ပရီးမီးယားလိဂ် တိုက်စစ်သမားဟောင်းတွေဖြစ်တဲ့ အိုဝင်နဲ့ ပီတာခရော့က လီဗာပူးအသင်း ယာဂင်ကလော့ပ် လက်အောက်မှာ တိုးတက်လာတဲ့ အနိုင်ယူလိုတဲ့ စိတ်ဓါတ်ပိုင်းအတွက် အထူးချီးကျူးမှု လုပ်သွားခဲ့ပါတယ်။

လီဗာပူးအသင်းဟာ ဆဲလ်ဘတ်ကို အဝေးကွင်းမှာ ၂-၀ နဲ့ အနိုင်ရတဲ့နောက် ချန်ပီယံလိဂ်မှာ ၁၆ သင်း ရံှူးထွက်အဆင့်ကို တက်ရောက်နိုင်ခဲ့တာပါ။ ဒီရလဒ်ကြောင့် လီဗာပူးဟာ ဒီရာသီ ပြိုင်ဆိုင်ခွင့်ရတဲ့ ပြည်တွင်းဆုဖလားပြိုင်ပွဲ သုံးခု၊ ဥရောပပြိုင်ပွဲ တစ်ခုနဲ့ ကလပ်များကမ္ဘာဖလားတွေမှာ ဆက်လက် ယှဉ်ပြိုင်နေရဆဲဖြစ်တယ်။

လီဗာပူးဟာ ယှဉ်ပြိုင်ရမယ့် ဘယ်လို ပြိုင်ဘက်ကိုမဆို အနိုင်ယူပစ်မယ်ဆိုတဲ့ စိတ်ဓါတ်ကို ပြသနေတာဖြစ်ပြီး ဒီကြောက်စရာ စိတ်ဓါတ်က လီဗာပူးအတွက် ယုံကြည်မှုနဲ့ ဆာလောင်မှုတွေကို ဖြစ်စေတယ်လို့ အင်္ဂလန်တိုက်စစ်သမားဟောင်းတွေက သုံးသပ်ခဲ့ပါတယ်။

အိုဝင်က ပြောရာမှာ ‘ မင်းနိုင်မယ့်ထင်တဲ့ သာမာန် ပျှမ်းမျှ အသင်းတစ်သင်းနဲ့ ကစားပြီဆိုရင် ပွဲတိုင်းနိုင်ဖို့ မျှော်လင့်တယ်။ လီဗာပူးက ရာသီစကတည်းက နိုင်ပွဲတွေရအောင် ကစားလာပြီး ဒါက ယုံကြည်ချက်တွေရှိလာတယ်။ အဲ့နောက်တော့ သူတို့ရတဲ့ ရလဒ်တွေက သူတို့အတွက် ဒီလိုအချိတ်အဆက်နဲ့ ယုံကြည်မှုတွေ ဖြစ်လာစေပါတယ်။

လီဗာပူးက ပွဲတွေကို သူတို့အနိုင်ရမယ်ဆိုတာ သိကိုယ်သိနေတဲ့ အနေအထားပါပဲ။ သူတို့ အနိုင်ရဖို့ လိုတဲ့အခါတိုင်းမှာ အနိုင်ရမယ်လို့ သူတို့သိနေတယ်။ ဒါက စိတ်ဓါတ်ပိုင်းဖြစ်တယ်။ ဒီအပိုင်းက လက်ရှိ ရာသီတွေမှာ လီဗာပူး တိုးတက်လာတဲ့ အပိုင်းပါပဲ ‘ လို့ ဖြစ်တယ်။

အိုဝင်နည်းတူ အင်္ဂလန်တိုက်စစ်မှူးဟောင်း ပီတာခရော့ကလည်း လက်ရှိ လီဗာပူးဟာ သူတို့ရှေ့မှာ ပြိုင်ဘက်အဖြစ် ရောက်လာတဲ့ ဘယ်လို အသင်းကိုမဆို ရပ်တန့်ပစ်ဖို့ လုံလောက်တဲ့ အနေအထားကို ရောက်နေပြီလို့ ရှင်းပြပါတယ်။

‘ လီဗာပူးက ယုံကြည်မှုတွေ အများအပြားရှိနေပြီး ဒါကြောင့်ပဲ သူတို့ရှေ့မှာ ရောက်လာတဲ့ ဘယ်လို အသင်းကိုမဆို အနိုင်ယူပစ်နိုင်တာကို မြင်နေရတယ်။ ဒီကနေ့ ဆဲလ်ဘတ်နဲ့ပွဲက သက်သေပါပဲ။ ပထမပိုင်းမှာ ဆဲလ်ဘတ်က အတော်လေးကို အန္တရာယ်ကြီးပါတယ် ဒါပေမယ့် ဒုတိယပိုင်းမှာ လီဗာပူးက အခွင့်အရေး ဖန်တီးမှုတွေ အများကြီး လုပ်နိုင်ခဲ့တယ်။

ဒုတိယပိုင်းမှာ ကလော့ပ်ရဲ့ ဒေါသက သူတို့ကို ရမှတ်တွေ ရစေတယ်လို့ ကျနော်ထင်တယ်။ သူတို့က ဘောလုံးပေးမှု ပိုလွယ်ကူစေအောင် ပွဲကို စီမံနိုင်မယ် မျှော်လင့်ပြီး ဆာလက်နဲ့ မာနေးထံက ဂိုးသွင်းဖို့ ဆာလောင်နေတာကို မြင်ကြရမှာပါ ‘ လို့ ခရော့က ဆိုခဲ့တာဖြစ်ပါတယ်။

ZAWGYI

ပရီးမီးယားလိဂ္ တိုက္စစ္သမားေဟာင္းေတြျဖစ္တဲ့ အိုဝင္နဲ႔ ပီတာခေရာ့က လီဗာပူးအသင္း ယာဂင္ကေလာ့ပ္ လက္ေအာက္မွာ တိုးတက္လာတဲ့ အႏုိင္ယူလိုတဲ့ စိတ္ဓါတ္ပိုင္းအတြက္ အထူးခ်ီးက်ဴးမႈ လုပ္သြားခဲ့ပါတယ္။

လီဗာပူးအသင္းဟာ ဆဲလ္ဘတ္ကို အေဝးကြင္းမွာ ၂-၀ နဲ႔ အႏုိင္ရတဲ့ေနာက္ ခ်န္ပီယံလိဂ္မွာ ၁၆ သင္း ရံွဴးထြက္အဆင့္ကို တက္ေရာက္ႏုိင္ခဲ့တာပါ။ ဒီရလဒ္ေၾကာင့္ လီဗာပူးဟာ ဒီရာသီ ျပိဳင္ဆိုင္ခြင့္ရတဲ့ ျပည္တြင္းဆုဖလားျပိဳင္ပြဲ သံုးခု၊ ဥေရာပျပိဳင္ပြဲ တစ္ခုနဲ႔ ကလပ္မ်ားကမၻာဖလားေတြမွာ ဆက္လက္ ယွဥ္ျပိဳင္ေနရဆဲျဖစ္တယ္။

လီဗာပူးဟာ ယွဥ္ျပိဳင္ရမယ့္ ဘယ္လို ျပိဳင္ဘက္ကိုမဆို အႏုိင္ယူပစ္မယ္ဆိုတဲ့ စိတ္ဓါတ္ကို ျပသေနတာျဖစ္ျပီး ဒီေၾကာက္စရာ စိတ္ဓါတ္က လီဗာပူးအတြက္ ယံုၾကည္မႈနဲ႔ ဆာေလာင္မႈေတြကို ျဖစ္ေစတယ္လို႔ အဂၤလန္တိုက္စစ္သမားေဟာင္းေတြက သံုးသပ္ခဲ့ပါတယ္။

အိုဝင္က ေျပာရာမွာ ‘ မင္းႏုိင္မယ့္ထင္တဲ့ သာမာန္ ပွ်မ္းမွ် အသင္းတစ္သင္းနဲ႔ ကစားျပီဆိုရင္ ပြဲတိုင္းႏုိင္ဖို႔ ေမွ်ာ္လင့္တယ္။ လီဗာပူးက ရာသီစကတည္းက ႏုိင္ပြဲေတြရေအာင္ ကစားလာျပီး ဒါက ယံုၾကည္ခ်က္ေတြရွိလာတယ္။ အဲ့ေနာက္ေတာ့ သူတို႔ရတဲ့ ရလဒ္ေတြက သူတို႔အတြက္ ဒီလိုအခိ်တ္အဆက္နဲ႔ ယံုၾကည္မႈေတြ ျဖစ္လာေစပါတယ္။

လီဗာပူးက ပြဲေတြကို သူတို႔အႏုိင္ရမယ္ဆိုတာ သိကိုယ္သိေနတဲ့ အေနအထားပါပဲ။ သူတို႔ အႏုိင္ရဖို႔ လိုတဲ့အခါတိုင္းမွာ အႏုိင္ရမယ္လို႔ သူတို႔သိေနတယ္။ ဒါက စိတ္ဓါတ္ပိုင္းျဖစ္တယ္။ ဒီအပိုင္းက လက္ရွိ ရာသီေတြမွာ လီဗာပူး တိုးတက္လာတဲ့ အပိုင္းပါပဲ ‘ လို႔ ျဖစ္တယ္။

အိုဝင္နည္းတူ အဂၤလန္တိုက္စစ္မွဴးေဟာင္း ပီတာခေရာ့ကလည္း လက္ရွိ လီဗာပူးဟာ သူတို႔ေရွ႔မွာ ျပိဳင္ဘက္အျဖစ္ ေရာက္လာတဲ့ ဘယ္လို အသင္းကိုမဆို ရပ္တန္႔ပစ္ဖို႔ လံုေလာက္တဲ့ အေနအထားကို ေရာက္ေနျပီလို႔ ရွင္းျပပါတယ္။

‘ လီဗာပူးက ယံုၾကည္မႈေတြ အမ်ားအျပားရွိေနျပီး ဒါေၾကာင့္ပဲ သူတို႔ေရွ႔မွာ ေရာက္လာတဲ့ ဘယ္လို အသင္းကိုမဆို အႏုိင္ယူပစ္ႏုိင္တာကို ျမင္ေနရတယ္။ ဒီကေန႔ ဆဲလ္ဘတ္နဲ႔ပြဲက သက္ေသပါပဲ။ ပထမပိုင္းမွာ ဆဲလ္ဘတ္က အေတာ္ေလးကို အႏၱရာယ္ၾကီးပါတယ္ ဒါေပမယ့္ ဒုတိယပိုင္းမွာ လီဗာပူးက အခြင့္အေရး ဖန္တီးမႈေတြ အမ်ားၾကီး လုပ္ႏုိင္ခ့ဲတယ္။

ဒုတိယပိုင္းမွာ ကေလာ့ပ္ရဲ႕ ေဒါသက သူတို႔ကို ရမွတ္ေတြ ရေစတယ္လို႔ က်ေနာ္ထင္တယ္။ သူတို႔က ေဘာလံုးေပးမႈ ပိုလြယ္ကူေစေအာင္ ပြဲကို စီမံႏုိင္မယ္ ေမွ်ာ္လင့္ျပီး ဆာလက္နဲ႔ မာေနးထံက ဂိုးသြင္းဖို႔ ဆာေလာင္ေနတာကို ျမင္ၾကရမွာပါ ‘ လို႔ ခေရာ့က ဆိုခဲ့တာျဖစ္ပါတယ္။