ဒီအပတ် ပရီးမီးယားလိဂ်ပွဲမှာတော့ ချယ်ဆီးအသင်းဟာ အဝေးကွင်းအသင်းအဖြစ် ရလဒ်တွေဆိုးရွားကာ မန်နေဂျာကို ရာထူးကနေ ထုတ်ပယ်ထားတဲ့ အဲဗာတန်အသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။

အာဆင်နယ်ဟာ နွေအပြောင်းအရွှေ့မှာ ကစားသမားကောင်းတွေ ခေါ်ယူထားခဲ့ပြီး အင်အားဖြည့်တင်းမှုကောင်းတွေ လုပ်ထားခဲ့တာပါ။ ဒါပေမယ့် မှန်းချက်နဲ့ နှမ်းထွက်မကိုက်ဖြစ်ခဲ့ကာ ရလဒ်တွေဆိုးရွားနေပြီး လီဗာပူးကို အရေးနိမ့်တဲ့ ဒါဘီပွဲအပြီး တန်းဆင်းဇုန်ကို ကျရောက်ခဲ့တဲ့နောက် မန်နေဂျာ မားကိုစ့်ဆေးဗားကို ရာထူးကနေ ထုတ်ပယ်ခဲ့တာဖြစ်ပါတယ်။

ချယ်ဆီးကတော့ မန်စီးတီးနဲ့ ဝက်ဟမ်းတို့ကို အရေးနိမ့်အပြီး ကြားရက်မှာ ပုံစံကောင်းတွေ ပြန်ပြသနိုင်ခဲ့ကာ ဒီအပတ်မှာတော့ အဲဗာတန်နဲ့ ယှဉ်ပြိုင်ရပါမယ်။ ဒီပွဲပြီးရင်တော့ ချယ်ဆီးဟာ ချန်ပီယံလိဂ် ရံှူးထွက်အဆင့်ကို တက်ရောက်နိုင်ဖို့ရာ နောက်ဆုံးနဲ့ အရေးပါဆုံး ပွဲကို ကစားရဖို့ ရှိနေပါတယ်။ စကိုင်းစပေါ့ရဲ့ ပွဲကြို ခန့်မှန်းမှာတော့ ချာလီနီကိုးလက်စ်က အဝေးကွင်းမှာ ချယ်ဆီး အရေးနိမ့်မယ်လို့ အံ့အားသင့်ဖွယ် ခန့်မှန်းသွားခဲ့ပါတယ်။

ချာလီက ” မာကိုဆေးဗားနေရာကို ယာယီအစားထိုးနိုင်ပေမယ့် ဒါက အဲဗာတန်ကို လိုအပ်တဲ့ မြှင့်တင်မှုပေးမယ့်အရာ ဖြစ်ပါလိမ့်မယ်။ ချယ်ဆီးခံစစ်က မယုံကြည်ရပါဘူး။ သူတို့ဟာအက်စ်တွန်ဗီလာနဲ့ပွဲမှာတစ်ခါတစ်လေ အဆင်မပြေဖြစ်ခဲ့ပါတယ်။ မာကိုဆေးဗားလက်အောက်မှာ အဲဗာတန်က ကောင်းကောင်းမွန်မွန်မဖြစ်ခဲ့ပေမယ့် သူတို့ဟာ သုံးမှတ်ရဖို့ တိုက်ပွဲဝင်နိုင်ပါလိမ့်မယ်။ ” လို့ သုံးသပ်ခဲ့တာဖြစ်တယ်။

ပွဲရလဒ်အတွက် ချာလီရဲ့ ခန့်မှန်းမှုကတော့ အဲဗာတန် ၂-၁ ချယ်ဆီး ရလဒ် ထွက်ပေါ်မယ်လို့ ဖြစ်ပါတယ်။

ZAWGYI

ဒီအပတ္ ပရီးမီးယားလိဂ္ပြဲမွာေတာ့ ခ်ယ္ဆီးအသင္းဟာ အေဝးကြင္းအသင္းအျဖစ္ ရလဒ္ေတြဆိုုးရြားကာ မန္ေနဂ်ာကို ရာထူးကေန ထုတ္ပယ္ထားတဲ့ အဲဗာတန္အသင္းနဲ႔ ယွဥ္ျပိဳင္ကစားရမွာျဖစ္ပါတယ္။

အာဆင္နယ္ဟာ ေႏြအေျပာင္းအေရႊ႔မွာ ကစားသမားေကာင္းေတြ ေခၚယူထားခဲ့ျပီး အင္အားျဖည့္တင္းမႈေကာင္းေတြ လုပ္ထားခဲ့တာပါ။ ဒါေပမယ့္ မွန္းခ်က္နဲ႔ ႏွမ္းထြက္မကိုက္ျဖစ္ခဲ့ကာ ရလဒ္ေတြဆိုးရြားေနျပီး လီဗာပူးကို အေရးနိမ့့္တဲ့ ဒါဘီပြဲအျပီး တန္းဆင္းဇုန္ကို က်ေရာက္ခဲ့တဲ့ေနာက္ မန္ေနဂ်ာ မားကိုစ့္ေဆးဗားကို ရာထူးကေန ထုတ္ပယ္ခဲ့တာျဖစ္ပါတယ္။

ခ်ယ္ဆီးကေတာ့ မန္စီးတီးနဲ႔ ဝက္ဟမ္းတို႔ကို အေရးနိမ့္အျပီး ၾကားရက္မွာ ပံုစံေကာင္းေတြ ျပန္ျပသႏုိင္ခဲ့ကာ ဒီအပတ္မွာေတာ့ အဲဗာတန္နဲ႔ ယွဥ္ျပိဳင္ရပါမယ္။ ဒီပြဲျပီးရင္ေတာ့ ခ်ယ္ဆီးဟာ ခ်န္ပီယံလိဂ္ ရံွဴးထြက္အဆင့္ကို တက္ေရာက္ႏုိင္ဖို႔ရာ ေနာက္ဆုံးနဲ႔ အေရးပါဆံုး ပြဲကို ကစားရဖို႔ ရွိေနပါတယ္။ စကိုင္းစေပါ့ရဲ႕ ပြဲၾကိဳ ခန္႔မွန္းမွာေတာ့ ခ်ာလီနီကိုးလက္စ္က အေဝးကြင္းမွာ ခ်ယ္ဆီး အေရးနိမ့္မယ္လို႔ အံ့အားသင့္ဖြယ္ ခန္႔မွန္းသြားခဲ့ပါတယ္။

ခ်ာလီက ” မာကိုေဆးဗားေနရာကို ယာယီအစားထိုးႏိုင္ေပမယ့္ ဒါက အဲဗာတန္ကို လိုအပ္တဲ့ ျမႇင့္တင္မႈေပးမယ့္အရာ ျဖစ္ပါလိမ့္မယ္။ ခ်ယ္ဆီးခံစစ္က မယုံၾကည္ရပါဘူး။ သူတို႔ဟာအက္စ္တြန္ဗီလာနဲ႔ပြဲမွာတစ္ခါတစ္ေလ အဆင္မေျပျဖစ္ခဲ့ပါတယ္။ မာကိုေဆးဗားလက္ေအာက္မွာ အဲဗာတန္က ေကာင္းေကာင္းမြန္မြန္မျဖစ္ခဲ့ေပမယ့္ သူတို႔ဟာ သုံးမွတ္ရဖို႔ တိုက္ပြဲဝင္ႏိုင္ပါလိမ့္မယ္။ ” လို႔ သံုးသပ္ခဲ့တာျဖစ္တယ္။

ပြဲရလဒ္အတြက္ ခ်ာလီရဲ႕ ခန္႔မွန္းမႈကေတာ့ အဲဗာတန္ ၂-၁ ခ်ယ္ဆီး ရလဒ္ ထြက္ေပၚမယ္လို႔ ျဖစ္ပါတယ္။