ယူနိုက်တက် ကစားသမားဟောင်းတွေဖြစ်တဲ့ နဗီးနဲ့ အိုဝင်တို့ကတော့ ကလပ်အသင်းဟာ အရမ်းကြီးဆိုးတဲ့ အခြေအနေမှာ ရှိမနေတော့ပဲ တိုးတက်မှုတွေကို စတင်မြင်တွေ့လာရတဲ့ အနေအထားမှာ ရှိနေကာ ဆက်ပြီး ကြိုးစားဖို့လိုမယ်လို့ ဆိုခဲ့ကြတယ်။

အိုဝင်က ယူနိုက်တက်မန်နေဂျာဆိုးရှား အနေနဲ့ ကလပ်အသင်းသားတွေထံက အကောင်းဆုံးတွေကို ဖော်ထုတ်နိုင်ဖို့ ကြိုးစားမှာဖြစ်ပြီး ဈေကွက်မှာ လူဝယ်ဖို့ထက် လက်ရှိ အသင်းသားတွေကို အကောင်းဆုံးခြေစွမ်းတွေ ပြသနိုင်ဖို့ကိုလည်း ကြိုးစားရပါမယ်လို့ ဆိုသွားခဲ့ပါတယ်။

အိုဝင်က ” လက်ရှိ ယူနိုက်တက်အသင်းသားတွေမှာ အလားအလာကောင်းတွေ အများကြီး ရှိနေပါသေးတယ်။ ပုံမှန်ခြေစွမ်းအောက်မှာ ရှိနေတဲ့ ကစားသမားတွေလည်းရှိပြီး သူတို့ နောက်တစ်ဆင့်ကို တက်နိုင်ဖို့ လိုပါတယ်။ ယူနိုက်တက်က တိုးတက်လာအောင် လုပ်ရမယ့် နောတွေ အများကြီးရှိပြီး တိုးတက်လာဦးမှာပါ။ ဆိုရှားအနေနဲ့ အသင်းသားတွေထံက အရည်အသွေးတွေကို ထုတ်နိုင်ဖို့ လိုပါတယ်။

ကလော့ပ် ဒါမှမဟုတ် ဂွာဒီယိုလာဆိုရင် ယူနိုက်တက်အသင်းသားတွေထံက အဲ့သည် အလားအလာတွေကို ဖော်ထုတ်နိုင်ဖို့ ကြိုးစားမှာပါ။ ဒါကြောင့် ဒါကို လုပ်ဆောင်နိုင်ဖို့ အိုလီအတွက်လည်း စိန်ခေါ်မှုပါပဲ။ အပြောင်းအရွှေ့ ဈေးကွက်တွေက ရောက်လာဦးမှာပါ။ ဆိုးရှားဟာ အသင်းကို အင်အားဖြည့်နိုင်ဦးမှာပါဖြစ်တယ်။ ဒါပေမယ့် မန်နေဂျာတစ်ယောက်အတွက် ကိုယ်အသင်း ကစားသမားတွေကနေ အကောင်းဆုံးကို ထုတ်သုံးနိုင်ဖို့ အရေးကြီးပါတယ် ” လို့ ဆိုခဲ့တာဖြစ်တယ်။

နဗီးကတော့ ယူနိုက်တက်သွားနေတဲ့ လမ်းကြောင်းက ပိုမိုတည်ငြိမ်လာပေမယ့် ခြေစွမ်းတည်ငြိမ်မှုကို မထိန်းနိုင်ရင် ချန်ပီယံလိဂ်ဝင်ခွင့်ရမှာ မဟုတ်ဘူးလို့ ဆိုတယ်။ သူကတော့ အိုလီနဲ့ ယူနိုက်တက်ကို ဆက်လက် စိတ်ရှည်ပေးဖို့ တိုက်တွန်းမှု လုပ်သွားခဲ့ပါတယ်။

ဖီးနဗီးကလည်း ” ယူနိုက်တက်သွားနေတဲ့ လမ်းကြောင်းအပေါ် ကျနော်ကတော့ အကောင်းမြင်တဲ့ အတွေးတွေ ရှိထားပါတယ်။ လက်ရှိ ကစားသမားတွေရဲ့ ခြေစွမ်းနဲ့ အရည်အချင်းတွေအရ သူတို့က ရှိသင့်တဲ့ နေရာတစ်ခုမှာလည်း ရှိပါတယ်။ ခြေစွမ်း မတည်ငြိမ်မှုတွေနဲ့တော့ ထိပ်ဆုံးလေးသင်းထဲ ဝင်ဖို့ မလွယ်ပါဘူး။ လူငယ်လေးတွေက ဆက်ပြီး တိုးတက်နေပြီး မော်ရင်ညိုလက်ထက်ကထက်စာရင် တည်ငြိမ်လာပါတယ်။ ယူနိုက်တက်က စိတ်ရှည်ဖို့ လိုပါတယ် ” လို့ သူ့အမြင်ကို ပြောဆိုသွားခဲ့ပါတယ်။

ZAWGYI

ယူႏုိက္တက္ ကစားသမားေဟာင္းေတြျဖစ္တဲ့ နဗီးနဲ႔ အိုဝင္တို႔ကေတာ့ ကလပ္အသင္းဟာ အရမ္းၾကီးဆိုးတဲ့ အေျခအေနမွာ ရွိမေနေတာ့ပဲ တိုးတက္မႈေတြကို စတင္ျမင္ေတြ႔လာရတဲ့ အေနအထားမွာ ရွိေနကာ ဆက္ျပီး ၾကိဳးစားဖို႔လိုမယ္လို႔ ဆိုခဲ့ၾကတယ္။

အိုဝင္က ယူႏုိက္တက္မန္ေနဂ်ာဆိုးရွား အေနနဲ႔ ကလပ္အသင္းသားေတြထံက အေကာင္းဆံုးေတြကို ေဖာ္ထုတ္ႏုိင္ဖို႔ ၾကိဳးစားမွာျဖစ္ျပီး ေစ်ကြက္မွာ လူဝယ္ဖို႔ထက္ လက္ရွိ အသင္းသားေတြကို အေကာင္းဆံုးေျခစြမ္းေတြ ျပသႏုိင္ဖို႔ကိုလည္း ၾကိဳးစားရပါမယ္လို႔ ဆိုသြားခဲ့ပါတယ္။

အိုဝင္က ” လက္ရွိ ယူႏုိက္တက္အသင္းသားေတြမွာ အလားအလာေကာင္းေတြ အမ်ားၾကီး ရွိေနပါေသးတယ္။ ပံုမွန္ေျခစြမ္းေအာက္မွာ ရွိေနတဲ့ ကစားသမားေတြလည္းရွိျပီး သူတို႔ ေနာက္တစ္ဆင့္ကို တက္ႏုိင္ဖို႔ လိုပါတယ္။ ယူႏုိက္တက္က တိုးတက္လာေအာင္ လုပ္ရမယ့္ ေနာေတြ အမ်ားၾကီးရွိျပီး တုိးတက္လာဦးမွာပါ။ ဆိုရွားအေနနဲ႔ အသင္းသားေတြထံက အရည္အေသြးေတြကို ထုတ္ႏုိင္ဖို႔ လိုပါတယ္။

ကေလာ့ပ္ ဒါမွမဟုတ္ ဂြာဒီယိုလာဆိုရင္ ယူႏုိက္တက္အသင္းသားေတြထံက အဲ့သည္ အလားအလာေတြကို ေဖာ္ထုတ္ႏုိင္ဖို႔ ၾကိဳးစားမွာပါ။ ဒါေၾကာင့္ ဒါကို လုပ္ေဆာင္ႏုိင္ဖို႔ အိုလီအတြက္လည္း စိန္ေခၚမႈပါပဲ။ အေျပာင္းအေရႊ႔ ေစ်းကြက္ေတြက ေရာက္လာဦးမွာပါ။ ဆိုးရွားဟာ အသင္းကို အင္အားျဖည့္ႏုိင္ဦးမွာပါျဖစ္တယ္။ ဒါေပမယ့္ မန္ေနဂ်ာတစ္ေယာက္အတြက္ ကိုယ္အသင္း ကစားသမားေတြကေန အေကာင္းဆံုးကို ထုတ္သံုးႏုိင္ဖို႔ အေရးၾကီးပါတယ္ ” လို႔ ဆိုခဲ့တာျဖစ္တယ္။

နဗီးကေတာ့ ယူႏုိက္တက္သြားေနတဲ့ လမ္းေၾကာင္းက ပိုမိုတည္ျငိမ္လာေပမယ့္ ေျခစြမ္းတည္ျငိမ္မႈကို မထိန္းႏုိင္ရင္ ခ်န္ပီယံလိဂ္ဝင္ခြင့္ရမွာ မဟုတ္ဘူးလုိ႔ ဆိုတယ္။ သူကေတာ့ အိုလီနဲ႔ ယူႏုိက္တက္ကို ဆက္လက္ စိတ္ရွည္ေပးဖို႔ တိုက္တြန္းမႈ လုပ္သြားခဲ့ပါတယ္။

ဖီးနဗီးကလည္း ” ယူႏုိက္တက္သြားေနတဲ့ လမ္းေၾကာင္းအေပၚ က်ေနာ္ကေတာ့ အေကာင္းျမင္တဲ့ အေတြးေတြ ရွိထားပါတယ္။ လက္ရွိ ကစားသမားေတြရဲ႕ ေျခစြမ္းန႔ဲ အရည္အခ်င္းေတြအရ သူတို႔က ရွိသင့္တဲ့ ေနရာတစ္ခုမွာလည္း ရွိပါတယ္။ ေျခစြမ္း မတည္ျငိမ္မႈေတြနဲ႔ေတာ့ ထိပ္ဆံုးေလးသင္းထဲ ဝင္ဖို႔ မလြယ္ပါဘူး။ လူငယ္ေလးေတြက ဆက္ျပီး တိုးတက္ေနျပီး ေမာ္ရင္ညိဳလက္ထက္ကထက္စာရင္ တည္ျငိမ္လာပါတယ္။ ယူႏုိက္တက္က စိတ္ရွည္ဖို႔ လိုပါတယ္ ” လို႔ သူ႔အျမင္ကို ေျပာဆိုသြားခဲ့ပါတယ္။