လီဗာပူးအသင်းခေါင်းဆောင် ဂျော်ဒန်ဟန်ဒါဆန်က ဆောက်သမ်တန်မှာ ခြေစွမ်းပြနေတဲ့ အသင်းဖော်ဟောင်း တိုက်စစ်မှူး ဒန်နီအင့် အတွက် ဝမ်းမြောက်ကြောင်း ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

လီဗာပူးအသင်းဟာ ဒီနေ့ည ဆောက်သမ်တန်နဲ့ ပွဲမှာ အမှတ်ရအောင် စွမ်းဆောင်နိုင်ပါက နော့တင်ဟမ်ဖောရက်စ် အသင်း တင်ထားခဲ့တဲ့ ပရီးမီးယားလိဂ် ၄၂ ပွဲ ရှုံးပွဲ မရှိတဲ့ စံချိန်ကို လိုက်မှီတော့မှာ ဖြစ်ပါတယ်။

တိုက်စစ်မှူး ဆာလက်ဟာ လီဗာပူးအသင်းအတွက် ပရီးမီးယားလိဂ် ပွဲ ၃၀ ကစားခဲ့ရာ ပွဲစဉ်တိုင်းမှာ လီဗာပူးအသင်း အနိုင်ရရှိခဲ့တာ ဖြစ်တာကြောင့် အသင်းအတွက် လာဘ်ကောင်လို့ပဲ ဆိုနိုင်ကြောင်း TIA မှာ တင်စားထားပါတယ်။

ဇန်နဝါရီ အပြောင်းအရွှေ့မှ လီဗာပူးထံ ရောက်လာခဲ့တဲ့ မီနာမီနိုက အသင်းထံ ရောက်ပြီးနောက် ယာဂင်ကလော့ပ် စတင် အကြံပြု အားပေးခဲ့တာက ‘ မင်း ကစားချင်တဲ့ ပုံစံအတိုင်း ပျော်ပျော်ရွှင်ရွှင် ကစားပါ ‘ လို့ ဆိုခဲ့တာပဲ ဖြစ်ကြောင်း ဖွင့်ဟခဲ့ပါတယ်။

ဆောက်သမ်တန်နဲ့ ပွဲမှာ ရှာကွီရီနဲ့ ဂျိမ်းစ် မေနာတို့ ပါဝင်နိုင်မှာ မဟုတ်ကြောင်း ကလော့ပ်က အသိပေးခဲ့ပြီး အဒမ် လယ်လာနာနဲ့ အိုရီဂီ တို့ကတော့ ပါဝင်ကစားနိုင်မယ်လို့ အတည်ပြုခဲ့ပါတယ်။

ခံစစ်မှူး ဂျိုးဂိုမက်ဇ်ဟာ သူ့ခံစစ်တန်းမှာတော့ လုံး၀ ထူးချွန်တဲ့ ကစားသမား ဖြစ်တယ်လို့ ကလော့ပ်က ချီးကျူးလိုက်ပြီး ဂိုမက်ဇ်ရဲ့ အမြန်နှုန်းက အသင်းကို အထောက်အကူ ဖြစ်စေခဲ့တယ်လို့ ဆိုခဲ့ပါတယ်။

Zawgyi – လီဗာပူးအသင္းေခါင္းေဆာင္ ေဂ်ာ္ဒန္ဟန္ဒါဆန္က ေဆာက္သမ္တန္မွာ ေျခစြမ္းျပေနတဲ့ အသင္းေဖာ္ေဟာင္း တိုက္စစ္မွဴး ဒန္နီအင့္ အတြက္ ၀မ္းေျမာက္ေၾကာင္း ထုတ္ေဖာ္ ေျပာဆိုလုိက္ပါတယ္။

လီဗာပူးအသင္းဟာ ဒီေန႔ည ေဆာက္သမ္တန္နဲ႕ ပြဲမွာ အမွတ္ရေအာင္ စြမ္းေဆာင္နုိင္ပါက ေနာ့တင္ဟမ္ေဖာရက္စ္ အသင္း တင္ထားခဲ့တဲ့ ပရီးမီးယားလိဂ္ ၄၂ ပြဲ ရွံဳးပြဲ မရွိတဲ့ စံခ်ိန္ကို လိုက္မွီေတာ့မွာ ျဖစ္ပါတယ္။

တိုက္စစ္မွဴး ဆာလက္ဟာ လီဗာပူးအသင္းအတြက္ ပရီးမီးယားလိဂ္ ပြဲ ၃၀ ကစားခဲ့ရာ ပြဲစဥ္တိုင္းမွာ လီဗာပူးအသင္း အနုိင္ရရွိခဲ့တာ ျဖစ္တာေၾကာင့္ အသင္းအတြက္ လာဘ္ေကာင္လို႔ပဲ ဆိုနုိင္ေၾကာင္း TIA မွာ တင္စားထားပါတယ္။

ဇန္န၀ါရီ အေျပာင္းအေရႊ႕မွ လီဗာပူးထံ ေရာက္လာခဲ့တဲ့ မီနာမီနိုက အသင္းထံ ေရာက္ျပီးေနာက္ ယာဂင္ကေလာ့ပ္ စတင္ အၾကံျပဳ အားေပးခဲ့တာက ‘ မင္း ကစားခ်င္တဲ့ ပံုစံအတိုင္း ေပ်ာ္ေပ်ာ္ရႊင္ရႊင္ ကစားပါ ‘ လို႔ ဆိုခဲ့တာပဲ ျဖစ္ေၾကာင္း ဖြင့္ဟခဲ့ပါတယ္။

ေဆာက္သမ္တန္နဲ႕ ပြဲမွာ ရွာကီြရီနဲ႕ ဂ်ိမ္းစ္ ေမနာတို႔ ပါ၀င္နုိင္မွာ မဟုတ္ေၾကာင္း ကေလာ့ပ္က အသိေပးခဲ့ျပီး အဒမ္ လယ္လာနာနဲ႕ အိုရီဂီ တို႔ကေတာ့ ပါ၀င္ကစားနုိင္မယ္လို႔ အတည္ျပဳခဲ့ပါတယ္။

ခံစစ္မွဴး ဂ်ိဳးဂိုမက္ဇ္ဟာ သူ႔ခံစစ္တန္းမွာေတာ့ လံုး၀ ထူးခၽြန္တဲ့ ကစားသမား ျဖစ္တယ္လို႔ ကေလာ့ပ္က ခ်ီးက်ဴးလိုက္ျပီး ဂိုမက္ဇ္ရဲ႕ အျမန္နႈန္းက အသင္းကို အေထာက္အကူ ျဖစ္ေစခဲ့တယ္လို႔ ဆိုခဲ့ပါတယ္။