ပရီးမီးယားလိဂ် ပွဲစဉ် ၁၅ အပြီးမှာ ရွှေဖိနပ်ဆုအတွက် ဦးဆောင်ကစားသမားစာရင်း အပြောင်းအလဲ အနည်းငယ်ဖြစ်ခဲ့ပြီး ဗာဒီနဲ့ အေဘရာဟမ်ကတော့ ဆက်လက် ဦးဆောင်ထားနေဆဲ ဖြစ်ပါတယ်။

အရင်နှစ်တွေက ထိပ်တန်းဂိုးသွင်းရှင်စာရင်းမှာ လီဗာပူးနဲ့ မန်စီးတီး ကစားသမားတွေ ကြီးစိုးခဲ့ပေမယ့် ဒီရာသီမှာတော့ လက်စတာနဲ့ ချယ်ဆီးတိုက်စစ်သမားတွေက ထိပ်ဆုံးကို ရောက်လာခဲ့တာဖြစ်တယ်။ တိုက်စစ်အသားပေးတဲ့ လက်ရှိ ကစားဟန်တွေအရ ဗာဒီနဲ့ အေဘရာဟမ်တို့ဟာ ဂိုးတွေ ဆက်သွင်းဦးမှာဖြစ်သလို ဂိုးသွင်းအများဆုံး ကစားသမားစာရင်းမှာ ဆက်လက် ပါဝင်နေဦးမှာဖြစ်ပါတယ်။

မန်စီးတီးတိုက်စစ်သမား အဂွယ်ရီု ဒဏ်ရာရနေပြီး အာဆင်နယ်၊ စပါး၊ ယူနိုက်တက်တို့ ရုန်းကန်နေရမှုမှာ တိုက်စစ်သမားတွေဖြစ်တဲ့ အူဘာမီယန်၊ ကိန်းနဲ့ ရပ်ဖိုဒ့်တို့ရဲ့ ဂိုးသွင်းနှုန်းတွေကလည်း အကန့်အသတ် ရှိနေခဲ့တယ်။ ဒါ့အပြင် မန်စီးတီးနဲ့ လီဗာပူးကလည်း သွင်းဂိုးအတွက် တိုက်စစ်သမားတွေကို မှီခိုဖို့ရာမှာ အလှည့်ကျစနစ်တွေကြောင့် တိုက်စစ်သမား သွင်းဂိုးနှုန်းတွေ ကျဆင်းလာပါတယ်။

ဒီအခြေအနေမှာ အေဘရာဟမ်ကတော့ ပွဲထွက်မှု မိနစ်အနည်းဆုံးနဲ့ သွင်းဂိုး အများဆုံး ရယူသူ ဖြစ်လာခဲ့သလို ဗာဒီကို အဓိက ဖိအားပေးနေတဲ့ တိုက်စစ်မှူးအဖြစ်လည်း စာရင်းဝင်နေပါတယ်။ ဒဏ်ရာကြောင့် ချယ်ဆီးအတွက် အနားယူရမှု လုပ်ခဲ့ရသေးပေမယ့် ပြန်ကစားနိုင်ချိန်မှာပဲ ဂိုးသွင်းနိုင်ခဲ့တဲ့ အေဘရာဟမ်ဟာ ဒီနှစ်ရဲ့ ရွှေဖိနပ်ဆုရှင်ဖြစ်ဖို့ ရေပန်းစားသူတစ်ဦးလည်း ဖြစ်လာခဲ့ပါတယ်။

ပရီးမီးယားလိဂ်ရွှေဖိနပ်ဆုကိုတော့ နှစ်ရာသီဆက် ဆာလက်က အနိုင်ယူထားတာဖြစ်ပြီး မနှစ်ကတော့ ဆာလက်၊ မာနေးနဲ့ အူဘာမီယန်တို့ ပူးတွဲ ရယူနိုင်ခဲ့တာပါ။ ဒီရာသီမှာတော့ သူတို့ သုံးဦးထက် ပွဲကစားရမှု ပိုနည်းပေမယ့် သွင်းဂိုးပိုများအောင် အေဘရာဟမ်က စွမ်းဆောင်ထားနိုင်ခဲ့ပါပြီ။

ZAWGYI

ပရီးမီးယားလိဂ္ ပြဲစဥ္ ၁၅ အျပီးမွာ ေရႊဖိနပ္ဆုအတြက္ ဦးေဆာင္ကစားသမားစာရင္း အေျပာင္းအလဲ အနည္းငယ္ျဖစ္ခဲ့ျပီး ဗာဒီနဲ႔ ေအဘရာဟမ္ကေတာ့ ဆက္လက္ ဦးေဆာင္ထားေနဆဲ ျဖစ္ပါတယ္။

အရင္ႏွစ္ေတြက ထိပ္တန္းဂိုးသြင္းရွင္စာရင္းမွာ လီဗာပူးနဲ႔ မန္စီးတီး ကစားသမားေတြ ၾကီးစိုးခဲ့ေပမယ့္ ဒီရာသီမွာေတာ့ လက္စတာနဲ႔ ခ်ယ္ဆီးတိုက္စစ္သမားေတြက ထိပ္ဆံုးကို ေရာက္လာခဲ့တာျဖစ္တယ္။ တိုက္စစ္အသားေပးတဲ့ လက္ရွိ ကစားဟန္ေတြအရ ဗာဒီနဲ႔ ေအဘရာဟမ္တုိ႔ဟာ ဂိုးေတြ ဆက္သြင္းဦးမွာျဖစ္သလို ဂိုးသြင္းအမ်ားဆံုး ကစားသမားစာရင္းမွာ ဆက္လက္ ပါဝင္ေနဦးမွာျဖစ္ပါတယ္။

မန္စီးတီးတိုက္စစ္သမား အဂြယ္ရီု ဒဏ္ရာရေနျပီး အာဆင္နယ္၊ စပါး၊ ယူႏုိက္တက္တုိ႔ ရုန္းကန္ေနရမႈမွာ တိုက္စစ္သမားေတြျဖစ္တဲ့ အူဘာမီယန္၊ ကိန္းနဲ႔ ရပ္ဖိုဒ့္တို႔ရဲ႕ ဂိုးသြင္းႏႈန္းေတြကလည္း အကန္႔အသတ္ ရွိေနခဲ့တယ္။ ဒါ့အျပင္ မန္စီးတီးနဲ႔ လီဗာပူးကလည္း သြင္းဂိုးအတြက္ တိုက္စစ္သမားေတြကို မွီခိုဖို႔ရာမွာ အလွည့္က်စနစ္ေတြေၾကာင့္ တိုက္စစ္သမား သြင္းဂိုးႏႈန္းေတြ က်ဆင္းလာပါတယ္။

ဒီအေျခအေနမွာ ေအဘရာဟမ္ကေတာ့ ပြဲထြက္မႈ မိနစ္အနည္းဆံုးနဲ႔ သြင္းဂိုး အမ်ားဆံုး ရယူသူ ျဖစ္လာခဲ့သလို ဗာဒီကို အဓိက ဖိအားေပးေနတဲ့ တိုက္စစ္မွဴးအျဖစ္လည္း စာရင္းဝင္ေနပါတယ္။ ဒဏ္ရာေၾကာင့္ ခ်ယ္ဆီးအတြက္ အနားယူရမႈ လုပ္ခဲ့ရေသးေပမယ့္ ျပန္ကစားႏုိင္ခ်ိန္မွာပဲ ဂိုးသြင္းႏုိင္ခဲ့တဲ့ ေအဘရာဟမ္ဟာ ဒီႏွစ္ရဲ႕ ေရႊဖိနပ္ဆုရွင္ျဖစ္ဖို႔ ေရပန္းစားသူတစ္ဦးလည္း ျဖစ္လာခဲ့ပါတယ္။

ပရီးမီးယားလိဂ္ေရႊဖိနပ္ဆုကိုေတာ့ ႏွစ္ရာသီဆက္ ဆာလက္က အႏုိင္ယူထားတာျဖစ္ျပီး မႏွစ္ကေတာ့ ဆာလက္၊ မာေနးနဲ႔ အူဘာမီယန္တို႔ ပူးတြဲ ရယူႏုိင္ခဲ့တာပါ။ ဒီရာသီမွာေတာ့ သူတို႔ သံုးဦးထက္ ပြဲကစားရမႈ ပိုနည္းေပမယ့္ သြင္းဂိုးပိုမ်ားေအာင္ ေအဘရာဟမ္က စြမ္းေဆာင္ထားႏုိင္ခဲ့ပါျပီ။