အာဆင်နယ်နည်းပြ ဖရက်ဒီ ယွန်းဘတ်က သူ့ရဲ့ အသင်းသားတွေဟာ ဘရိုက်တန်နဲ့ ပွဲမှာ ကြောက်ရွံ့နေပုံ ရခဲ့ပြီး ယုံကြည်မှုတွေ ပျောက်ဆုံးနေတာ တွေ့ခဲ့ရတယ်လို့ ရှုံးပွဲအပြီးမှာ ဝန်ခံ ပြောဆိုခဲ့ပါတယ်။ အမ်မရီကို ထုတ်ပယ်လိုက်ပေမယ့် ဂန်းနားတွေရဲ့ စွမ်းဆောင်ရည်က ပြောင်းလဲ မသွားသေးဘဲ ၉ ပွဲဆက် နိုင်ပွဲ ပျောက်ဆုံးနေကာ ၁၉၇၇ မတ်လ နောက်ပိုင်း အဆိုးဆုံး အနေအထား ဖြစ်ပါတယ်။

အာဆင်နယ်ကို ယာယီဝင်ရောက် ကိုင်တွယ်ရတဲ့ ယွန်းဘတ်ရဲ့ ပထမ ပွဲဦးထွက် နောဝစ်နဲ့ ပွဲဟာ အူဘာမီးယန်းရဲ့ ဂိုးတွေကြောင့် သရေ တစ်မှတ် ရခဲ့သော်လည်း ဘရိုက်တန်နဲ့ ပွဲမှာတော့ အိမ်ကွင်းမှာတင် ရှုံးခဲ့တာ ဖြစ်ပါတယ်။

” ဒီပွဲက ခက်ခဲပါတယ်။ ပထမပိုင်းမှာတင် ကျနေ်ာတို့က လိုချင်တဲ့ အနေအထား မကစားနိုင်ခဲ့ဘူး။ ကြိုးကြိုးစားစားလည်း အားထုတ်တာ မမြင်ခဲ့ဘူး။ အခက်ခဲဆုံး အပိုင်းကတော့ အသင်းသားတွေဟာ ကိုယ့်ကိုယ်ကို ယုံကြည်မှု ပျောက်ဆုံးနေတယ်။ သူတို့က ဘောလုံးရဖို့တောင် သိပ်ကြောက်နေကြတယ်။ ရွေ့လျားရမှာလည်း ကြောက်ပြီး ရပ်နေတော့တာပဲ။ ” လို့ ယွန်းဘတ်က ညီးညူခဲ့ပါတယ်။

ပထမပိုင်းပြီးတော့ အသင်းသားတွေကို တိုက်တွန်းစကား ဆိုခဲ့သေးတာကိုလည်း ယွန်းဘတ်က ဖွင့်ဟခဲ့ပါတယ်။

” ပွဲနားချိန်မှာ ကျနေ်ာ ပြောခဲ့သေးတယ်။ ဒါက အာဆင်နယ် မဟုတ်ဘူး ပြိုင်ဘက်တွေကို ဖြိုခွဲပစ်ရမှာ။ ဒါမျိုးမြင်ချင်တာလို့။ ဒုတိယပိုင်းမှာ ကျနော်တို့ ပိုကောင်းခဲ့သေးတယ်။ ဒါပေမယ့် ကောင်တာမှာတော့ လိုအပ်ချက်တွေ ရှိပြီး ယုံကြည်မှု မရှိခဲ့ကြဘူး။ ဒါက ဘယ်နည်းပြ မဆို စိုးရိမ်ရမယ့် ကိစ္စပါ။ ယုံကြည်မှု မရှိတာက ဆိုးပါတယ်။ ” လို့ ယါန်းဘတ်က ဆိုပါတယ်။

မြောက်လန်ဒန်ကလပ်ဟာ ချန်ပီယံလိဂ် ဝင်ခွင့် တစ်နေရာ လက်ရှိ အဆင့် ၄ နဲ့ ၁၀ မှတ် အထိ ကွာဟသွားပြီ ဖြစ်ကာ တန်းဆင်းဇုန် ထက်လည်း ၅ မှတ်သာ ကွာတော့ပြီး အဆင့် ၁၀ နေရာမှာ ရှိပါတယ်။

Zawgyi

အာဆင္နယ္နည္းျပ ဖရက္ဒီ ယြန္းဘတ္က သူ႔ရဲ႕ အသင္းသားေတြဟာ ဘရိုက္တန္နဲ႕ ပြဲမွာ ေၾကာက္ရြံ႕ေနပံု ရခဲ့ျပီး ယံုၾကည္မႈေတြ ေပ်ာက္ဆံုးေနတာ ေတြ႔ခဲ့ရတယ္လို႔ ရွံဳးပြဲအျပီးမွာ ၀န္ခံ ေျပာဆိုခဲ့ပါတယ္။ အမ္မရီကို ထုတ္ပယ္လိုက္ေပမယ့္ ဂန္းနားေတြရဲ႕ စြမ္းေဆာင္ရည္က ေျပာင္းလဲ မသြားေသးဘဲ ၉ ပြဲဆက္ နိုင္ပြဲ ေပ်ာက္ဆံုးေနကာ ၁၉၇၇ မတ္လ ေနာက္ပိုင္း အဆိုးဆံုး အေနအထား ျဖစ္ပါတယ္။

အာဆင္နယ္ကို ယာယီ၀င္ေရာက္ ကိုင္တြယ္ရတဲ့ ယြန္းဘတ္ရဲ႕ ပထမ ပြဲဦးထြက္ ေနာ၀စ္နဲ႕ ပြဲဟာ အူဘာမီးယန္းရဲ႕ ဂိုးေတြေၾကာင့္ သေရ တစ္မွတ္ ရခဲ့ေသာ္လည္း ဘရိုက္တန္နဲ႕ ပြဲမွာေတာ့ အိမ္ကြင္းမွာတင္ ရွံဳးခဲ့တာ ျဖစ္ပါတယ္။

” ဒီပြဲက ခက္ခဲပါတယ္။ ပထမပိုင္းမွာတင္ က်ေန္ာတို႔က လိုခ်င္တဲ့ အေနအထား မကစားနုိင္ခဲ့ဘူး။ ၾကိဳးၾကိဳးစားစားလည္း အားထုတ္တာ မျမင္ခဲ့ဘူး။ အခက္ခဲဆံုး အပိုင္းကေတာ့ အသင္းသားေတြဟာ ကိုယ့္ကိုယ္ကို ယံုၾကည္မႈ ေပ်ာက္ဆံုးေနတယ္။ သူတို႔က ေဘာလံုးရဖို႔ေတာင္ သိပ္ေၾကာက္ေနၾကတယ္။ ေရြ႕လ်ားရမွာလည္း ေၾကာက္ျပီး ရပ္ေနေတာ့တာပဲ။ ” လို႔ ယြန္းဘတ္က ညီးညဴခဲ့ပါတယ္။

ပထမပိုင္းျပီးေတာ့ အသင္းသားေတြကို တိုက္တြန္းစကား ဆိုခဲ့ေသးတာကိုလည္း ယြန္းဘတ္က ဖြင့္ဟခဲ့ပါတယ္။

” ပြဲနားခ်ိန္မွာ က်ေန္ာ ေျပာခဲ့ေသးတယ္။ ဒါက အာဆင္နယ္ မဟုတ္ဘူး ျပိဳင္ဘက္ေတြကို ျဖိဳခြဲပစ္ရမွာ။ ဒါမ်ိဳးျမင္ခ်င္တာလို႔။ ဒုတိယပိုင္းမွာ က်ေနာ္တို႔ ပိုေကာင္းခဲ့ေသးတယ္။ ဒါေပမယ့္ ေကာင္တာမွာေတာ့ လိုအပ္ခ်က္ေတြ ရွိျပီး ယံုၾကည္မႈ မရွိခဲ့ၾကဘူး။ ဒါက ဘယ္နည္းျပ မဆို စိုးရိမ္ရမယ့္ ကိစၥပါ။ ယံုၾကည္မႈ မရွိတာက ဆိုးပါတယ္။ ” လို႔ ယါန္းဘတ္က ဆိုပါတယ္။

ေျမာက္လန္ဒန္ကလပ္ဟာ ခ်န္ပီယံလိဂ္ ၀င္ခြင့္ တစ္ေနရာ လက္ရွိ အဆင့္ ၄ နဲ႕ ၁၀ မွတ္ အထိ ကြာဟသြားျပီ ျဖစ္ကာ တန္းဆင္းဇုန္ ထက္လည္း ၅ မွတ္သာ ကြာေတာ့ျပီး အဆင့္ ၁၀ ေနရာမွာ ရွိပါတယ္။