လီဗာပူးဟာ ဆဲလ်ဘတ်တိုက်စစ်သမား မီနာမီနိုအတွက် တရားဝင် ကမ်းလှမ်းမှု လုပ်ထားပြီး စာချုပ်ပါ စည်းမျဉ်းစည်းကမ်းအရ ဇန်နဝါရီမှာ ပေါင် ၇.၂၅ သန်းနဲ့ ခေါ်ယူခွင့်ရဖို့လည်း နီးစပ်တဲ့ အနေအထားကို ရောက်နေပြီဖြစ်ပါတယ်။

ဂျပန်တိုက်စစ်သမား ဝင်ရောက်လာမယ့် ဇန်နဝါရီမှာပဲ လီဗာပူးလူငယ်နှစ်ဦးဖြစ်တဲ့ ကာတစ်ဂျုံးနဲ့ ဘရူးစတားတို့ကလည်း ရာသီကုန်ထိ အငှားထွက်ကစားကြမှာ ဖြစ်ပါတယ်။ ကနဦးတုန်းက မီနာမီနို အပြောင်းအရွှေ့ တစိတ်တဒေသအဖြစ် လီဗာပူး လူငယ်တိုက်စစ်မှူး ဘရူးစတားအား ဆဲလ်ဘတ်ကို အငှားပြန်ချပေးမယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမယ့် အဆိုပါသတင်းတွေက မမှန်ပါဘူး။

လီဗာပူးက ကစားသမား နှစ်ဦးလုံးကို အငှားချမှာဖြစ်ပေမယ့် ကာရာဘောင်းပွဲတွေ ကစားပြီးမှ အငှားချမှာဖြစ်တယ်။ ကာရာဘောင်း ကွာတားဖိုင်နယ်အဆင့်မှာ အက်စတွန်ဗီလာနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး အနိုင်ရခဲ့ရင် ဇန်နဝါရီမှာ ကာရာဘောင်း ဆီမီးဖိုင်နယ် နှစ်ကျော့ ကစားရမှာပါ။ လိဂ်ဖလားမှာ ပိုမိုအဆင့်မြင့်တဲ့ အနေအထား ရောက်ခဲ့ရင်လည်း လီဗာပူးဘက်က လူငယ်နှစ်ဦးလုံးကို ဆီမီးမှာပါ ထပ်မံကစားစေပြီးမှ အငှားချလိုတဲ့ အစီအစဉ်ရှိပါတယ်။

ပရီးမီးယားလိဂ်ကလပ် အက်စတွန်ဗီလာကလည်း စိတ်ဝင်စားခြင်း ခံနေရတဲ့ ဘရူးစတားဟာ ဆဲလ်ဘတ်ကိုတော့ အငှားချခံရမှာ မဟုတ်ပဲ ပုံမှန်ပွဲထွက်ခွင့်နဲ့အတူ ချန်ပီယံရှစ်ကို အငှားထွက်ကစားဖို့ များနေပါတယ်။ သူနဲ့အတူ ဂျုံးကိုပါ တစ်ပါးတည်း အငှားခေါ်ယူဖို့ ချန်ပီယံရှစ်ကလပ် ဆွမ်ဆီးအသင်းက မေးမြန်းထားတာဖြစ်ပါတယ်။

မီနာမီနိုဟာ ကွင်းလယ်နဲ့ တိုက်စစ် နေရာစုံ ကစားနိုင်သူဖြစ်လို့ ဇန်နဝါရီမှာ တိုက်စစ်သမားကို ခေါ်ယူပြီးရင် လူငယ်နှစ်ဦးကို အငှားချလိုက်ခြင်းက ပွဲထွက်ခွင့် အတွေ့အကြုံတွေ ပိုရစေမယ်လို့ လီဗာပူးနည်းပြအဖွဲ့က ယုံကြည်ထားတာကြောင်းကို Goal သတင်းဌာနမှ လီဗာပူးသတင်းထောက် Neil Jones က ဖော်ပြသွားတာ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးဟာ ဆဲလ္ဘတ္တိုက္စစ္သမား မီနာမီႏိုအတြက္ တရားဝင္ ကမ္းလွမ္းမႈ လုပ္ထားျပီး စာခ်ဳပ္ပါ စည္းမ်ဥ္းစည္းကမ္းအရ ဇန္နဝါရီမွာ ေပါင္ ၇.၂၅ သန္းနဲ႔ ေခၚယူခြင့္ရဖို႔လည္း နီးစပ္တဲ့ အေနအထားကို ေရာက္ေနျပီျဖစ္ပါတယ္။

ဂ်ပန္တိုက္စစ္သမား ဝင္ေရာက္လာမယ့္ ဇန္နဝါရီမွာပဲ လီဗာပူးလူငယ္ႏွစ္ဦးျဖစ္တဲ့ ကာတစ္ဂ်ံဳးနဲ႔ ဘရူးစတားတို႔ကလည္း ရာသီကုန္ထိ အငွားထြက္ကစားၾကမွာ ျဖစ္ပါတယ္။ ကနဦးတုန္းက မီနာမီႏို အေျပာင္းအေရႊ႔ တစိတ္တေဒသအျဖစ္ လီဗာပူး လူငယ္တိုက္စစ္မွဴး ဘရူးစတားအား ဆဲလ္ဘတ္ကို အငွားျပန္ခ်ေပးမယ္လို႔ သတင္းေတြ ထြက္ေပၚေနေပမယ့္ အဆိုပါသတင္းေတြက မမွန္ပါဘူး။

လီဗာပူးက ကစားသမား ႏွစ္ဦးလံုးကို အငွားခ်မွာျဖစ္ေပမယ့္ ကာရာေဘာင္းပြဲေတြ ကစားျပီးမွ အငွားခ်မွာျဖစ္တယ္။ ကာရာေဘာင္း ကြာတားဖိုင္နယ္အဆင့္မွာ အက္စတြန္ဗီလာနဲ႔ ယွဥ္ျပိဳင္ရမွာျဖစ္ျပီး အႏိုင္ရခဲ့ရင္ ဇန္နဝါရီမွာ ကာရာေဘာင္း ဆီမီးဖိုင္နယ္ ႏွစ္ေက်ာ့ ကစားရမွာပါ။ လိဂ္ဖလားမွာ ပိုမိုအဆင့္ျမင့္တဲ့ အေနအထား ေရာက္ခဲ့ရင္လည္း လီဗာပူးဘက္က လူငယ္ႏွစ္ဦးလံုးကို ဆီမီးမွာပါ ထပ္မံကစားေစျပီးမွ အငွားခ်လိုတဲ့ အစီအစဥ္ရွိပါတယ္။

ပရီးမီးယားလိဂ္ကလပ္ အက္စတြန္ဗီလာကလည္း စိတ္ဝင္စားျခင္း ခံေနရတဲ့ ဘရူးစတားဟာ ဆဲလ္ဘတ္ကိုေတာ့ အငွားခ်ခံရမွာ မဟုတ္ပဲ ပံုမွန္ပြဲထြက္ခြင့္နဲ႔အတူ ခ်န္ပီယံရွစ္ကို အငွားထြက္ကစားဖို႔ မ်ားေနပါတယ္။ သူနဲ႔အတူ ဂ်ံုးကိုပါ တစ္ပါးတည္း အငွားေခၚယူဖို႔ ခ်န္ပီယံရွစ္ကလပ္ ဆြမ္ဆီးအသင္းက ေမးျမန္းထားတာျဖစ္ပါတယ္။

မီနာမီႏိုဟာ ကြင္းလယ္နဲ႔ တိုက္စစ္ ေနရာစံု ကစားႏုိင္သူျဖစ္လို႔ ဇန္နဝါရီမွာ တိုက္စစ္သမားကို ေခၚယူျပီးရင္ လူငယ္ႏွစ္ဦးကို အငွားခ်လိုက္ျခင္းက ပြဲထြက္ခြင့္ အေတြ႔အၾကံဳေတြ ပိုရေစမယ္လို႔ လီဗာပူးနည္းျပအဖြဲ႔က ယံုၾကည္ထားတာေၾကာင္းကို Goal သတင္းဌာနမွ လီဗာပူးသတင္းေထာက္ Neil Jones က ေဖာ္ျပသြားတာ ျဖစ္ပါတယ္။