ဝိုက်နယ်ဒမ်နဲ့ လိုဗရန် ပြန်ပါလာတဲ့ လီဗာပူးရဲ့ အသင်းသား ၁၉ ဦးဟာ ဆဲလ်ဘတ်ကိုသွားမယ့် ချန်ပီယံလိဂ်ခရီးစဉ်မှာ ပါဝင်သွားမယ်လို့ လီဗာပူးအသင်းက တရားဝင်ကြေညာလိုက်ပါတယ်။

ဘုန်းမောက်ကို ၃-၀ နဲ့ အနိုင်ရတဲ့ပွဲမှာ အသေးစားဒဏ်ရာကြောင့် မပါနိုင်တဲ့ ဂီနီနဲ့ အဆိုပါပွဲမှာ ဒဏ်ရာရခဲ့တဲ့ လိုဗရန်တို့ဟာ အချိန်မှီ ပြန်လည်သက်သာနေခဲ့လို့ လူစာရင်းထဲ ပါဝင်ခဲ့တာပါ။ ဒါပေမယ့်လည်း ကွင်းလယ်လူ လယ်လာနာကတော့ ကြံ့ခိုင်မှုဆိုင်ရာ လိုအပ်ချက် ရှိနေတာကြောင့် မဲဝုဒ်မှာပဲ ကျန်နေခဲ့မှာဖြစ်ပါတယ်။

ယာဂင်ကလော့ပ်က “ ဂီနီနဲ့ ဒီဂျမ်တို့ အဆင်ပြေပါတယ်။ အဒမ်ကလွဲရင် ကျနေ်ာတို့ လူအားလုံး စုံပါတယ်။ အဒမ်ကတော့ မပါနိုင်ပေမယ့် ကြာသပတေးနေ့ လေ့ကျင့်ရေးမှာတော့ ပါလာပါလိမ့်မယ် ဖိအားတွေရှိရင် သူ့ကို သုံးလို့ရပေမယ့် အဲ့သည်လို အနေအထားတွေ မလုပ်ချင်ပါဘူး။ အသေးစား ဒဏ်ရာပါပဲ။ ” လို့ ဆိုခဲ့တာဖြစ်တယ်။

လီဗာပူးရဲ့ ၁၉ ဦး လူစာရင်းမှာတော့ ကြံ့ခိုင်မှုပြန်ကောင်းလာတဲ့ ကစားသမားနှစ်ဦး၊ နောက်ပြီး အဓိက တိုက်စစ်သုံးဦးအပြင် အိုရီဂီ၊ ရှာကွီရီတို့ ပါဝင်ခဲ့တယ်။ လူငယ်ကစားသမား ဂျုံးနဲ့ ဂိုးသမားကလယ်ဟာကိုလည်း လူစာရင်းထဲ ထည့်သွင်းထားတာကို တွေ့ရပါတယ်။

Travelling squad: Alisson, Van Dijk, Wijnaldum, Lovren, Milner, Keita, Firmino, Mane, Salah, Gomez, Adrian, Henderson, Oxlade-Chamberlain, Shaqiri, Robertson, Origi, Jones, Kelleher, Alexander-Arnold.

ZAWGYI

ဝိုက္နယ္ဒမ္နဲ႔ လိုဗရန္ ျပန္ပါလာတဲ့ လီဗာပူးရဲ႕ အသင္းသား ၁၉ ဦးဟာ ဆဲလ္ဘတ္ကိုသြားမယ့္ ခ်န္ပီယံလိဂ္ခရီးစဥ္မွာ ပါဝင္သြားမယ္လို႔ လီဗာပူးအသင္းက တရားဝင္ေၾကညာလိုက္ပါတယ္။

ဘုန္းေမာက္ကို ၃-၀ နဲ႔ အႏိုင္ရတဲ့ပြဲမွာ အေသးစားဒဏ္ရာေၾကာင့့္ မပါႏုိင္တဲ့ ဂီနီနဲ႔ အဆိုပါပြဲမွာ ဒဏ္ရာရခဲ့တဲ့ လိုဗရန္တို႔ဟာ အခ်ိန္မွီ ျပန္လည္သက္သာေနခဲ့လို႔ လူစာရင္းထဲ ပါဝင္ခဲ့တာပါ။ ဒါေပမယ့္လည္း ကြင္းလယ္လူ လယ္လာနာကေတာ့ ၾကံ႕ခိုင္မႈဆိုင္ရာ လိုအပ္ခ်က္ ရွိေနတာေၾကာင့္ မဲဝုဒ္မွာပဲ က်န္ေနခဲ့မွာျဖစ္ပါတယ္။

ယာဂင္ကေလာ့ပ္က “ ဂီနီနဲ႔ ဒီဂ်မ္တို႔ အဆင္ေျပပါတယ္။ အဒမ္ကလြဲရင္ က်ေန္ာတို႔ လူအားလံုး စံုပါတယ္။ အဒမ္ကေတာ့ မပါႏုိင္ေပမယ့္ ၾကာသပေတးေန႔ ေလ့က်င့္ေရးမွာေတာ့ ပါလာပါလိမ့္မယ္ ဖိအားေတြရွိရင္ သူ႔ကို သံုးလို႔ရေပမယ့္ အဲ့သည္လို အေနအထားေတြ မလုပ္ခ်င္ပါဘူး။ အေသးစား ဒဏ္ရာပါပဲ။ ” လို႔ ဆိုခဲ့တာျဖစ္တယ္။

လီဗာပူးရဲ႕ ၁၉ ဦး လူစာရင္းမွာေတာ့ ၾကံ႕ခိုင္မႈျပန္ေကာင္းလာတဲ့ ကစားသမားႏွစ္ဦး၊ ေနာက္ျပီး အဓိက တိုက္စစ္သံုးဦးအျပင္ အိုရီဂီ၊ ရွာကီြရီတို႔ ပါဝင္ခဲ့တယ္။ လူငယ္ကစားသမား ဂ်ံဳးနဲ႔ ဂိုးသမားကလယ္ဟာကိုလည္း လူစာရင္းထဲ ထည့္သြင္းထားတာကို ေတြ႔ရပါတယ္။

Travelling squad: Alisson, Van Dijk, Wijnaldum, Lovren, Milner, Keita, Firmino, Mane, Salah, Gomez, Adrian, Henderson, Oxlade-Chamberlain, Shaqiri, Robertson, Origi, Jones, Kelleher, Alexander-Arnold.