လီဗာပူးအသင်းခေါင်းဆောင်ဟောင်း ဂန္တဝင်ကစားသမားကြီး စတီဗင်ဂျရတ်က ဘောလုံးရာသီ ၁၇ ရာသီကြာ ကစားသွားခဲ့တဲ့ ကလပ်အသင်းကို နောက်ဆုံး နှုတ်ဆက်ခဲ့ရတဲ့ ရက်က အဆိုးဝါးဆုံး နေ့ရက် တစ်ရက်ပဲ ဖြစ်တယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

လက်ရှိ ရိမ်းဂျားစ်အသင်းကို ကိုင်တွယ်နေတဲ့ နည်းပြ ဂျရတ်ဟာ လီဗာပူးမှာတော့ ပွဲပေါင်း ၇၁၀ ကစားသွားခဲ့ကာ ချန်ပီယံလိဂ် ဖလား တစ်ကြိမ် အပါအဝင် ဆုဖလား ၈ ခု အသင်းနဲ့ အတူ ရရှိသွားခဲ့ပါတယ်။ ၎င်းဟာ ၂၀၁၆ ဘောလုံးကစားသမားဘ၀ အပြီး အနားမယူခင် လီဗာပူးကနေ အယ်လ်အေ ဂလက်ဇီသင်းမှာ သွားရောက် ကစားခဲ့ပါသေးတယ်။

ဂျရတ်က လီဗာပူးကစားသမား ဘ၀ နောက်ဆုံးနေ့ရက် ၂၀၁၅ က ခရစ္စတယ်ပဲလေ့စ်ကို ရှုံးတဲ့ပွဲဟာ သူ့ ကစားသမားဘ၀ အဆိုးဆုံး နေ့ရက် တစ်ရက် ဖြစ်တယ်လို့ လတ်တလော အင်တာဗျူးတစ်ခုမှာ ဖွင့်ဟလာခဲ့တာပါ။

” ကျနော် အဲဒီနေ့ရက်ကို ဘယ်တုန်းကမှ စောင့်မျှော်မနေခဲ့ပါဘူး။ လီဗာပူးအသင်းကို နှုတ်ဆက်ရမယ့် နေ့ရက်က တစ်နေ့တော့ ရောက်လာမယ် ဆိုတာ သိခဲ့တယ်။ အဲဒီနေ့က ကြိုဆိုနှုတ်ဆက်ကြမှုကိုလည်း ကျနော် သိပ် သဘောကျခဲ့ရတာပါ ဒါပေမယ့် အဲဒီနေ့က ကစားသမားဘ၀ အဆိုးဆုံး နေ့ရက်ပဲ။ ကျနော် လီဗာပူးအသင်းကို ထပ်ပြီး ကိုယ်စားပြုခွင့် မရတော့ဘူးလေ အခု ပြန်စဉ်းစားရင်တောင် စိတ်က ပြန်ခံစားနေရတုန်းပါ။ ” လို့ ဂျရတ်က ဆိုပါတယ်။

ဂျရတ်ရဲ့ အန်းဖီးလ်က လီဗာပူးကစားသမားဘ၀ နောက်ဆုံးနေ့ရက်က ပဲလေ့စ်ကို ကစားခဲ့ရတာ ဖြစ်ပြီး ထိုပွဲမှာ လီဗာပူးက ၃ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ရပါတယ်။ လီဗာပူးကနေ လော့စ်အင်ဂျလိစ်သို့ ပြောင်းသွားတဲ့ ဂျရတ်ဟာ အယ်လ်အေ ဂလက်ဇီအသင်းမှာ တစ်ရာသီ ကစားခဲ့ပါသေးတယ်။ အမေရိကန် မှာ ၎င်းကို သိပ် လူသိမများပဲ အေးအေးဆေးဆေး နေနိုင်ခဲ့တာ အတွက်လည်း ကျေနပ်ခဲ့ရကြောင်း ဂျရတ်က ဆိုပါတယ်။

” အဲဒီ လူနေမှုဘဝက အလန်းပါပဲ။ ကျနော့် အတွက် အဲဒီလို လိုအပ်ခဲ့တယ်။ လီဗာပူး ကစားသမား ဘ၀ အဆုံးသတ်မှာ မတူတဲ့ စိန်ခေါ်မှု တစ်ခု၊ ဒီမြို့ရဲ့ အဝေးမှာ တိတ်တိတ် ဆိတ်ဆိတ်နေပြီး နောက် ဘာဆက်လုပ်ရမလဲ တွေးတောဖို့ လိုအပ်နေခဲ့တယ်။ အခြား မြို့တစ်မြို့မှာ အဲဒီလို နေခွင့်ရခဲ့တော့ သဘောကျခဲ့တယ်။ ကော်ဖီဆိုင် တစ်ဆိုင်ဆိုင်တည်း သာမန် လူမသိ သူမသိ တစ်ယောက်လို အေးအေးဆေးဆေး သွားထိုင်ခွင့် ရတယ်။ ဘယ်သူမှ ဂရုစိုက်ကြတဲ့သူ မရှိဘဲ လုပ်ချင်တာ လုပ်ခွင့်ရတယ်ပေါ့။ ဘယ်သူကမှ ကျနော် ဘယ်သူလဲဆိုတာ မသိကြဘူးပဲ။ ” လို့ ၎င်းက ဖွင့်ဟခဲ့ပါတယ်။

စတီဗင်ဂျရတ်ဟာ တစ်နေ့မှာတော့ လီဗာပူးအသင်းမှာ နည်းပြ အဖြစ် ပြန်လာဖို့ ရေပန်းအစားဆုံး ဖြစ်ပြီး ယာဂင်ကလော့ပ်သာ ထွက်ခွာသွားဖြစ်ရင် ဂျရတ်က အလေးအသာဆုံး ဖြစ်လာမှာ အသေအချာပဲ ဖြစ်ပါတယ်။

Zawgyi

လီဗာပူးအသင္းေခါင္းေဆာင္ေဟာင္း ဂႏၱ၀င္ကစားသမားၾကီး စတီဗင္ဂ်ရတ္က ေဘာလံုးရာသီ ၁၇ ရာသီၾကာ ကစားသြားခဲ့တဲ့ ကလပ္အသင္းကို ေနာက္ဆံုး ႏႈတ္ဆက္ခဲ့ရတဲ့ ရက္က အဆိုး၀ါးဆံုး ေန႔ရက္ တစ္ရက္ပဲ ျဖစ္တယ္လို႔ ထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။

လက္ရွိ ရိမ္းဂ်ားစ္အသင္းကို ကိုင္တြယ္ေနတဲ့ နည္းျပ ဂ်ရတ္ဟာ လီဗာပူးမွာေတာ့ ပဲြေပါင္း ၇၁၀ ကစားသြားခဲ့ကာ ခ်န္ပီယံလိဂ္ ဖလား တစ္ၾကိမ္ အပါအ၀င္ ဆုဖလား ၈ ခု အသင္းနဲ႕ အတူ ရရွိသြားခဲ့ပါတယ္။ ၄င္းဟာ ၂၀၁၆ ေဘာလံုးကစားသမားဘ၀ အျပီး အနားမယူခင္ လီဗာပူးကေန အယ္လ္ေအ ဂလက္ဇီသင္းမွာ သြားေရာက္ ကစားခဲ့ပါေသးတယ္။

ဂ်ရတ္က လီဗာပူးကစားသမား ဘ၀ ေနာက္ဆံုးေန႔ရက္ ၂၀၁၅ က ခရစၥတယ္ပဲေလ့စ္ကို ရွံဳးတဲ့ပြဲဟာ သူ႔ ကစားသမားဘ၀ အဆိုးဆံုး ေန႔ရက္ တစ္ရက္ ျဖစ္တယ္လို႔ လတ္တေလာ အင္တာဗ်ဴးတစ္ခုမွာ ဖြင့္ဟလာခဲ့တာပါ။

” က်ေနာ္ အဲဒီေန႔ရက္ကို ဘယ္တုန္းကမွ ေစာင့္ေမွ်ာ္မေနခဲ့ပါဘူး။ လီဗာပူးအသင္းကို နႈတ္ဆက္ရမယ့္ ေန႔ရက္က တစ္ေန႔ေတာ့ ေရာက္လာမယ္ ဆိုတာ သိခဲ့တယ္။ အဲဒီေန႔က ၾကိဳဆိုနႈတ္ဆက္ၾကမႈကိုလည္း က်ေနာ္ သိပ္ သေဘာက်ခဲ့ရတာပါ ဒါေပမယ့္ အဲဒီေန႔က ကစားသမားဘ၀ အဆိုးဆံုး ေန႔ရက္ပဲ။ က်ေနာ္ လီဗာပူးအသင္းကို ထပ္ျပီး ကိုယ္စားျပဳခြင့္ မရေတာ့ဘူးေလ အခု ျပန္စဥ္းစားရင္ေတာင္ စိတ္က ျပန္ခံစားေနရတုန္းပါ။ ” လို႔ ဂ်ရတ္က ဆိုပါတယ္။

ဂ်ရတ္ရဲ႕ အန္းဖီးလ္က လီဗာပူးကစားသမားဘ၀ ေနာက္ဆံုးေန႕ရက္က ပဲေလ့စ္ကို ကစားခဲ့ရတာ ျဖစ္ျပီး ထိုပြဲမွာ လီဗာပူးက ၃ဂိုး ၁ ဂိုးနဲ႕ ရွံဳးနိမ့္ခဲ့ရပါတယ္။ လီဗာပူးကေန ေလာ့စ္အင္ဂ်လိစ္သို႔ ေျပာင္းသြားတဲ့ ဂ်ရတ္ဟာ အယ္လ္ေအ ဂလက္ဇီအသင္းမွာ တစ္ရာသီ ကစားခဲ့ပါေသးတယ္။ အေမရိကန္ မွာ ၄င္းကို သိပ္ လူသိမမ်ားပဲ ေအးေအးေဆးေဆး ေနနုိင္ခဲ့တာ အတြက္လည္း ေက်နပ္ခဲ့ရေၾကာင္း ဂ်ရတ္က ဆိုပါတယ္။

” အဲဒီ လူေနမႈဘ၀က အလန္းပါပဲ။ က်ေနာ့္ အတြက္ အဲဒီလို လုိအပ္ခဲ့တယ္။ လီဗာပူး ကစားသမား ဘ၀ အဆံုးသတ္မွာ မတူတဲ့ စိန္ေခၚမႈ တစ္ခု၊ ဒီျမိဳ႔ရဲ႕ အေ၀းမွာ တိတ္တိတ္ ဆိတ္ဆိတ္ေနျပီး ေနာက္ ဘာဆက္လုပ္ရမလဲ ေတြးေတာဖို႔ လိုအပ္ေနခဲ့တယ္။ အျခား ျမဳိ႕တစ္ျမိဳ႕မွာ အဲဒီလို ေနခြင့္ရခဲ့ေတာ့ သေဘာက်ခဲ့တယ္။ ေကာ္ဖီဆိုင္ တစ္ဆိုင္ဆိုင္တည္း သာမန္ လူမသိ သူမသိ တစ္ေယာက္လို ေအးေအးေဆးေဆး သြားထိုင္ခြင့္ ရတယ္။ ဘယ္သူမွ ဂရုစိုက္ၾကတဲ့သူ မရွိဘဲ လုပ္ခ်င္တာ လုပ္ခြင့္ရတယ္ေပါ့။ ဘယ္သူကမွ က်ေနာ္ ဘယ္သူလဲဆိုတာ မသိၾကဘူးပဲ။ ” လို႔ ၄င္းက ဖြင့္ဟခဲ့ပါတယ္။

စတီဗင္ဂ်ရတ္ဟာ တစ္ေန႔မွာေတာ့ လီဗာပူးအသင္းမွာ နည္းျပ အျဖစ္ ျပန္လာဖို႔ ေရပန္းအစားဆံုး ျဖစ္ျပီး ယာဂင္ကေလာ့ပ္သာ ထြက္ခြာသြားျဖစ္ရင္ ဂ်ရတ္က အေလးအသာဆံုး ျဖစ္လာမွာ အေသအခ်ာပဲ ျဖစ္ပါတယ္။