လီဗာပူးဟာ ဒီအပတ်မှာတော့ ပရီးမီးယားလိဂ် အဝေးကွင်းပွဲအဖြစ် ဘုန်းမောက်နဲ့ သွားရောက် ယှဉ်ပြိုင်ရမှာပါ။ ဒီပွဲဟာ ချန်ပီယံလိဂ်ပွဲဖြစ်တဲ့ ဆဲလ်ဘတ်နဲ့ အုပ်စုတွင်း နောက်ဆုံးပွဲမတိုင်ခင် သွားရောက်ကစားရမယ့် အဝေးကွင်းပွဲဖြစ်တယ်။

လီဗာပူးဟာ ဒီရာသီ အမှတ်ပေးပွဲ ၁၅ ပွဲကစားပြီး ၁၄ ပွဲကို အနိုင်ရထားကာ တစ်ပွဲပဲ သရေကျထားပါတယ်။ ဒီအပတ်မှာ မန်ချက်စတာဒါဘီ ကစားရဖို့ ရှိနေတာကြောင့် မန်စီးတီး ပွဲကြပ်ကို ကြုံတွေ့ချိန်မှာ သေချာပေါက် အနိုင်သုံးမှတ် ရယူလိုမှာပါ။ ဒါပေမယ့် ချန်ပီယံလိဂ်ကလည်း အဆုံးအဖြတ် အနေအထားကို ရောက်နေတာကို သတိပြုရမှာဖြစ်တယ်။

ချန်ပီယံလိဂ်မှာ ရံှူးထွက်ကို တက်ရောက်နိုင်ဖို့ဆိုရင် လီဗာပူးက ဆဲလ်ဘတ်ကို အဝေးကွင်းမှာ အနည်းဆုံး သရေတစ်မှတ် ရယူနိုင်ဖို့ လိုပါလိမ့်မယ်။ ပရီးမီးယားလိဂ်မှာကော ချန်ပီယံလိဂ်မှာပါ အရေးကြီးတဲ့ အခြေအနေကို ရောက်နေပြီး လီဗာပူးက ပရီးမီးယားလိဂ်ကို အားထည့်မယ်လို့ ချာလီက ယူဆဟန်ရှိပါတယ်။

ချာလီက ” ယာဂင်ကလော့ပ် လက်နဲ့ထိတိုင်း ရွှေဖြစ်ပါတယ်။ ဘုန်းမောက်နဲ့ပွဲမှမှ အဓိက ကစားသမားတွေကို အနားပေးမယ်လို့ ထင်ခဲ့ပေမယ့် မဟုတ်ပဲ မာဆေးဆိုဒ်ဒါဘီမှာ ဆာလက်၊ ဖာမီနိုနဲ့ ဟန်ဒါဆန်တို့ကို အနားပေးခဲ့ပါတယ်။

ဘုန်းမောက်ဟာ ကျဆင်းနေပြီး ယုံကြည်မှုကင်းမဲ့နေတာပါ။ သူတို့ဟာ ခံစစ်ခိုင်မာဖို့ ကြိုးစားနေပေမယ့် ဒါက တိုက်စစ်ဆင်ရာမှာ အဟန့်အတားဖြစ်ပါတယ်။ အက်ဒီဟောင်ဝီရဲ့အသင်းအတွက် ဒါက အန္တရာယ်များတဲ့ ပေါင်းစည်းမှုပါပဲ။ ” လို့ သုံးသပ်သွားခဲ့တာဖြစ်ပါတယ်။

ချာလီရဲ့ ဘုန်းမောက်နဲ့ လီဗာပူးပွဲအတွက် ခန့်မှန်းကတော့ ဘုန်းမောက် ဝ-၃ လီဗာပူး ပဲဖြစ်ပါတယ်။

ZAWGYI

လီဗာပူးဟာ ဒီအပတ္မွာေတာ့ ပရီးမီးယားလိဂ္ အေဝးကြင္းပြဲအျဖစ္ ဘုန္းေမာက္နဲ႔ သြားေရာက္ ယွဥ္ျပိဳင္ရမွာပါ။ ဒီပြဲဟာ ခ်န္ပီယံလိဂ္ပြဲျဖစ္တဲ့ ဆဲလ္ဘတ္နဲ႔ အုပ္စုတြင္း ေနာက္ဆံုးပြဲမတိုင္ခင္ သြားေရာက္ကစားရမယ့္ အေဝးကြင္းပြဲျဖစ္တယ္။

လီဗာပူးဟာ ဒီရာသီ အမွတ္ေပးပြဲ ၁၅ ပြဲကစားျပီး ၁၄ ပြဲကို အႏုိင္ရထားကာ တစ္ပြဲပဲ သေရက်ထားပါတယ္။ ဒီအပတ္မွာ မန္ခ်က္စတာဒါဘီ ကစားရဖို႔ ရွိေနတာေၾကာင့္ မန္စီးတီး ပြဲၾကပ္ကို ၾကံဳေတြ႔ခ်ိန္မွာ ေသခ်ာေပါက္ အႏုိင္သံုးမွတ္ ရယူလိုမွာပါ။ ဒါေပမယ့္ ခ်န္ပီယံလိဂ္ကလည္း အဆံုးအျဖတ္ အေနအထားကို ေရာက္ေနတာကို သတိျပဳရမွာျဖစ္တယ္။

ခ်န္ပီယံလိဂ္မွာ ရံွဴးထြက္ကို တက္ေရာက္ႏုိင္ဖို႔ဆိုရင္ လီဗာပူးက ဆဲလ္ဘတ္ကို အေဝးကြင္းမွာ အနည္းဆံုး သေရတစ္မွတ္ ရယူႏုိင္ဖို႔ လိုပါလိမ့္မယ္။ ပရီးမီးယားလိဂ္မွာေကာ ခ်န္ပီယံလိဂ္မွာပါ အေရးၾကီးတဲ့ အေျခအေနကို ေရာက္ေနျပီး လီဗာပူးက ပရီးမီးယားလိဂ္ကို အားထည့္မယ္လို႔ ခ်ာလီက ယူဆဟန္ရွိပါတယ္။

ခ်ာလီက ” ယာဂင္ကေလာ့ပ္ လက္နဲ႔ထိတိုင္း ေ႐ႊျဖစ္ပါတယ္။ ဘုန္းေမာက္နဲ႔ပြဲမွမွ အဓိက ကစားသမားေတြကို အနားေပးမယ္လို႔ ထင္ခဲ့ေပမယ့္ မဟုတ္ပဲ မာေဆးဆိုဒ္ဒါဘီမွာ ဆာလက္၊ ဖာမီႏိုနဲ႔ ဟန္ဒါဆန္တို႔ကို အနားေပးခဲ့ပါတယ္။

ဘုန္းေမာက္ဟာ က်ဆင္းေနၿပီး ယုံၾကည္မႈကင္းမဲ့ေနတာပါ။ သူတို႔ဟာ ခံစစ္ခိုင္မာဖို႔ ႀကိဳးစားေနေပမယ့္ ဒါက တိုက္စစ္ဆင္ရာမွာ အဟန႔္အတားျဖစ္ပါတယ္။ အက္ဒီေဟာင္ဝီရဲ႕အသင္းအတြက္ ဒါက အႏၲရာယ္မ်ားတဲ့ ေပါင္းစည္းမႈပါပဲ။ ” လို႔ သံုးသပ္သြားခဲ့တာျဖစ္ပါတယ္။

ခ်ာလီရဲ႕ ဘုန္းေမာက္နဲ႔ လီဗာပူးပြဲအတြက္ ခန္႔မွန္းကေတာ့ ဘုန္းေမာက္ ၀-၃ လီဗာပူး ပဲျဖစ္ပါတယ္။