ယူနိုက်တက် ပစ်မှတ် ဆဲလ်ဘတ် တိုက်စစ်မှူး ဟာလန်းဟာ ဗုဒ္ဓဟူးနေ့က လိုက်ပ်ဇစ်နဲ့ ဒေါ့မွန်အသင်းတို့ထံ သွားရောက် လည်ပတ်ခဲ့တယ်လို့ သိရပြီး ဇန်နဝါရီ ၎င်းရဲ့ အပြောင်းအရွှေ့အတွက် သတင်းများ ပိုမို လှုပ်ခတ်လာပါတယ်။

အက်လက်တီကို မက်ဒရစ် ကွင်းလယ်ခံစစ်သမား ဆောကို ဇန်နဝါရီမှာ ခေါ်ယူလိုပါက ဖြစ်နိုင်ပေမယ့် ယူနိုက်တက် အနေနဲ့ ကြီးမားတဲ့ ပြောင်းရွှေ့ကြေး တစ်ရပ် သုံးရမယ်လို့ သတိပေးခံထားရပါတယ်။

ယနေ့ည အေဇက် အယ်လ်ခမာနဲ့ ကစားမယ့် ယူရိုပါလိဂ် ပွဲစဉ်မှာ ယူနိုက်တက်ဟာ လူငယ် ကစားသမား ၅ ဦး ထည့်သွင်း ကစားဖို့ ရှိပါတယ်။ နောက်တစ်ဆင့်ကို တက်ရောက်ပြီး ဖြစ်တာကြောင့် ဒီပွဲမှာ ယူနိုက်တက်က တာဟစ်ချောင်၊ မေဆန် ဂရင်းဝုဒ်၊ တူရမ်ဇီဘီ၊ အိန်ဂျယ် ဂိုမက်စ်နဲ့ ဘရန်ဒန် ဝီလီယံတို့ကို ထည့်သွင်း ကစားဖွယ် ရှိပါတယ်။

ယူနိုက်တက် အတွက် ပွဲ မကစားရတာ ၂ လမျှ ကြာပြီ ဖြစ်တဲ့ ကွင်းလယ်ကစားသမား မာတစ်ကိုလည်း အယ်လ်ခမာနဲ့ပွဲမှာ ကစားစေမယ်လို့ ဆိုးရှားက ဆိုထားပါတယ်။

ယူနိုက်တက် ကွင်းလယ်ကစားသမား ပေါ့ဘာကို ခေါ်ယူမယ့်သတင်းတွေ ရေပန်းစားနေပေမယ့် ဂျူဗင်တပ်ကတော့ ဇန်နဝါရီ အပြောင်းအရွှေ့မှာ ပြင်သစ်သားကို ကမ်းလှမ်းမှု ပြုလုပ်ဦးမှာ မဟုတ်ဘူးလို့ သိရပါတယ်။

ယူနိုက်တက် ပစ်မှတ်ထားခဲ့တဲ့ ဆဲလ်ဘတ်အသင်းမှ ဂျပန်သားတိုက်စစ်မှူး မီနန်မီနိုကို ပရီးမီးယားလိဂ် ပြိုင်ဘက် လီဗာပူးအသင်းက ဇန်နဝါရီမှာ ခေါ်ယူဖို့ သဘောတူညီနိုင်ခဲ့ပြီ ဖြစ်ကြောင်း သတင်းတွေ ထွက်ပေါ်လာပါတယ်။

အယ်လ်ခမာနဲ့ ယူရိုပါလိဂ် ပွဲမတိုင်ခင်မှာ ယူနိုက်တက် နည်းပြ ဆိုးရှားက အသင်းသားတွေအား ခြေစွမ်းတည်ငြိမ်မှုကို ပြသကြဖို့ တိုက်တွန်း ပြောဆိုသွားပါတယ်။

Zawgyi

ယူနိုက္တက္ ပစ္မွတ္ ဆဲလ္ဘတ္ တိုက္စစ္မွဴး ဟာလန္းဟာ ဗုဒၶဟူးေန႔က လိုက္ပ္ဇစ္နဲ႕ ေဒါ့မြန္အသင္းတို႔ထံ သြားေရာက္ လည္ပတ္ခဲ့တယ္လို႔ သိရျပီး ဇန္န၀ါရီ ၄င္းရဲ႕ အေျပာင္းအေရႊ႕အတြက္ သတင္းမ်ား ပိုမို လႈပ္ခတ္လာပါတယ္။

အက္လက္တီကို မက္ဒရစ္ ကြင္းလယ္ခံစစ္သမား ေဆာကို ဇန္န၀ါရီမွာ ေခၚယူလိုပါက ျဖစ္နိုင္ေပမယ့္ ယူနိုက္တက္ အေနနဲ႕ ၾကီးမားတဲ့ ေျပာင္းေရႊ႕ေၾကး တစ္ရပ္ သံုးရမယ္လို႔ သတိေပးခံထားရပါတယ္။

ယေန႔ည ေအဇက္ အယ္လ္ခမာနဲ႕ ကစားမယ့္ ယူရိုပါလိဂ္ ပြဲစဥ္မွာ ယူနုိက္တက္ဟာ လူငယ္ ကစားသမား ၅ ဦး ထည့္သြင္း ကစားဖို႔ ရွိပါတယ္။ ေနာက္တစ္ဆင့္ကို တက္ေရာက္ျပီး ျဖစ္တာေၾကာင့္ ဒီပြဲမွာ ယူနိုက္တက္က တာဟစ္ေခ်ာင္၊ ေမဆန္ ဂရင္း၀ုဒ္၊ တူရမ္ဇီဘီ၊ အိန္ဂ်ယ္ ဂိုမက္စ္နဲ႕ ဘရန္ဒန္ ၀ီလီယံတို႔ကို ထည့္သြင္း ကစားဖြယ္ ရွိပါတယ္။

ယူနိုက္တက္ အတြက္ ပြဲ မကစားရတာ ၂ လမွ် ၾကာျပီ ျဖစ္တဲ့ ကြင္းလယ္ကစားသမား မာတစ္ကိုလည္း အယ္လ္ခမာနဲ႕ပြဲမွာ ကစားေစမယ္လို႔ ဆိုးရွားက ဆိုထားပါတယ္။

ယူနိုက္တက္ ကြင္းလယ္ကစားသမား ေပါ့ဘာကို ေခၚယူမယ့္သတင္းေတြ ေရပန္းစားေနေပမယ့္ ဂ်ဴဗင္တပ္ကေတာ့ ဇန္န၀ါရီ အေျပာင္းအေရႊ႕မွာ ျပင္သစ္သားကို ကမ္းလွမ္းမႈ ျပဳလုုပ္ဦးမွာ မဟုတ္ဘူးလို႔ သိရပါတယ္။

ယူနိုက္တက္ ပစ္မွတ္ထားခဲ့တဲ့ ဆဲလ္ဘတ္အသင္းမွ ဂ်ပန္သားတိုက္စစ္မွဴး မီနန္မီနိုကို ပရီးမီးယားလိဂ္ ျပိဳင္ဘက္ လီဗာပူးအသင္းက ဇန္န၀ါရီမွာ ေခၚယူဖို႔ သေဘာတူညီနုိင္ခဲ့ျပီ ျဖစ္ေၾကာင္း သတင္းေတြ ထြက္ေပၚလာပါတယ္။

အယ္လ္ခမာနဲ႕ယူရိုပါလိဂ္ ပြဲမတိုင္ခင္မွာ ယူနိုက္တက္ နည္းျပ ဆိုးရွားက အသင္းသားေတြအား ေျခစြမ္းတည္ျငိမ္မႈကို ျပသၾကဖို႔ တိုက္တြန္း ေျပာဆိုသြားပါတယ္။