ဒီအပတ် ပရီးမီးယားလိဂ် ပွဲစဉ် ၁၆ မှာတော့ မန်ချက်စတာဒါဘီအဖြစ် ယူနိုက်တက်ဟာ မန်စီးတီး အိမ်ကွင်းထံ သွားရောက်ပြီး ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။

ကြားရက်က စပါးအသင်းကို အိမ်ကွင်းမှာ အနိုင်ယူခဲ့တဲ့နောက် ယူနိုက်တက် ပြန်လာပြီလားဆိုတဲ့ မေးခွန်းတွေ ထွက်ထားခဲ့တာပါ။ စကိုင်းစပေါ့မှ ချာလီနီကိုးလက်စ်ကတော့ အဆိုပါ မေးခွန်းတွေကို ငြင်းဆန်ခဲ့ပြီး ဒီတစ်ရာသီလုံး ယူနိုက်တက် ပြန်လာပြီးလားမေးခွန်းကို မေးခဲ့ကြပေမယ့် အချိန်တိုင်း မှားခဲ့တယ်လို့ ဆိုပါတယ်။

ယူနိုက်တက်ဟာ ဒီရာသီ အသင်းကြီးတွေကို ရင်ဆိုင်ရာမှာ ရလဒ်ကောင်းနေပေမယ့် ချာလီကတော့ ဒီပွဲမှာလည်း ဆိုးရှားကို သိပ်အထင်ကြီးဟန် မရှိပါဘူး။ မန်စီးတီးဟာ အမှတ်ပေးဇယား ထိပ်ဆုံးကို ပြန်တက်နိုင်ဖို့ အာရုံစိုက်နေပြီး မန်ချက်စတာဒါဘီမှာ အပြာရောင်တွေ လွှမ်းမိုးမယ်လို့ သူက ပြောခဲ့ပါတယ်။

ချာလီက ” စပါးကို နိုင်ပွဲရခဲ့တာက ဆိုးရှားလက်အောက် ယူနိုက်တက်ရဲ့ ကံကြမ္မာအလှည့်အပြောင်းလား? ဒါကို ကျွန်တော်တို့ အကြိမ်များစွာ ပြောဆိုခဲ့ပြီးပါပြီ။ ဒါပေမယ့် ပွဲတိုင်း ကျွန်တော်တို့ မှားနေခဲ့ပါတယ်။ မန်စီးတီးက သူတို့ရဲ့ နေရာမှန်ကိုပြန်ယူဖို့ စိတ်အားထက်သန်နေပြီး ဘန်လေနဲ့ပွဲမှာ ဒါကိုမြင်ခဲ့ရပါတယ်။ ဒါက ယူနိုက်တက်ရဲ့ ပြန်လည်ဦးမော့လာမှုဟာ ခဏပဲခံမယ်ဆိုတဲ့ အကြောင်းပြချက်ပါပဲ။ မန်ချက်စတာဟာအပြာရောင်ပဲ ဖြစ်နေဦးမှာပါ။ ” လို့ သုံးသပ်သွားတယ်။

မန်ချက်စတာဒါဘီပွဲမှာတော့ မန်စီးတီး ၃-၁ ယူနိုက်တက် ရလဒ် ထွက်ပေါ်မယ်လို့ ချာလီက ခန့်မှန်းသွားပါတယ်။

ZAWGYI

ဒီအပတ္ ပရီးမီးယားလိဂ္ ပြဲစဥ္ ၁၆ မွာေတာ့ မန္ခ်က္စတာဒါဘီအျဖစ္ ယူႏုိက္တက္ဟာ မန္စီးတီး အိမ္ကြင္းထံ သြားေရာက္ျပီး ယွဥ္ျပိဳင္ကစားရမွာျဖစ္ပါတယ္။

ၾကားရက္က စပါးအသင္းကို အိမ္ကြင္းမွာ အႏုိင္ယူခဲ့တဲ့ေနာက္ ယူႏုိက္တက္ ျပန္လာျပီလားဆိုတဲ့ ေမးခြန္းေတြ ထြက္ထားခဲ့တာပါ။ စကိုင္းစေပါ့မွ ခ်ာလီနီကိုးလက္စ္ကေတာ့ အဆိုပါ ေမးခြန္းေတြကို ျငင္းဆန္ခဲ့ျပီး ဒီတစ္ရာသီလံုး ယူႏုိက္တက္ ျပန္လာျပီးလားေမးခြန္းကို ေမးခဲ့ၾကေပမယ့္ အခ်ိန္တိုင္း မွားခဲ့တယ္လို႔ ဆိုပါတယ္။

ယူႏုိက္တက္ဟာ ဒီရာသီ အသင္းၾကီးေတြကို ရင္ဆိုင္ရာမွာ ရလဒ္ေကာင္းေနေပမယ့္ ခ်ာလီကေတာ့ ဒီပြဲမွာလည္း ဆိုးရွားကို သိပ္အထင္ၾကီးဟန္ မရွိပါဘူး။ မန္စီးတီးဟာ အမွတ္ေပးဇယား ထိပ္ဆံုးကို ျပန္တက္ႏုိင္ဖို႔ အာရံုစိုက္ေနျပီး မန္ခ်က္စတာဒါဘီမွာ အျပာေရာင္ေတြ လႊမ္းမိုးမယ္လို႔ သူက ေျပာခဲ့ပါတယ္။

ခ်ာလီက ” စပါးကို ႏိုင္ပြဲရခဲ့တာက ဆိုးရွားလက္ေအာက္ ယူႏိုက္တက္ရဲ႕ ကံၾကမၼာအလွည့္အေျပာင္းလား? ဒါကို ကြၽန္ေတာ္တို႔ အႀကိမ္မ်ားစြာ ေျပာဆိုခဲ့ၿပီးပါၿပီ။ ဒါေပမယ့္ ပြဲတိုင္း ကြၽန္ေတာ္တို႔ မွားေနခဲ့ပါတယ္။ မန္စီးတီးက သူတို႔ရဲ႕ ေနရာမွန္ကိုျပန္ယူဖို႔ စိတ္အားထက္သန္ေနၿပီး ဘန္ေလနဲ႔ပြဲမွာ ဒါကိုျမင္ခဲ့ရပါတယ္။ ဒါက ယူႏိုက္တက္ရဲ႕ ျပန္လည္ဦးေမာ့လာမႈဟာ ခဏပဲခံမယ္ဆိုတဲ့ အေၾကာင္းျပခ်က္ပါပဲ။ မန္ခ်က္စတာဟာအျပာေရာင္ပဲ ျဖစ္ေနဦးမွာပါ။ ” လို႔ သံုးသပ္သြားတယ္။

မန္ခ်က္စတာဒါဘီပြဲမွာေတာ့ မန္စီးတီး ၃-၁ ယူႏိုက္တက္ ရလဒ္ ထြက္ေပၚမယ္လို႔ ခ်ာလီက ခန္႔မွန္းသြားပါတယ္။