ဆဲလ်ဘတ်နဲ့ ချန်ပီယံလိဂ်အုပ်စုတွင်း နောက်ဆုံးပွဲအတွက် ပွဲကြို လီဗာပူးရဲ့ ကွင်းဖွင့်လေ့ကျင့်ရေးမှာ ခံစစ်မှူး လိုဗရန် ပြန်လည်ပါဝင်လာသလို အဓိက ကစားသမားတွေအားလုံး ပါဝင်သွားခဲ့ပါတယ်။

လိုဗရန်ဟာ နောက်ဆုံးယှဉ်ပြိုင်ခဲ့တဲ့ ဘုန်းမောက်နဲ့ပွဲမှာ ဒဏ်ရာကြောင့် ပထမပိုင်းမှာတင် အသင်းဖော် ထရန့်နဲ့ လူစားလဲခဲ့ရတာပါ။ တံကောက်ကြောဒဏ်ရာလို့ ယူဆမှုတွေ ရှိထားခဲ့ပေမယ့် ဒုတိယပိုင်းမှာ အရန်ခုံကို ပြန်လာထိုင်နေမှုအရ ကြွက်သားနာကျင်မှုလို့ သိထားရတာဖြစ်တယ်။ အဆိုပါ ဒဏ်ရာမျိုးက ရက်ပိုင်းအတွင်း ပျောက်ကင်းတဲ့ အသေးစားဒဏ်ရာ ဖြစ်ပါတယ်။

လီဗာပူးခံစစ်မှာ မာတစ် ဒဏ်ရာရနေတာကြောင့် ဗန်ဒိုက်နဲ့ တွဲဘက်ဖို့အတွက် လိုဗရန်နဲ့ ဂိုးမက်စ်တို့ပဲ ကျန်ရှိနေတာဖြစ်တယ်။ ဘုန်းမောက်ပွဲမှာတော့ ညာအစွန်နေရာ ဂိုးမက်စ် ကစားနေခဲ့ပြီး ထရန့်ဝင်လာချိန်မှာတော့ သူက ဗဟိုခံစစ်နေရာကို ပြောင်းရွှေ့ ကစားခဲ့ပါတယ်။ ဂိုးမက်စ်ဟာ နှစ်နေရာလုံးကို ကစားနိုင်ပေမယ့် ဗဟိုခံစစ်နေရာကို ပိုအားသန်တဲ့ ကစားသမား ဖြစ်ပါတယ်။

ကွင်းဖွင့် လေ့ကျင့်ရေး အစိတ်အပိုင်းမှာ လိုဗရန်က အပြည့်အဝ ပါဝင်သွားခဲ့တာဖြစ်လို့ ကြံ့ခိုင်မှုနဲ့ ပက်သက်ပြီး အကောင်မြင်နိုင်မှုတွေ များနေတာပါ။ ဒါပေမယ့် သူ့ရဲ့ဒဏ်ရာက ပုံမှန်အနေအထားဖြစ်နေမလားကတော့ သေချာပေါက် မပြောနိုင်သေးပါဘူး။ ဒဏ်ရာအခြေအနေအပေါ် မူတည်ပြီး ဆဲလ်ဘတ်နဲ့ပွဲမှာ အရန်ခုံထိုင်ရနိုင်သလို ရာနှုန်းပြည့် ကောင်းမွန်နေရင်တော့ ပွဲထွက်လူစာရင်းက ပါဝင်နိုင်မှာဖြစ်တယ်။

မနှစ်တုန်းက လီဗာပူးခံစစ်ဟာ ဂိုးမက်စ်၊ ဗန်ဒိုက်တို့နဲ့ အတော်လေး အတွဲညီခဲ့ပြီး ဂိုးမက်စ် ဒဏ်ရာရခဲ့ချိန်မှာ မာတစ်က အဓိက ခံစစ်မှူး ဖြစ်လာခဲ့တယ်။ လိုဗရန်က စတုတ္ထဦးစားပေးအဖြစ် ရှိနေခဲ့တာဖြစ်တယ်။ ဒီရာသီမှာတော့ မာတစ်က ဗန်ဒိုက်နဲ့ အဓိက တွဲဘက်ဖြစ်လာခဲ့ပြီး သူတို့နှစ်ဦးနောက်မှာ လိုဗရန်က ဦးစားပေးအဖြစ် ခြေစွမ်းပြနေတာဖြစ်ပါတယ်။

လီဗာပူးဟာ ရံှူးထွက်အဆင့်ကို တက်ရောက်နိုင်ဖို့ ဆဲလ်ဘတ်နဲ့ပွဲကို အနည်းဆုံး သရေတစ်မှတ် ရယူဖို့ လိုအပ်နေတာဖြစ်တယ်။ ပွဲကြို လေ့ကျင့်ရေးမှာတော့ အသေးစားဒဏ်ရာကြောင့် အနားယူနေရတဲ့ ဝိုက်နယ်ဒမ် ပြန်ပါလာပြီး လယ်လာနာကတော့ တစ်ဦးတည်း လေ့ကျင့်ရေး ဆင်းနေခဲ့တာ တွေ့ခဲ့ရပါတယ်။

ZAWGYI

ဆဲလ္ဘတ္နဲ႔ ခ်န္ပီယံလိဂ္အုပ္စုတြင္း ေနာက္ဆံုးပြဲအတြက္ ပြဲၾကိဳ လီဗာပူးရဲ႕ ကြင္းဖြင့္ေလ့က်င့္ေရးမွာ ခံစစ္မွဴး လိုဗရန္ ျပန္လည္ပါဝင္လာသလို အဓိက ကစားသမားေတြအားလံုး ပါဝင္သြားခဲ့ပါတယ္။

လိုဗရန္ဟာ ေနာက္ဆံုးယွဥ္ျပိဳင္ခဲ့တဲ့ ဘုန္းေမာက္နဲ႔ပြဲမွာ ဒဏ္ရာေၾကာင့္ ပထမပိုင္းမွာတင္ အသင္းေဖာ္ ထရန္႔နဲ႔ လူစားလဲခဲ့ရတာပါ။ တံေကာက္ေၾကာဒဏ္ရာလို႔ ယူဆမႈေတြ ရွိထားခဲ့ေပမယ့္ ဒုတိယပိုင္းမွာ အရန္ခံုကို ျပန္လာထိုင္ေနမႈအရ ၾကြက္သားနာက်င္မႈလို႔ သိထားရတာျဖစ္တယ္။ အဆိုပါ ဒဏ္ရာမ်ိဳးက ရက္ပိုင္းအတြင္း ေပ်ာက္ကင္းတဲ့ အေသးစားဒဏ္ရာ ျဖစ္ပါတယ္။

လီဗာပူးခံစစ္မွာ မာတစ္ ဒဏ္ရာရေနတာေၾကာင့္ ဗန္ဒိုက္နဲ႔ တြဲဘက္ဖို႔အတြက္ လိုဗရန္နဲ႔ ဂိုးမက္စ္တို႔ပဲ က်န္ရွိေနတာျဖစ္တယ္။ ဘုန္းေမာက္ပြဲမွာေတာ့ ညာအစြန္ေနရာ ဂိုးမက္စ္ ကစားေနခဲ့ျပီး ထရန္႔ဝင္လာခ်ိန္မွာေတာ့ သူက ဗဟိုခံစစ္ေနရာကို ေျပာင္းေရႊ႔ ကစားခဲ့ပါတယ္။ ဂိုးမက္စ္ဟာ ႏွစ္ေနရာလံုးကို ကစားႏုိင္ေပမယ့္ ဗဟိုခံစစ္ေနရာကို ပိုအားသန္တဲ့ ကစားသမား ျဖစ္ပါတယ္။

ကြင္းဖြင့္ ေလ့က်င့္ေရး အစိတ္အပိုင္းမွာ လိုဗရန္က အျပည့္အဝ ပါဝင္သြားခဲ့တာျဖစ္လို႔ ၾကံ႕ခိုင္မႈနဲ႔ ပက္သက္ျပီး အေကာင္ျမင္ႏိုင္မႈေတြ မ်ားေနတာပါ။ ဒါေပမယ့္ သူ႔ရဲ႕ဒဏ္ရာက ပံုမွန္အေနအထားျဖစ္ေနမလားကေတာ့ ေသခ်ာေပါက္ မေျပာႏုိင္ေသးပါဘူး။ ဒဏ္ရာအေျခအေနအေပၚ မူတည္ျပီး ဆဲလ္ဘတ္နဲ႔ပြဲမွာ အရန္ခံုထိုင္ရႏုိင္သလို ရာႏႈန္းျပည့္ ေကာင္းမြန္ေနရင္ေတာ့ ပြဲထြက္လူစာရင္းက ပါဝင္ႏုိင္မွာျဖစ္တယ္။

မႏွစ္တုန္းက လီဗာပူးခံစစ္ဟာ ဂိုးမက္စ္၊ ဗန္ဒိုက္တို႔နဲ႔ အေတာ္ေလး အတြဲညီခဲ့ျပီး ဂိုးမက္စ္ ဒဏ္ရာရခဲ့ခ်ိန္မွာ မာတစ္က အဓိက ခံစစ္မွဴး ျဖစ္လာခဲ့တယ္။ လိုဗရန္က စတုတၳဦးစားေပးအျဖစ္ ရွိေနခဲ့တာျဖစ္တယ္။ ဒီရာသီမွာေတာ့ မာတစ္က ဗန္ဒိုက္နဲ႔ အဓိက တြဲဘက္ျဖစ္လာခဲ့ျပီး သူတို႔ႏွစ္ဦးေနာက္မွာ လိုဗရန္က ဦးစားေပးအျဖစ္ ေျခစြမ္းျပေနတာျဖစ္ပါတယ္။

လီဗာပူးဟာ ရံွဴးထြက္အဆင့္ကို တက္ေရာက္ႏုိင္ဖို႔ ဆဲလ္ဘတ္နဲ႔ပြဲကို အနည္းဆံုး သေရတစ္မွတ္ ရယူဖို႔ လိုအပ္ေနတာျဖစ္တယ္။ ပြဲၾကိဳ ေလ့က်င့္ေရးမွာေတာ့ အေသးစားဒဏ္ရာေၾကာင့္ အနားယူေနရတဲ့ ဝိုက္နယ္ဒမ္ ျပန္ပါလာျပီး လယ္လာနာကေတာ့ တစ္ဦးတည္း ေလ့က်င့္ေရး ဆင္းေနခဲ့တာ ေတြ႔ခဲ့ရပါတယ္။