ချန်ပီယံလိဂ်ပွဲကြို မီဒီယာတွေ့ဆုံမှုမှာတော့ လမ်းပတ်က ကလပ်အသင်းရဲ့ အဓိက ကစားသမားတွေဖြစ်တ့ ရူဒီဂါ၊ လော့တပ်ချိစ်နဲ့ တိုမိုရီတို့ရဲ့ ဒဏ်ရာ တိုးတက်မှု အခြေအနေတွေကို သတင်းထုတ်ပြန်ပေးခဲ့ပါတယ်။

ဗဟိုခံစစ်မှူး ရူဒီဂါက ကြံ့ခိုင်မှု ပြန်ကောင်းလာပြီး လေ့ကျင့်ရေး ဆင်းနေပေမယ့် ကာလရှည် ဒဏ်ရာကနေ ပြန်လာရတာဖြစ်လို့ အချိန်ပေးရဖွယ် ရှိနေတာပါ။ လေ့ာတပ်ချိစ်က မကစားနိုင်သေးသလို တိုမိုရီက ပေါင် ဒဏ်ရာ ရနေတယ်လို့ လမ်းပတ်က ပြောပါတယ်။

လမ်းပတ်က ” ရူဒီဂါက အသင်းနဲအတူရှိနေပြီး သူ့မှာ အခွင့်အရေး ရှိတယ်။ သူပြန်ကစားနိုင်ရင် ကောင်းမှာပါ။ သူက လေ့ကျင့်ရေးလဲ ကောင်းကောင်းဆင်းနေတာကြောင့် ကြံ့ခိုင်ရေး အခြေအနေလဲ ကောင်းမွန်နေပါပြီ။ တခြားတစ်ခုက တိုမိုရီ မပါတာပါပဲ။ သူက ပေါင်ဒဏ်ရာရနေတယ်။ ဒါက သူ့ကို စိတ်ပျက်စေခဲ့ပါတယ်။ ဒါကြောင့် ရက်အနည်းငယ်လောက် သူနားရမယ်။ ဂျီရူးကတော့ ပါနိုင်ဦးမှာ မဟုတ်ပါဘူး။

ဒီရာသီမှာ ရူဒီဂါက ၄၅မိနစ်ပဲ ကစားခဲ့ရတာက ခက်ခဲပါတယ်။ လေ့ကျင့်ရေးမှာ ကျွန်တော်တို့ သေချာကြပ်မတ်ပေးခဲ့တယ်။ သူ့ကိုကြည့်လိုက်ရင် ကြံ့ခိုင်မှု ပြည့်ဝနေပြီး အဆင်သင့် ဖြစ်နေပြီဆိုတာ သိသာပါတယ်။ သူ စိတ်အားထက်သန်နေတယ်ဆိုတာ ကျွန်တော် သိပါတယ်။ သူက နောက်ခံလူကောင်းတစ်ယောက်ပါ။

ရာသီအစမှာ လူတွေက လူငယ်တွေနဲ့ အပြောင်းအရွှေ့ ပိတ်ပင်ခံရတဲ့အကြောင်းတွေ ပြောကြတယ်။ အဓိက ကစားသမား ၅ ယောက် ဒဏ်ရာရနေတာကို သူတို့မမြင်ကြဘူး။ ရူဒီဂါက အခုမှ ပြန်လာနိုင်ခါစပဲ ရှိသေးတယ်။ လော့ဖ်တပ်ချိခ်လဲ မပါနိုင်ဘူး။ အခုချိန်မှာ ကျွန်တော်တို့ အတွက် သူဘာလုပ်ပေးနိုင်တယ်ဆိုတာ ကြည့်ရအောင်ပါ။ ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။

ZAWGYI

ခ်န္ပီယံလိဂ္ပြဲၾကိဳ မီဒီယာေတြ႔ဆံုမႈမွာေတာ့ လမ္းပတ္က ကလပ္အသင္းရဲ႕ အဓိက ကစားသမားေတြျဖစ္တ့ ရူဒီဂါ၊ ေလာ့တပ္ခ်ိစ္နဲ႔ တိုမိုရီတို႔ရဲ႕ ဒဏ္ရာ တိုးတက္မႈ အေျခအေနေတြကို သတင္းထုတ္ျပန္ေပးခဲ့ပါတယ္။

ဗဟိုခံစစ္မွဴး ရူဒီဂါက ၾကံ႕ခိုင္မႈ ျပန္ေကာင္းလာျပီး ေလ့က်င့္ေရး ဆင္းေနေပမယ့္ ကာလရွည္ ဒဏ္ရာကေန ျပန္လာရတာျဖစ္လို႔ အခ်ိန္ေပးရဖြယ္ ရွိေနတာပါ။ ေလ့ာတပ္ခ်ိစ္က မကစားႏုိင္ေသးသလို တိုမိုရီက ေပါင္ ဒဏ္ရာ ရေနတယ္လို႔ လမ္းပတ္က ေျပာပါတယ္။

လမ္းပတ္က ” ရူဒီဂါက အသင္းနဲအတူရွိေနျပီး သူ႔မွာ အခြင့္အေရး ရွိတယ္။ သူျပန္ကစားႏိုင္ရင္ ေကာင္းမွာပါ။ သူက ေလ့က်င့္ေရးလဲ ေကာင္းေကာင္းဆင္းေနတာေၾကာင့္ ႀကံ့ခိုင္ေရး အေျခအေနလဲ ေကာင္းမြန္ေနပါၿပီ။ တျခားတစ္ခုက တိုမိုရီ မပါတာပါပဲ။ သူက ေပါင္ဒဏ္ရာရေနတယ္။ ဒါက သူ႔ကို စိတ္ပ်က္ေစခဲ့ပါတယ္။ ဒါေၾကာင့္ ရက္အနည္းငယ္ေလာက္ သူနားရမယ္။ ဂ်ီ႐ူးကေတာ့ ပါႏိုင္ဦးမွာ မဟုတ္ပါဘူး။

ဒီရာသီမွာ ႐ူဒီဂါက ၄၅မိနစ္ပဲ ကစားခဲ့ရတာက ခက္ခဲပါတယ္။ ေလ့က်င့္ေရးမွာ ကြၽန္ေတာ္တို႔ ေသခ်ာၾကပ္မတ္ေပးခဲ့တယ္။ သူ႔ကိုၾကည့္လိုက္ရင္ ႀကံ့ခိုင္မႈ ျပည့္ဝေနၿပီး အဆင္သင့္ ျဖစ္ေနၿပီဆိုတာ သိသာပါတယ္။ သူ စိတ္အားထက္သန္ေနတယ္ဆိုတာ ကြၽန္ေတာ္ သိပါတယ္။ သူက ေနာက္ခံလူေကာင္းတစ္ေယာက္ပါ။

ရာသီအစမွာ လူေတြက လူငယ္ေတြနဲ႔ အေျပာင္းအေ႐ႊ႕ ပိတ္ပင္ခံရတဲ့အေၾကာင္းေတြ ေျပာၾကတယ္။ အဓိက ကစားသမား ၅ ေယာက္ ဒဏ္ရာရေနတာကို သူတို႔မျမင္ၾကဘူး။ ႐ူဒီဂါက အခုမွ ျပန္လာႏိုင္ခါစပဲ ရွိေသးတယ္။ ေလာ့ဖ္တပ္ခ်ိခ္လဲ မပါႏိုင္ဘူး။ အခုခ်ိန္မွာ ကြၽန္ေတာ္တို႔ အတြက္ သူဘာလုပ္ေပးႏိုင္တယ္ဆိုတာ ၾကည့္ရေအာင္ပါ။ ” လို႔ ဆိုခဲ့တာျဖစ္ပါတယ္။