ မန္ေနဂ်ာအေျပာင္းအလဲေတြ လုပ္ခ်ိန္တန္ျပီလားဆိုတာက ေမးခြန္းေကာင္းျဖစ္လာခဲ့တယ္။ ဒါေပမယ့့္လို႔ ယူႏုိက္တက္ စီနီယာေတြက ရာသီဝက္မွာ မန္ေနဂ်ာအေျပာင္းအလဲ ထပ္လုပ္ဖို႔ဆိုတာကို ျငင္းဆန္ျပီး ဆိုးရွားကိုပဲ တာဝန္ေပးေစလိုတာျဖစ္တယ္။

ဒီရာသီ ယူႏုိက္တက္ဟာ ထိပ္တန္းအသင္းေတြခ်င္း ေတြ႔ဆံုရာမွာ ရလဒ္ေကာင္းေနျပီး ခ်ယ္ဆီး၊ စပါးတို႔ကို အႏုိင္ယူထားကာ အာဆင္နယ္၊ လီဗာပူးကို သေရကစားထားတာျဖစ္တယ္။ ထိပ္ဆံုးေလးသင္းထဲ ဝင္ေရာက္ေနတဲ့ လက္စတာကိုလည္း အႏုိင္ယူထားတာျဖစ္တယ္။ ဒီအပတ္မွာေတာ့ ယူႏုိက္တက္ဟာ အေဝးကြင္းမွာ မန္ခ်က္စတာဒါဘီပြဲ ကစားရမွာျဖစ္ျပီး အႏုိင္သံုးမွတ္ရဖို႔ အာရံုစိုက္ေနမွာ ျဖစ္ပါတယ္။