ယူရိုပါလိဂ် အုပ်စု F မှာ အာဆင်နယ်က ရမှတ် ၁၀ မှတ်နဲ့ အုပ်စု ပထမနေရာမှာ ရှိနေပြီး ဖရန့်ဖတ်ကတော့ ၉ မှတ်နဲ့ ဒုတိယနေရာမှာ ရှိပါတယ်။ ဒီတပတ် အာဆင်နယ်နဲ့ ရင်ဆိုင်မယ့် ဘယ်လ်ဂျီယံကလပ် စတန်းဒက်လိဂ်ကတော့ ၇ မှတ်ရထားတာပါ။ အာဆင်နယ် အနေနဲ့ နောက်တစ်ဆင့်ကို တက်ဖို့ကတော့ စတန်းဒက်လိဂ်နဲ့ ပွဲမှာ သရေ တစ်မှတ် ရရင်ပဲ လုံလောက်ပြီ ဖြစ်ပါတယ်။
ယွန်းဘတ်ရဲ့ အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ်မှာတော့ နိုင်ပွဲ ပြန်တွေ့ခဲ့ပြီ ဖြစ်ကာ ဝက်စ်ဟမ်းနဲ့ ပွဲမှာ အဝေးကွင်းမှာတင် ၃-၁ နဲ့ နိုင်လိုက်လို့ စိတ်ဓာတ် တက်ကြွနေပါတယ်။ ကြားရက် ယူရိုပါလိဂ် ပွဲကတော့ စတန်းဒက်လိဂ်ကို ကြာသပတေးနေ့ည မြန်မာစံတော်ချိန် ၁၂း၂၅ မှာ ရင်ဆိုင် ကစားရမှာ ဖြစ်ပါတယ်။
ဒီပွဲစဉ်အတွက် နာမည်ကျော် သုံးသပ်သူ မိုက်ကယ် အိုဝင်ရဲ့ ခန့်မှန်းချက် ထွက်ပေါ်နေပါပြီ။ အိုဝင်ကတော့ အာဆင်နယ်ဘက်ကို အလေးပေး သုံးသပ်ထားပါတယ်။
” အာဆင်နယ်ဟာ ယူရိုပါလိဂ် ၃၂ သင်း အဆင့်ကို တက်ရောက်ဖို့ ဆိုရင် ဘယ်လ်ဂျီယံမှာ အနည်းဆုံး သရေ ရလဒ် ရဖို့ လိုအပ်နေပါတယ်။ ဒါကလည်း ဖြစ်နိုင်တဲ့ အနေအထားလို့ ဆိုရမှာပါ။ သရေ ရလဒ် ထွက်ရင် အာဆင်နယ်နဲ့ဖရန့်ဖတ်အသင်းဟာ ၁၀ မှတ်စီနဲ့ နောက် တစ်ဆင့် တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။
ဂန်းနားတွေ အလိုရှိတဲ့ တစ်မှတ်နဲ့ ဒိထက် ပိုရနိုင်တဲ့ အနေအထားလို့ ကျနော် ထင်ပါတယ်။ ဒါပေမယ့် စတန်းဒတ်က သူတို့ရဲ့ နောက်ဆုံး ဥရောပပွဲ အိမ်ကွင်း ၁၁ ပွဲမှာ နိုင်ပွဲ ၇ ပွဲ သရေ ၄ ပွဲ ရှိထားပြီး ရှုံးပွဲတော့ မရှိသေးပါဘူး။ ဒီတော့ ဖရက်ဒီ ယွန်းဘတ်ရဲ့ အသင်းအတွက် စမ်းသပ်မှုကြီးတော့ ဖြစ်မှာပါ။
ဒါပေမယ့် သူတို့က အိမ်ရှင်တွေကို ကျော်ဖြတ်နိုင်မှာပါ။ အိမ်ရှင် စတန်းဒတ်လိဂ်က အမ်းမရိတ်မှာ ကစားတဲ့ ပထမပွဲစဉ်မှာ ၄-၀ နဲ့ ရှုံးနိမ့်ထားပြီး အိမ်ကွင်းမှာတော့ နိုင်ပွဲရချင်လို့ ရုန်းဦးမှာ ဖြစ်ပါတယ်။ ” လို့ အိုဝင်က သုံးသပ်ထားပါတယ်။
မိုက်ကယ် အိုဝင် ခန့်မှန်းရလဒ်ကတော့ အာဆင်နယ် သေချာပေါက် အနိုင်ရပြီး နောက်တစ်ဆင့် တက်မှာပါ လို့ ဆိုထားပါတယ်။
Zawgyi
ယူရိုပါလိဂ္ အုပ္စု F မွာ အာဆင္နယ္က ရမွတ္ ၁၀ မွတ္နဲ႕ အုပ္စု ပထမေနရာမွာ ရွိေနျပီး ဖရန္႔ဖတ္ကေတာ့ ၉ မွတ္နဲ႕ ဒုတိယေနရာမွာ ရွိပါတယ္။ ဒီတပတ္ အာဆင္နယ္နဲ႕ ရင္ဆုိင္မယ့္ ဘယ္လ္ဂ်ီယံကလပ္ စတန္းဒက္လိဂ္ကေတာ့ ၇ မွတ္ရထားတာပါ။ အာဆင္နယ္ အေနနဲ႕ ေနာက္တစ္ဆင့္ကို တက္ဖို႔ကေတာ့ စတန္းဒက္လိဂ္နဲ႕ ပြဲမွာ သေရ တစ္မွတ္ ရရင္ပဲ လံုေလာက္ျပီ ျဖစ္ပါတယ္။
ယြန္းဘတ္ရဲ႕ အာဆင္နယ္အသင္းဟာ ပရီးမီးယားလိဂ္မွာေတာ့ နုိင္ပြဲ ျပန္ေတြ႔ခဲ့ျပီ ျဖစ္ကာ ၀က္စ္ဟမး္နဲ႕ ပြဲမွာ အေ၀းကြင္းမွာတင္ ၃-၁ နဲ႕ နုိင္လိုက္လို႔ စိတ္ဓာတ္ တက္ၾကြေနပါတယ္။ ၾကားရက္ ယူရိုပါလိဂ္ ပြဲကေတာ့ စတန္းဒက္လိဂ္ကို ၾကာသပေတးေန႔ည ျမန္မာစံေတာ္ခ်ိန္ ၁၂း၂၅ မွာ ရင္ဆိုင္ ကစားရမွာ ျဖစ္ပါတယ္။
ဒီပြဲစဥ္အတြက္ နာမည္္ေက်ာ္ သံုးသပ္သူ မိုက္ကယ္ အို၀င္ရဲ႕ ခန္႔မွန္းခ်က္ ထြက္ေပၚေနပါျပီ။ အို၀င္ကေတာ့ အာဆင္နယ္ဘက္ကို အေလးေပး သံုးသပ္ထားပါတယ္။
” အာဆင္နယ္ဟာ ယူရိုပါလိဂ္ ၃၂ သင္း အဆင့္ကို တက္ေရာက္ဖို႔ ဆိုရင္ ဘယ္လ္ဂ်ီယံမွာ အနည္းဆံုး သေရ ရလဒ္ ရဖို႔ လိုအပ္ေနပါတယ္။ ဒါကလည္း ျဖစ္နုိင္တဲ့ အေနအထားလို႔ ဆိုရမွာပါ။ သေရ ရလဒ္ ထြက္ရင္ အာဆင္နယ္နဲ႕ဖရန္႔ဖတ္အသင္းဟာ ၁၀ မွတ္စီနဲ႕ ေနာက္ တစ္ဆင့္ တက္ေရာက္နိုင္မွာ ျဖစ္ပါတယ္။
ဂန္းနားေတြ အလိုရွိတဲ့ တစ္မွတ္နဲ႕ ဒိထက္ ပိုရနုိင္တဲ့ အေနအထားလို႔ က်ေနာ္ ထင္ပါတယ္။ ဒါေပမယ့္ စတန္းဒတ္က သူတို႔ရဲ႕ ေနာက္ဆံုး ဥေရာပပြဲ အိမ္ကြင္း ၁၁ ပြဲမွာ နိုင္ပြဲ ၇ ပြဲ သေရ ၄ ပြဲ ရွိထားျပီး ရွံဳးပြဲေတာ့ မရွိေသးပါဘူး။ ဒီေတာ့ ဖရက္ဒီ ယြန္းဘတ္ရဲ႕ အသင္းအတြက္ စမ္းသပ္မႈၾကီးေတာ့ ျဖစ္မွာပါ။
ဒါေပမယ့္ သူတို႔က အိမ္ရွင္ေတြကို ေက်ာ္ျဖတ္နိုင္မွာပါ။ အိမ္ရွင္ စတန္းဒတ္လိဂ္က အမ္းမရိတ္မွာ ကစားတဲ့ ပထမပြဲစဥ္မွာ ၄-၀ နဲ႕ ရွံဳးနိမ့္ထားျပီး အိမ္ကြင္းမွာေတာ့ နုိင္ပြဲရခ်င္လို႔ ရုန္းဦးမွာ ျဖစ္ပါတယ္။ ” လို႔ အို၀င္က သံုးသပ္ထားပါတယ္။
မိုက္ကယ္ အို၀င္ ခန္႔မွန္းရလဒ္ကေတာ့ အာဆင္နယ္ ေသခ်ာေပါက္ အနုိင္ရျပီး ေနာက္တစ္ဆင့္ တက္မွာပါ လုိ႔ ဆိုထားပါတယ္။