ချန်ပီယံလိဂ် အုပ်စု E မှာ လီဗာပူးအသင်းက ရမှတ် ၁၀ မှတ်နဲ့ ပထမနေရာမှာ ရှိပြီး နာပိုလီက ၉ မှတ်နဲ့ ဒုတိယ၊ ရက်ဘူး ဆဲလ်ဘတ်က ၇ မှတ်နဲ့ တတိယနေရာမှာ ရှိနေတာပါ။ ဒီတပတ် အုပ်စု နောက်ဆုံး ပွဲစဉ်တွေက နောက်တစ်ဆင့် ၁၆ သင်း ရှုံးထွက် အဆင့်ကို တက်ရောက်ဖို့ အဆုံး အဖြတ် ဖြစ်လာပါမယ်။

လီဗာပူးအသင်းက ဆဲလ်ဘတ်နဲ့ ပွဲမှာ သရေ တစ်မှတ် ရရင်ပဲ နောက်တစ်ဆင့် တက်ဖို့ သေချာပြီ ဖြစ်ပါတယ်။ ဒီပွဲစဉ် အတွက် နာမည်ကျော် တိုက်စစ်မှူး မိုက်ကယ်အိုဝင်ရဲ့ သုံးသပ်ချက်တွေက အောက်ပါ အတိုင်း ဖြစ်ပါတယ်။

” အိမ်ရှင်အသင်းဟာ ချန်ပီယံလိဂ် ၁၆ သင်း အဆင့်ကို မတက်နိုင်တာ ၇ နှစ်ကြာခဲ့ပြီ ဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိ ဥရောပ ချန်ပီယံ လီဗာပူးအသင်းကတော့ နောက်တစ်ဆင့်ကို တက်ရောက်ဖို့ရာ ဒီပွဲကနေ တစ်မှတ်သာ လိုပါတယ်။

သြစတြီးယားသားတွေက ပြီးခဲ့တဲ့ အုပ်စု အိမ်ကွင်းပွဲ နှစ်ပွဲမှာ ၈ ဂိုးထိ သွင်းထားတာပါ။ ဒါပေမယ့် လီဗာပူးအသင်းက ယုံကြည်မှု မြင့်မြင့်မားမားနဲ့ ကစားနေတဲ့ အဆင့် ဖြစ်လို့ ဒီပွဲမှာ အိမ်ရှင်တွေ နောက်ထပ် နိုင်ပွဲ ရနိုင်ဖွယ် မရှိပါဘူး။ လီဗာပူးကတော့ ပြီးခဲ့တဲ့ ဂျန့်နဲ့ ပွဲမှာ နိုင်ပွဲရထားပြီး လေးပွဲဆက် အုပ်စုအဆင့် ပွဲစဉ်တွေမှာ အဝေးကွင်းပွဲတွေ ရှုံးထားတာကို အဆုံးသတ်ခဲ့ပြီဖြစ်ပါတယ်။ ဒါ့အပြင် သြစတြီးယား ကလပ် ရက်ဘူးဆဲလ်ဘတ်က ဒီပြိုင်ပွဲမှာ ပရီးမီးယားလိဂ် အသင်းတွေကို နိုင်ထားခြင်း မရှိပါဘူး။

အာလင်း ဘရက် ဟာလန်းက အုပ်စုပွဲစဉ် ၅ ပွဲမှာ ၈ ဂီုး အထိ သွင်းယူထားပြီး သူ့ကစားသမား ဘ၀ အပြောင်းအလဲ အဖြစ် ပရီးမီးယားလိဂ် ကလပ်အသင်းတွေထံ ပြောင်းဖို့ စိတ်ဝင်စားနေတဲ့ တိုက်စစ်မှူးက ဒီပွဲမှာ အာရုံစိုက်မှု ရစေဖို့ ဂိုးရအောင် ကြိုးစားပါလိမ့်မယ်။ ” လို့ အိုဝင်က သုံးသပ်သွားပါတယ်။

မိုက်ကယ် အိုဝင်ရဲ့ ခန့်မှန်း ရလဒ်ကတော့ နှစ်သင်းလုံး ဂိုးသွင်းပြီး လီဗာပူး အနိုင်ပါ။

Zawgyi

ခ်န္ပီယံလိဂ္ အုပ္စု E မွာ လီဗာပူးအသင္းက ရမွတ္ ၁၀ မွတ္နဲ႕ ပထမေနရာမွာ ရွိျပီး နာပိုလီက ၉ မွတ္နဲ႕ ဒုတိယ၊ ရက္ဘူး ဆဲလ္ဘတ္က ၇ မွတ္နဲ႕ တတိယေနရာမွာ ရွိေနတာပါ။ ဒီတပတ္ အုပ္စု ေနာက္ဆံုး ပြဲစဥ္ေတြက ေနာက္တစ္ဆင့္ ၁၆ သင္း ရွံဳးထြက္ အဆင့္ကို တက္ေရာက္ဖို႔ အဆံုး အျဖတ္ ျဖစ္လာပါမယ္။

လီဗာပူးအသင္းက ဆဲလ္ဘတ္နဲ႕ ပြဲမွာ သေရ တစ္မွတ္ ရရင္ပဲ ေနာက္တစ္ဆင့္ တက္ဖို႔ ေသခ်ာျပီ ျဖစ္ပါတယ္။ ဒီပြဲစဥ္ အတြက္ နာမည္ေက်ာ္ တိုက္စစ္မွဴး မိုက္ကယ္အို၀င္ရဲ႕ သံုးသပ္ခ်က္ေတြက ေအာက္ပါ အတိုင္း ျဖစ္ပါတယ္။

” အိမ္ရွင္အသင္းဟာ ခ်န္ပီယံလိဂ္ ၁၆ သင္း အဆင့္ကို မတက္နုိင္တာ ၇ နွစ္ၾကာခဲ့ျပီ ျဖစ္ပါတယ္။ ဒါေပမယ့္ လက္ရွိ ဥေရာပ ခ်န္ပီယံ လီဗာပူးအသင္းကေတာ့ ေနာက္တစ္ဆင့္ကို တက္ေရာက္ဖို႔ရာ ဒီပြဲကေန တစ္မွတ္သာ လိုပါတယ္။

ၾသစၾတီးယားသားေတြက ျပီးခဲ့တဲ့ အုပ္စု အိမ္ကြင္းပြဲ နွစ္ပြဲမွာ ၈ ဂိုးထိ သြင္းထားတာပါ။ ဒါေပမယ့္ လီဗာပူးအသင္းက ယံုၾကည္မႈ ျမင့္ျမင့္မားမားနဲ႕ ကစားေနတဲ့ အဆင့္ ျဖစ္လို႔ ဒီပြဲမွာ အိမ္ရွင္ေတြ ေနာက္ထပ္ နုိင္ပြဲ ရနိုင္ဖြယ္ မရွိပါဘူး။ လီဗာပူးကေတာ့ ျပီးခဲ့တဲ့ ဂ်န္႕နဲ႕ ပြဲမွာ နုိင္ပြဲရထားျပီး ေလးပြဲဆက္ အုပ္စုအဆင့္ ပြဲစဥ္ေတြမွာ အေ၀းကြင္းပြဲေတြ ရွံဳးထားတာကို အဆံုးသတ္ခဲ့ျပီျဖစ္ပါတယ္။ ဒါ့အျပင္ ၾသစၾတီးယား ကလပ္ ရက္ဘူးဆဲလ္ဘတ္က ဒီျပိဳင္ပြဲမွာ ပရီးမီးယားလိဂ္ အသင္းေတြကို နုိင္ထားျခင္း မရွိပါဘူး။

အာလင္း ဘရက္ ဟာလန္းက အုပ္စုပြဲစဥ္ ၅ ပြဲမွာ ၈ ဂီုး အထိ သြင္းယူထားျပီး သူ႔ကစားသမား ဘ၀ အေျပာင္းအလဲ အျဖစ္ ပရီးမီးယားလိဂ္ ကလပ္အသင္းေတြထံ ေျပာင္းဖို႔ စိတ္၀င္စားေနတဲ့ တုိက္စစ္မွဴးက ဒီပြဲမွာ အာရံုစိုက္မႈ ရေစဖို႔ ဂိုးရေအာင္ ၾကိဳးစားပါလိမ့္မယ္။ ” လို႔ အို၀င္က သံုးသပ္သြားပါတယ္။

မိုက္ကယ္ အို၀င္ရဲ႕ ခန္႔မွန္း ရလဒ္ကေတာ့ နွစ္သင္းလံုး ဂိုးသြင္းျပီး လီဗာပူး အနိုင္ပါ။