မန်ချက်စတာဒါဘီမှာ မန်စီးတီးကို ၂-၁ နဲ့ နိုင်ခဲ့တာဟာ တကယ့် ယူနိုက်တက်အသင်းကို မြင်ခဲ့ရသလိုပဲလို့ ပြောရင် ပွဲအပြီး ပရိသတ်တွေကို လိုက်နှုတ်ဆက်နေတဲ့ ဆိုးရှားရဲ့ မျက်နှာမှာ ကျေနပ်နေတဲ့ အရိပ် အယောင်တွေ မြင်ရပါတယ်။
ယူနိုက်တက်တို့ စစ်မှန်တဲ့ ပုံစံကောင်းရပြီလို့ ပြောဖို့အတွက် ၂ပွဲလောက်နဲ့ မရပဲ ဒီထက်ပိုပြီး အများကြီး လုပ်ပြရမယ်ဆိုတာ ဆိုးရှား ကောင်းကောင်းသိပါတယ်။ စီးတီးနဲ့စပါးကို ၂ပွဲဆက် ရှုံးခဲ့ရင် ဆိုးရှားအပေါ် ကျလာမယ့် ဖိအားတွေကို စဉ်းစားကြည့်မယ်ဆိုရင် နိုင်ခဲ့တာကို အထင်သေးလို့မရပါဘူး။ ဒါပေမယ့် နောက်ထပ် ရက်သတ္တပတ် အနည်းငယ်ကျမှ ယူနိုက်တက် ဘာလဲ ဘယ်လဲဆိုတာ သေချာသိရမှာဖြစ်ပါတယ်။
ယူနိုက်တက်ဟာ လာမယ့်ပွဲတွေမှာတော့ အသင်းကြီးတွေကို ရင်ဆိုင်ရဖို့ မရှိပဲ ဇယားအလယ်နဲ့ အောက်ခြေတွေက အဲဗာတန်၊ ဝက်ဖို့ဒ်၊ နယူးကာဆယ်၊ ဘန်လေတို့နဲ့ ယှဉ်ပြိုင်ရမှာဖြစ်တယ်။ အဆိုပါပွဲတွေမှာ ယူနိုက်တက်အနေနဲ့ ဘောလုံးကို အသာစီး ရယူကာ ရမှတ်တွေအတွက် ကစားနိုင်မလားက မေးခွန်းတစ်ခုဖြစ်ပါတယ်။
“ခံစစ်ပိုအားပြုတဲ့ အသင်းတွေနဲ့တွေ့တဲ့အခါ ကျွန်တော်တို့ ပိုကောင်းတဲ့ရလဒ်တွေ လိုအပ်တယ်ဆိုတာ သိပါတယ်။ ဒါပေမယ့် ဒါကို တိုးတက်အောင် လုပ်သွားမှာပါ။ ပွဲတိုင်းမှာ အနိုင်ရဖို့ သူတို့တွေအနေနဲ့ မှန်ကန်တဲ့ လမ်းကြောင်းပေါ် ရောက်ဖို့လိုပါတယ်။ တစ်ခါတစ်လေ ပိုမြန်မြန် ဘောလုံးပေး၊ ပိုမြန်မြန် ဘောလုံးပြန်ဆယ်ရတယ်။ ဒါက စိတ်နဲ့ဆိုင်တဲ့အရာဆိုရင် ဒါကို ကျွန်တော်တို့ ဖြေရှင်းနိုင်တယ်။
ရလဒ်နောက်ကွယ်က အရာတွေကို ကြည့်မယ်ဆိုရင် ကျွန်တော်က အရမ်းမစိုးရိမ်ပါဘူး။ တကယ်လို့ ကောင်လေးတွေက ဒီလိုပွဲတွေအတွက် သူတို့မလုပ်နိုင်ဘူးလို့ ကျွန်တော်တို့မှာ ပြဿနာရှိနေပြီလို့ ဆိုရမှာပါ။ ကျွန်တော်တို့ ကစားတုန်းက သိပ်အကောင်းကြီး မဟုတ်တဲ့ အသင်းငယ်တွေနဲ့ တွေ့တဲ့အခါ ဘယ်တော့မှ အမှတ်တွေ အလကားမပေးပစ်ဘူး၊ ပရီးမီးယားလိဂ်က ခက်ခဲပါတယ်။ ဒီလိုစိတ်ဓာတ်မျိုးမရှိရင် ရလဒ်ကောင်းတွေ ရမှာမဟုတ်ဘူး။ ဒါပေမယ့် ဒီလိုစိတ်ဓာတ်နဲ့ ကျွန်တော် အလုပ်လုပ်သွားမှာပါ” လို့ ဆိုးရှားက ပြောဆိုခဲ့ပါတယ်။
ZAWGYI
မန္ခ်က္စတာဒါဘီမွာ မန္စီးတီးကို ၂-၁ နဲ႔ ႏိုင္ခဲ့တာဟာ တကယ့္ ယူႏိုက္တက္အသင္းကို ျမင္ခဲ့ရသလိုပဲလို႔ ေျပာရင္ ပြဲအျပီး ပရိသတ္ေတြကို လိုက္ႏႈတ္ဆက္ေနတဲ့ ဆိုးရွားရဲ႕ မ်က္ႏွာမွာ ေက်နပ္ေနတဲ့ အရိပ္ အေယာင္ေတြ ျမင္ရပါတယ္။
ယူႏုိက္တက္တို႔ စစ္မွန္တဲ့ ပုံစံေကာင္းရၿပီလို႔ ေျပာဖို႔အတြက္ ၂ပြဲေလာက္နဲ႔ မရပဲ ဒီထက္ပိုၿပီး အမ်ားႀကီး လုပ္ျပရမယ္ဆိုတာ ဆိုးရွား ေကာင္းေကာင္းသိပါတယ္။ စီးတီးနဲ ႔စပါးကို ၂ပြဲဆက္ ရႈံးခဲ့ရင္ ဆိုးရွားအေပၚ က်လာမယ့္ ဖိအားေတြကို စဥ္းစားၾကည့္မယ္ဆိုရင္ ႏိုင္ခဲ့တာကို အထင္ေသးလို႔မရပါဘူး။ ဒါေပမယ့္ ေနာက္ထပ္ ရက္သတၱပတ္ အနည္းငယ္က်မွ ယူႏိုက္တက္ ဘာလဲ ဘယ္လဲဆိုတာ ေသခ်ာသိရမွာျဖစ္ပါတယ္။
ယူႏုိက္တက္ဟာ လာမယ့္ပြဲေတြမွာေတာ့ အသင္းၾကီးေတြကို ရင္ဆုိင္ရဖို႔ မရွိပဲ ဇယားအလယ္နဲ႔ ေအာက္ေျခေတြက အဲဗာတန္၊ ဝက္ဖို႔ဒ္၊ နယူးကာဆယ္၊ ဘန္ေလတို႔နဲ႔ ယွဥ္ျပိဳင္ရမွာျဖစ္တယ္။ အဆိုပါပြဲေတြမွာ ယူႏိုက္တက္အေနနဲ႔ ေဘာလုံးကို အသာစီး ရယူကာ ရမွတ္ေတြအတြက္ ကစားႏိုင္မလားက ေမးခြန္းတစ္ခုျဖစ္ပါတယ္။
“ခံစစ္ပိုအားျပဳတဲ့ အသင္းေတြနဲ႔ေတြ႕တဲ့အခါ ကြၽန္ေတာ္တို႔ ပိုေကာင္းတဲ့ရလဒ္ေတြ လိုအပ္တယ္ဆိုတာ သိပါတယ္။ ဒါေပမယ့္ ဒါကို တိုးတက္ေအာင္ လုပ္သြားမွာပါ။ ပြဲတိုင္းမွာ အႏိုင္ရဖို႔ သူတို႔ေတြအေနနဲ႔ မွန္ကန္တဲ့ လမ္းေၾကာင္းေပၚ ေရာက္ဖို႔လိုပါတယ္။ တစ္ခါတစ္ေလ ပိုျမန္ျမန္ ေဘာလံုးေပး၊ ပိုျမန္ျမန္ ေဘာလုံးျပန္ဆယ္ရတယ္။ ဒါက စိတ္နဲ႔ဆိုင္တဲ့အရာဆိုရင္ ဒါကို ကြၽန္ေတာ္တို႔ ေျဖရွင္းႏိုင္တယ္။
ရလဒ္ေနာက္ကြယ္က အရာေတြကို ၾကည့္မယ္ဆိုရင္ ကြၽန္ေတာ္က အရမ္းမစိုးရိမ္ပါဘူး။ တကယ္လို႔ ေကာင္ေလးေတြက ဒီလိုပြဲေတြအတြက္ သူတို႔မလုပ္ႏိုင္ဘူးလို႔ ကြၽန္ေတာ္တို႔မွာ ျပႆနာရွိေနၿပီလို႔ ဆိုရမွာပါ။ ကြၽန္ေတာ္တို႔ ကစားတုန္းက သိပ္အေကာင္းႀကီး မဟုတ္တဲ့ အသင္းငယ္ေတြနဲ႔ ေတြ႕တဲ့အခါ ဘယ္ေတာ့မွ အမွတ္ေတြ အလကားမေပးပစ္ဘူး၊ ပရီးမီးယားလိဂ္က ခက္ခဲပါတယ္။ ဒီလိုစိတ္ဓာတ္မ်ိဳးမရွိရင္ ရလဒ္ေကာင္းေတြ ရမွာမဟုတ္ဘူး။ ဒါေပမယ့္ ဒီလိုစိတ္ဓာတ္နဲ႔ ကြၽန္ေတာ္ အလုပ္လုပ္သြားမွာပါ” လို႔ ဆိုးရွားက ေျပာဆိုခဲ့ပါတယ္။