ချန်ပီယံလိဂ် အုပ်စုကြပ်မှာ ကျရောက်ခဲ့တဲ့ ချယ်ဆီးဟာ ဒီတပတ် အုပ်စု နောက်ဆုံးပွဲစဉ်မှာ နောက်တစ်ဆင့် ၁၆သင်း ရှုံးထွက် အဆင့်ကို တက်ရောက်နိုင်မလား အဖြေပေါ်မှာ ဖြစ်ပါတယ်။ ချယ်ဆီးက ပြင်သစ်ကလပ် လိုင်လီအသင်းကို အိမ်ကွင်းစတန်းဖို့ဘရစ်ချ်မှာ အုပ်စု နောက်ဆုံးပွဲ အဖြစ် ဧည့်ခံ ကစားရမှာပါ။
ချယ်ဆီးအသင်းဟာ အုပ်စု H မှာ ရမှတ် ၈ မှတ် ရထားပြီး ဒုတိယနေရာမှာ ဗလင်စီယာနဲ့ အမှတ်တူ ဂိုးကွာခြားချက်အကွာအရ တတိယနေရာမှာ ရှိနေပါတယ်။ နောက်ဆုံး ကစားထားတဲ့ ပြည်တွင်း ပရီးမီးယားလိဂ်မှာ အဲဗာတန်ကို ရှုံးထားတဲ့ ချယ်ဆီး အနေနဲ့ အရှုံးကနေ ရုန်းထပြီး အုပ်စုကနေ တက်ဖို့ ဒီပွဲကို အနိုင်ကန်ရန် လိုအပ်နေပါတယ်။
ပွဲစဉ်ကတော့ လာမယ့် ဗုဒ္ဓဟူးနေ့ မြန်မာစံတော်ချိန် မနက် အစော ၂း၃၀ နာရီ ဖြစ်ပါတယ်။ ဒီပွဲစဉ် အတွက် နာမည်ကျော် တိုက်စစ်မှူးဟောင်း မိုက်ကယ် အိုဝင်ရဲ့ ခန့်မှန်း သုံးသပ်ချက်တွေကို ဖော်ပြပေးပါမယ်။
” ၁၆ သင်း အဆင့်ကို တက်ရောက်ဖို့က ချယ်ဆီးအတွက် နိုင်ပွဲ ရမှ ဖြစ်ပြီး လိုင်လီအသင်းကတော့ ပြီးခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စုပွဲ ၅ ပွဲကနေ တစ်မှတ်သာ ရရှိထားပါတယ်။ ဒါပေမယ့် ပြည်တွင်းမှာတော့ နောက်ဆုံး ကစားထားတဲ့ လိဂ်ပွဲ သုံးပွဲဆက်တိုက် အနိုင်ရရှိထားပါတယ်။
ချယ်ဆီးအသင်းက လိုင်လီကို ပြင်သစ်မှာ သွားရောက် ရင်ဆိုင်စဉ်က ၂-၁ နဲ့ နိုင်ပွဲ ရထားတာပါ။ လိုင်လီက ဥရောပ ပြိုင်ပွဲ နောက်ဆုံး ကစားထားတဲ့ အဝေးကွင်းပွဲ ၇ ပွဲ ဆက် နိုင်ပွဲ မရှိပါဘူး။ ချယ်ဆီးအသင်းဟာ ဂိုးတွေ မပေးရဖို့တော့ ရုန်းကန်ရဆဲ ဖြစ်ပါတယ်။ ဒီရာသီ ပြိုင်ပွဲစုံ အိမ်ကွင်းပွဲစဉ် ၁၂ ပွဲမှာ clean sheet ရထားတာ ၃ ပွဲသာ ရှိပါတယ်။ လိုင်လီက သူတို့ တာဝန် သူတို့ကျေအောင် အားထုတ် ကစားသွားမှာ ဖြစ်ပြီး စတန်းဖို့ဘရစ်ချ်မှာ ဂိုးတွေ မြူးပါလိမ့်မယ်။ ”
မိုက်ကယ် အိုဝင်ခန့်မှန်းရလဒ်ကတော့ နှစ်သွင်းလုံး ဂိုးသွင်းပြီး ချယ်ဆီး ဂိုးအများနဲ့ နိုင်မယ်လို့ ဆိုထားပါတယ်။
Zawgyi
ခ်န္ပီယံလိဂ္ အုပ္စုၾကပ္မွာ က်ေရာက္ခဲ့တဲ့ ခ်ယ္ဆီးဟာ ဒီတပတ္ အုပ္စု ေနာက္ဆံုးပြဲစဥ္မွာ ေနာက္တစ္ဆင့္ ၁၆သင္း ရွံဳးထြက္ အဆင့္ကို တက္ေရာက္နုိင္မလား အေျဖေပၚမွာ ျဖစ္ပါတယ္။ ခ်ယ္ဆီးက ျပင္သစ္ကလပ္ လိုင္လီအသင္းကို အိမ္ကြင္းစတန္းဖို႔ဘရစ္ခ်္မွာ အုပ္စု ေနာက္ဆံုးပြဲ အျဖစ္ ဧည့္ခံ ကစားရမွာပါ။
ခ်ယ္ဆီးအသင္းဟာ အုပ္စု H မွာ ရမွတ္ ၈ မွတ္ ရထားျပီး ဒုတိယေနရာမွာ ဗလင္စီယာနဲ႕ အမွတ္တူ ဂိုးကြာျခားခ်က္အကြာအရ တတိယေနရာမွာ ရွိေနပါတယ္။ ေနာက္ဆံုး ကစားထားတဲ့ ျပည္တြင္း ပရီးမီးယားလိဂ္မွာ အဲဗာတန္ကို ရွံဳးထားတဲ့ ခ်ယ္ဆီး အေနနဲ႕ အရွံဳးကေန ရုန္းထျပီး အုပ္စုကေန တက္ဖို႔ ဒီပြဲကို အနုိင္ကန္ရန္ လိုအပ္ေနပါတယ္။
ပြဲစဥ္ကေတာ့ လာမယ့္ ဗုဒၶဟူးေန႔ ျမန္မာစံေတာ္ခ်ိန္ မနက္ အေစာ ၂း၃၀ နာရီ ျဖစ္ပါတယ္။ ဒီပြဲစဥ္ အတြက္ နာမည္ေက်ာ္ တိုက္စစ္မွဴးေဟာင္း မိုက္ကယ္ အုိ၀င္ရဲ႕ ခန္႔မွန္း သံုးသပ္ခ်က္ေတြကို ေဖာ္ျပေပးပါမယ္။
” ၁၆ သင္း အဆင့္ကို တက္ေရာက္ဖို႔က ခ်ယ္ဆီးအတြက္ နိုင္ပြဲ ရမွ ျဖစ္ျပီး လိုင္လီအသင္းကေတာ့ ျပီးခဲ့တဲ့ ခ်န္ပီယံလိဂ္ အုပ္စုပြဲ ၅ ပြဲကေန တစ္မွတ္သာ ရရွိထားပါတယ္။ ဒါေပမယ့္ ျပည္တြင္းမွာေတာ့ ေနာက္ဆံုး ကစားထားတဲ့ လိဂ္ပြဲ သံုးပြဲဆက္တိုက္ အနုိင္ရရွိထားပါတယ္။
ခ်ယ္ဆီးအသင္းက လိုင္လီကို ျပင္သစ္မွာ သြားေရာက္ ရင္ဆုိင္စဥ္က ၂-၁ နဲ႕ နုိင္ပြဲ ရထားတာပါ။ လိုင္လီက ဥေရာပ ျပိဳင္ပြဲ ေနာက္ဆံုး ကစားထားတဲ့ အေ၀းကြင္းပြဲ ၇ ပြဲ ဆက္ နုိင္ပြဲ မရွိပါဘူး။ ခ်ယ္ဆီးအသင္းဟာ ဂိုးေတြ မေပးရဖို႔ေတာ့ ရုန္းကန္ရဆဲ ျဖစ္ပါတယ္။ ဒီရာသီ ျပိဳင္ပြဲစံု အိမ္ကြင္းပြဲစဥ္ ၁၂ ပြဲမွာ clean sheet ရထားတာ ၃ ပြဲသာ ရွိပါတယ္။ လိုင္လီက သူတို႔ တာ၀န္ သူတို႔ေက်ေအာင္ အားထုတ္ ကစားသြားမွာ ျဖစ္ျပီး စတန္းဖို႔ဘရစ္ခ်္မွာ ဂိုးေတြ ျမဴးပါလိမ့္မယ္။ ”
မိုက္ကယ္ အို၀င္ခန္႔မွန္းရလဒ္ကေတာ့ နွစ္သြင္းလံုး ဂိုးသြင္းျပီး ခ်ယ္ဆီး ဂိုးအမ်ားနဲ႕ နိုင္မယ္လို႔ ဆိုထားပါတယ္။