ချန်ပီယံလိဂ် အုပ်စုတွင်း နောက်ဆုံးပွဲကို အေဘရာဟမ်၊ ကွီတာတို့ရဲ့ သွင်းဂိုးတွေနဲ့အတူ ချယ်ဆီး အနိုင်ယူပြီး နောက်တစ်ဆင့်ကို တက်ရောက်သွားနိုင်ခဲ့ပြီဖြစ်ပါတယ်။

တစ်ဘက်မှာ ဗလန်စီယာက အေဂျက်ကို အနိုင်ရခဲ့ကာ ချယ်ဆီးက ၂ ဂိုးအသာရမှုကို ဆက်ထိန်းနိုင်ရင်လည်း ထိပ်တိုက်တွေ့မှုကို အရင်ကြည့်မှာဖြစ်လို့ အုပ်စုဗိုလ်ဖြစ်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် ဒီရာသီမှာ ချယ်ဆီးအသင်း အသာစီးရထားပြီး သက်သောင့်သက်သာ ကစားနိုင်ပေမယ့် ရလဒ် ပြန်ထိခိုက်တာက ဒီတစ်ပွဲတည်းလည်း မဟုတ်ခဲ့တာဖြစ်တယ်။

လမ်းပတ်ကတော့ အသင်းရဲ့ ခပ်မြန်မြန် ဂိုးပြန်ပေးရတဲ့ အနေအထားနဲ့ ပွဲကို ထိန်းချုပ်မကစားနိုင်မှုကို စိတ်ပျက်မိတယ်ဆိုတာ ဝန်ခံခဲ့တယ်။ ဒါပေမယ့်လည်း အသင်းဖော်တွေ အကောင်းဆုံး ကြိုးစားခဲ့ပြီး လာမယ့် ပွဲတွေမှာ အဆုံးသတ်ပိုင်းကိုလည်း ပိုကောင်းအောင် ဂရုစိုက်ရမယ်လို့ ဆိုခဲ့ပါတယ်။

လမ်းပတ်က ” ပွဲပြီးတိုင်း သက်သောင့်သက်သာ မကစားရပဲ ခံစစ်က ဂိုးပေးရတဲ့ကိစ္စ ပြောနေရတာကို ကျနေ်ာလည်း စိတ်ကုန်နေပါပြီ။ ကိုယ်က သက်သောင့်သက်သာ ကစားရမယ့်ပွဲမှာ အခြေအနေတွေ အဲ့လိုမဖြစ်ခဲ့တာက အသင်းရဲ့ ထုံးစံဖြစ်နေပါတယ်။ ဒါပေမယ့် အသင်းရဲ့ ကစားပုံ အရမ်းကောင်းပြီး ပထမပိုင်းနဲ့ ဒုတိယပိုင်းအစောဆုံး မိနစ် ၂၀ တွေမှာ အသင်းက ကောင်းခဲ့ပါတယ်။

ကျနေ်ာတို့ အခွင့်အရေးတွေ ပိုအသုံးချဖို့လိုတယ်။ ပြိုင်ဘက်က ဂိုးပေါက် ခြိမ်းခြောက်မှု ၂ ကြိမ်မှာတင် တစ်ဂိုးရခဲ့တာက ကျနေ်ာတို့ရဲ့ အဆုံးသတ်မှာ လိုအပ်ချက်များတာကို မြင်စေပါတယ်။ အသင်းကစားပုံ ကောင်းခဲ့ပြီးမှ ဒီအကြောင်းတွေ ပြောနေရတာကို စိတ်ပျက်မိပါတယ်။

အရင်ပွဲတွေကတည်းက အသင်းက ဂိုးပြတ်နဲ့ ဦးဆောင်နေပြီး တစ်ဂိုးပြန်ပေးရရင် ဖြစ်သွားနိုင်တဲ့ အနေအထားကို သိပြပီးသားပါ။ ဒါကို စိုးရိမ်လို့ပဲ ပထမပိုင်းတုန်းက ဂိုးတွေ ပိုသါင်းဖို့ တိုက်တွန်းခဲ့တယ်။ အသင်းဖော်တွေကလည်း အကောင်းဆုံး ကြိုးစားခဲ့ပါတယ်။ ဒီပွဲအတွက် သူတို့ အစစအရာရာ ပေးဆပ်ခဲ့တယ်ဆိုတာ သံသယမရှိပါဘူး။ ဒါပေမယ့် ပရီးမီးယားလိဂ်မှာကော ချန်ပီယံလိဂ်မှာပါ အခုထက် အဆုံးသတ် ပိုကောင်းဖို့ လိုနေပါတယ် ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။

ZAWGYI

ခ်န္ပီယံလိဂ္ အုပ္စုတြင္း ေနာက္ဆံုးပြဲကို ေအဘရာဟမ္၊ ကီြတာတို႔ရဲ႕ သြင္းဂိုးေတြနဲ႔အတူ ခ်ယ္ဆီး အႏုိင္ယူျပီး ေနာက္တစ္ဆင့္ကို တက္ေရာက္သြားႏုိင္ခဲ့ျပီျဖစ္ပါတယ္။

တစ္ဘက္မွာ ဗလန္စီယာက ေအဂ်က္ကို အႏုိင္ရခဲ့ကာ ခ်ယ္ဆီးက ၂ ဂိုးအသာရမႈကို ဆက္ထိန္းႏုိင္ရင္လည္း ထိပ္တိုက္ေတြ႔မႈကို အရင္ၾကည့္မွာျဖစ္လို႔ အုပ္စုဗိုလ္ျဖစ္မွာ မဟုတ္ပါဘူး။ ဒါေပမယ့္ ဒီရာသီမွာ ခ်ယ္ဆီးအသင္း အသာစီးရထားျပီး သက္ေသာင့္သက္သာ ကစားႏုိင္ေပမယ့္ ရလဒ္ ျပန္ထိခိုက္တာက ဒီတစ္ပြဲတည္းလည္း မဟုတ္ခဲ့တာျဖစ္တယ္။

လမ္းပတ္ကေတာ့ အသင္းရဲ႕ ခပ္ျမန္ျမန္ ဂိုးျပန္ေပးရတဲ့ အေနအထားနဲ႔ ပြဲကို ထိန္းခ်ဳပ္မကစားႏုိင္မႈကို စိတ္ပ်က္မိတယ္ဆိုတာ ဝန္ခံခဲ့တယ္။ ဒါေပမယ့္လည္း အသင္းေဖာ္ေတြ အေကာင္းဆံုး ၾကိဳးစားခဲ့ျပီး လာမယ့္ ပြဲေတြမွာ အဆံုးသတ္ပိုင္းကိုလည္း ပိုေကာင္းေအာင္ ဂရုစိုက္ရမယ္လို႔ ဆိုခဲ့ပါတယ္။

လမ္းပတ္က ” ပြဲျပီးတိုင္း သက္ေသာင့္သက္သာ မကစားရပဲ ခံစစ္က ဂိုးေပးရတဲ့ကိစၥ ေျပာေနရတာကို က်ေန္ာလည္း စိတ္ကုန္ေနပါျပီ။ ကိုယ္က သက္ေသာင့္သက္သာ ကစားရမယ့္ပြဲမွာ အေျခအေနေတြ အဲ့လိုမျဖစ္ခဲ့တာက အသင္းရဲ႕ ထံုးစံျဖစ္ေနပါတယ္။ ဒါေပမယ့္ အသင္းရဲ႕ ကစားပံု အရမ္းေကာင္းျပီး ပထမပိုင္းနဲ႔ ဒုတိယပိုင္းအေစာဆံုး မိနစ္ ၂၀ ေတြမွာ အသင္းက ေကာင္းခဲ့ပါတယ္။

က်ေန္ာတို႔ အခြင့္အေရးေတြ ပိုအသံုးခ်ဖို႔လိုတယ္။ ျပိဳင္ဘက္က ဂိုးေပါက္ ျခိမ္းေျခာက္မႈ ၂ ၾကိမ္မွာတင္ တစ္ဂိုးရခဲ့တာက က်ေန္ာတို႔ရဲ႕ အဆံုးသတ္မွာ လိုအပ္ခ်က္မ်ားတာကို ျမင္ေစပါတယ္။ အသင္းကစားပံု ေကာင္းခဲ့ျပီးမွ ဒီအေၾကာင္းေတြ ေျပာေနရတာကို စိတ္ပ်က္မိပါတယ္။

အရင္ပြဲေတြကတည္းက အသင္းက ဂိုးျပတ္နဲ႔ ဦးေဆာင္ေနျပီး တစ္ဂိုးျပန္ေပးရရင္ ျဖစ္သြားႏုိင္တဲ့ အေနအထားကို သိျပပီးသားပါ။ ဒါကို စိုးရိမ္လို႔ပဲ ပထမပိုင္းတုန္းက ဂိုးေတြ ပိုသါင္းဖို႔ တိုက္တြန္းခဲ့တယ္။ အသင္းေဖာ္ေတြကလည္း အေကာင္းဆံုး ၾကိဳးစားခဲ့ပါတယ္။ ဒီပြဲအတြက္ သူတို႔ အစစအရာရာ ေပးဆပ္ခဲ့တယ္ဆိုတာ သံသယမရွိပါဘူး။ ဒါေပမယ့္ ပရီးမီးယားလိဂ္မွာေကာ ခ်န္ပီယံလိဂ္မွာပါ အခုထက္ အဆံုးသတ္ ပိုေကာင္းဖို႔ လိုေနပါတယ္ ” လို႔ ဆိုခဲ့တာျဖစ္ပါတယ္။