အိမ်ကွင်းမှာ ဘရိုက်တန်ကို အရေးနိမ့်တဲ့နောက် လက်ရှိ အာဆင်နယ်အသင်းသားတွေရဲ့ ပေးဆပ်လိုစိတ် မရှိတဲ့ စိတ်ဓါတ်၊ ဦးဆောင်သူမရှိတဲ့ လူစာရင်းနဲ့အတူ တစ်ဦးကိုတစ်ဦး အပြစ်တင်လိုနေတဲ့ ခံယူချက်တွေကို ဂန်းနားဟောင်းကြီး တိုနီအဒမ်က ပေါက်ကွဲစွာ ဝေဖန်သွားပါတယ်။

ရာသီစကတည်းက ခြေစွမ်းမငြိမ်တဲ့ အာဆင်နယ်ဟာ မန်နေဂျာအမ်မရီရဲ့ နောက်ဆုံးနေ့ရက်တွေမှာ စိတ်ပျက်ဖွယ် စိတ်ဓါတ်ခံယူချက်တွေနဲ့ ကစားခဲ့ကြတာကြောင့် ရလဒ်တွေ ဆက်တိုက် ကျဆင်းခဲ့တယ်။ ယာယီမန်နေဂျာ ယွန်းဘတ်လက်ထက်မှာလည်း စီနီယာအသင်းသားတွေရဲ့ စိတ်ဓါတ်ပိုင်းက တက်မလာပဲ ပရိသတ်တွေထံက အားပေးသံကို လိုချင်ပေမယ့် ပေးဆပ်မှုတော့ မရှိကြဘူးလို့ တိုနီအဒမ်က ပြင်းပြင်းထန်ထန် ဝေဖန်သွားပါတယ်။

ဂန်းနားဟောင်းကြီး တိုနီအဒမ်က ” အာဆင်နယ်မှာ ကစားကွင်းမှာကော ကွင်းပြင်ပမှာပါ အသင်းကို ရဲရင့်စွာ ဦးဆောင်ပေးမယ့်သူမျိုး လိုနေတာပါ။ အသင်းကို စိတ်ဓါတ်တက်ကြွအောင် မောင်းနှင်နိုင်မယ့် ဦးဆောင်ပုဂ္ဂိုလ်မျိုး မရှိဖြစ်နေပြီး အမှားလေး တစ်ခုလောက် လုပ်မိရင်ကို အသင်းက ကစားပုံတစ်ခုလုံး ပျက်ဆီးသွားပါတော့တယ်။ အာဆင်နယ်က တကယ်ကို ပျော့ညံ့လွန်းပါတယ်။

ကျနော်က မန်နေဂျာဆိုရင် ဒီလိုမျိုး ယုံကြည်မှုတွေ ပျောက်ဆုံးတာက အရမ်းကို ကြောက်ရွံ့စရာ ဖြစ်ရပ်ဆိုပြီး ကြိမ်းမောင်းနေမိမှာပါ။ သူတို့က ကိုယ်က ပွဲကို ဦးဆောင်ကစားဖို့ ဆိုတာထက် ပြိုင်ဘက်က ဦးဆောင်မသွားဖို့ကိုပဲ ကစားနေတဲ့ပုံပါပဲ။ တကယ်တမ်းက အာဆင်နယ် အသင်းသားတွေဟာ ကွင်းထဲကို ခြေချလိုက်တာနဲ့ ကမ္ဘာအကောင်းဆုံးအသင်းတစ်သင်းမှာ ကစားနေတဲ့ အကောင်းဆုံး ကစားသမားတွေဆိုတာ အားလုံးကို ပြသလိုစိတ်နဲ့ ကစားရမှာပါ။

ကျနေ်ာတို့တုန်းက ပွဲချိန် ပထမပိုင်းအတွင်း ပွဲကို မဦးဆောင်နိုင်တဲ့အခါ ပရိသတ်တွေက လှောင်ပြောင်ကြပါတယ်။ သူတို့က အသင်းအပေါ် အများကြီး မျှော်လင့်ပြီး မျှော်လင့်သလို ဖြစ်မလာတဲ့အခါ လှောင်ပြောင် ပေါက်ကွဲကြတာပါ။ အာဆင်နယ်အတွက် ကိုယ်စားပြုနေရင် ဒီအသင်းအတွက် ရာနှုန်းပြည့် ပေးဆက်ရပါမယ်။ အခုတော့ အဲ့လို ကစားသမား အများကြီး မရှိပါဘူး။

အာဆင်နယ်အသင်းသားတွေက ကိုယ်ထက်စာရင် အခြားအသင်းဖော်တွေကို အပြစ်တင်လိုစိတ်ပဲ များနေတယ်။ ပရိသတ်ထံက အားပေးမှုကို လိုချင်တယ်။ ဒါဆိုရင်တော့ ကိုယ်က အကောင်းဆုံးလုပ်ပြမှ အားပေးကြမှာပေါ့ ” လို့ ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့တာပဲ ဖြစ်ပါတယ်။

ZAWGYI

အိမ္ကြင္းမွာ ဘရိုက္တန္ကို အေရးနိမ့္တဲ့ေနာက္ လက္ရွိ အာဆင္နယ္အသင္းသားေတြရဲ႕ ေပးဆပ္လိုစိတ္ မရွိတ့ဲ စိတ္ဓါတ္၊ ဦးေဆာင္သူမရွိတဲ့ လူစာရင္းနဲ႔အတူ တစ္ဦးကိုတစ္ဦး အျပစ္တင္လိုေနတဲ့ ခံယူခ်က္ေတြကို ဂန္းနားေဟာင္းၾကီး တိုနီအဒမ္က ေပါက္ကြဲစြာ ေဝဖန္သြားပါတယ္။

ရာသီစကတည္းက ေျခစြမ္းမျငိမ္တဲ့ အာဆင္နယ္ဟာ မန္ေနဂ်ာအမ္မရီရဲ႕ ေနာက္ဆံုးေန႔ရက္ေတြမွာ စိတ္ပ်က္ဖြယ္ စိတ္ဓါတ္ခံယူခ်က္ေတြနဲ႔ ကစားခဲ့ၾကတာေၾကာင့္ ရလဒ္ေတြ ဆက္တုိက္ က်ဆင္းခဲ့တယ္။ ယာယီမန္ေနဂ်ာ ယြန္းဘတ္လက္ထက္မွာလည္း စီနီယာအသင္းသားေတြရဲ႕ စိတ္ဓါတ္ပိုင္းက တက္မလာပဲ ပရိသတ္ေတြထံက အားေပးသံကို လိုခ်င္ေပမယ့္ ေပးဆပ္မႈေတာ့ မရွိၾကဘူးလို႔ တိုနီအဒမ္က ျပင္းျပင္းထန္ထန္ ေဝဖန္သြားပါတယ္။

ဂန္းနားေဟာင္းၾကီး တိုနီအဒမ္က ” အာဆင္နယ္မွာ ကစားကြင္းမွာေကာ ကြင္းျပင္ပမွာပါ အသင္းကို ရဲရင့္စြာ ဦးေဆာင္ေပးမယ့္သူမ်ိဳး လိုေနတာပါ။ အသင္းကို စိတ္ဓါတ္တက္ၾကြေအာင္ ေမာင္းႏွင္ႏုိင္မယ့္ ဦးေဆာင္ပုဂၢိဳလ္မ်ိဳး မရွိျဖစ္ေနျပီး အမွားေလး တစ္ခုေလာက္ လုပ္မိရင္ကို အသင္းက ကစားပံုတစ္ခုလံုး ပ်က္ဆီးသြားပါေတာ့တယ္။ အာဆင္နယ္က တကယ္ကို ေပ်ာ့ညံ့လြန္းပါတယ္။

က်ေနာ္က မန္ေနဂ်ာဆိုရင္ ဒီလိုမ်ိဳး ယံုၾကည္မႈေတြ ေပ်ာက္ဆံုးတာက အရမ္းကို ေၾကာက္ရြံ႔စရာ ျဖစ္ရပ္ဆိုျပီး ၾကိမ္းေမာင္းေနမိမွာပါ။ သူတို႔က ကိုယ္က ပြဲကို ဦးေဆာင္ကစားဖို႔ ဆိုတာထက္ ျပိဳင္ဘက္က ဦးေဆာင္မသြားဖို႔ကိုပဲ ကစားေနတဲ့ပံုပါပဲ။ တကယ္တမ္းက အာဆင္နယ္ အသင္းသားေတြဟာ ကြင္းထဲကို ေျခခ်လိုက္တာနဲ႔ ကမၻာအေကာင္းဆံုးအသင္းတစ္သင္းမွာ ကစားေနတဲ့ အေကာင္းဆံုး ကစားသမားေတြဆိုတာ အားလံုးကို ျပသလိုစိတ္နဲ႔ ကစားရမွာပါ။

က်ေန္ာတို႔တုန္းက ပြဲခ်ိန္ ပထမပိုင္းအတြင္း ပြဲကို မဦးေဆာင္ႏုိင္တဲ့အခါ ပရိသတ္ေတြက ေလွာင္ေျပာင္ၾကပါတယ္။ သူတို႔က အသင္းအေပၚ အမ်ားၾကီး ေမွ်ာ္လင့္ျပီး ေမွ်ာ္လင့္သလို ျဖစ္မလာတဲ့အခါ ေလွာင္ေျပာင္ ေပါက္ကြဲၾကတာပါ။ အာဆင္နယ္အတြက္ ကိုယ္စားျပဳေနရင္ ဒီအသင္းအတြက္ ရာႏႈန္းျပည့္ ေပးဆက္ရပါမယ္။ အခုေတာ့ အဲ့လို ကစားသမား အမ်ားၾကီး မရွိပါဘူး။

အာဆင္နယ္အသင္းသားေတြက ကိုယ္ထက္စာရင္ အျခားအသင္းေဖာ္ေတြကို အျပစ္တင္လိုစိတ္ပဲ မ်ားေနတယ္။ ပရိသတ္ထံက အားေပးမႈကို လိုခ်င္တယ္။ ဒါဆိုရင္ေတာ့ ကိုယ္က အေကာင္းဆံုးလုပ္ျပမွ အားေပးၾကမွာေပါ့ ” လို႔ ျပင္းျပင္းထန္ထန္ ေဝဖန္ခဲ့တာပဲ ျဖစ္ပါတယ္။