အာဆင်နယ်ကစားသမားဟောင်းတွေဖြစ်တဲ့ ပီရက်စ်နဲ့ လေးမန်းတို့က ဒီရာသီ လီဗာပူးအသင်းဟာ ပရီးမီးယားလိဂ်သမိုင်းမှာ သူတို့ရဲ့ အာဆင်နယ်တစ်သင်းတည်း စိုက်ထူးထားတဲ့ တစ်ရာသီလုံး ရံှူးပွဲမရှိ စံချိန်ကို ချိုးဖျက်နိုင်လိမ့်မယ်လို့ ထောက်ခံလိုက်ပါတယ်။
အာဆင်နယ်ဟာ ပရီးမီးယားလိဂ်မှာ တစ်ရာသီလုံး ရံှူးပွဲမရှိ စံချိန်ကို ရယူပြခဲ့ဖူးပြီး ရာသီကုန်မှာ ရမှတ် ၉၀ နဲ့အတူ ပရီးမီးယားလိဂ် ရွှေဖလားကို အနိုင်ရခဲ့တာဖြစ်တယ်။ အာဆင်နယ်ဟာ ပရီးမီးယားလိဂ်သမိုင်းမှာ ရံှူးပွဲမရှိ စံချိန်ကို အချိန် အကြာဆုံးအဖြစ် ၄၉ ပွဲထိ ရယူနိုင်ခဲ့တဲ့ အသင်းလည်းဖြစ်ပါတယ်။
ဂန်းနားဟောင်းကြီး ပီရက်စ်က ” လီဗာပူးလည်း လုပ်နိုင်ပါတယ်၊ ဘာလို့လည်းဆိုတော့ သူတို့မှာ အသင်း၊ ရလဒ်၊ ကံကောင်းမှု၊ မန်နေဂျာ အားလုံးကို ပိုင်ဆိုင်ထားပါတယ်။ လူအများအပြားကလည်း ဒါကို သဘောတူလိမ့်မယ်လို့ ထင်ပါတယ်။
သူတို့ ကစားတာကို ကြည့်ရတာ ဘယ်အသင်းမှလည်း သူတို့ကို ပြဿနာပေးနိုင်မယ်လို့ မထင်ရဘူး။ နိုဝင်ဘာလတုန်းက အန်ဖီးမှာ ၃-၁ ရလဒ်ထွက်ခဲ့တဲ့ ပွဲကိုကြည့်မယ်ဆိုရင် မန်စီးတီးတောင်မှ ဒုက္ခပေးနိုင်မယ်လို့ မထင်ရပဲ နှစ်သင်းကြား ကွာခြားမှုက ကြီးမားခဲ့ပါတယ် ” လို့ ဆိုခဲ့တာဖြစ်တယ်။
နောက်ထပ် ၈န်းနားဟောင်းကြီး လေးမန်းကလည်း ယာဂင်ကလော့ပ်ရဲ့ လီဗာပူးအသင်းဟာ အထင်ကြီးဖို့ ကောင်းလွန်းနေပြီး အာဆင်နယ်အသင်း ပိုင်ဆိုင်ထားတဲ့ တစ်ရာသီ ရံှူးပွဲမရှိ စံချိန်ကို ရယူဖို့ကို လုပ်နိုင်စွမ်းရှိမယ်လို့ ဆိုပါတယ်။
“ လီဗာပူးက အာဆင်နယ်ရဲ့ ရံှူးပွဲမရှိ ကာလအရှည်ဆုံး စံချိန်ကို ချိုးဖျက်ဖို့ လမ်းကြောင်းမှာ ရှိနေပါတယ်။ အမှတ်ပေးဖလားကို သူတို့ထံက ဘယ်လို အသင်းကမှ ရယူသွားနိုင်မယ်လို့ ကျနော် မထင်ပါဘူး။ နှစ်ပေါင်း ၃၀ ကြာ အမှတ်ပေးဖလား အနိုင်မရတဲ့ ကာလပြီးနောက် အရမ်းကောင်းတဲ့ အနေအထားနဲ့အတူ ဒီရာသီမှာ သူတို့ အနိုင်ရဖို့ ထိုက်တန်ပါတယ်။
လီဗာပူးဟာ မန်စီးတီး၊ ယူနိုက်တက်။ စပါးတို့ အနည်းငယ် အင်အားနည်းသွားခြင်းကနေ အကျိုးအမြတ်တွေ ရခဲ့ပါတယ် ” လို့ ဂိုးသမားဟောင်းကြီးက ပြောဆိုသွားခဲ့ပါတယ်။
ZAWGYI
အာဆင်နယ်ကစားသမားဟောင်းတွေဖြစ်တဲ့ ပီရက်စ်နဲ့ လေးမန်းတို့က ဒီရာသီ လီဗာပူးအသင်းဟာ ပရီးမီးယားလိဂ်သမိုင်းမှာ သူတို့ရဲ့ အာဆင်နယ်တစ်သင်းတည်း စိုက်ထူးထားတဲ့ တစ်ရာသီလုံး ရှူံးပွဲမရှိ စံချိန်ကို ချိုးဖျက်နိုင်လိမ့်မယ်လို့ ထောက်ခံလိုက်ပါတယ်။
အာဆင်နယ်ဟာ ပရီးမီးယားလိဂ်မှာ တစ်ရာသီလုံး ရှူံးပွဲမရှိ စံချိန်ကို ရယူပြခဲ့ဖူးပြီး ရာသီကုန်မှာ ရမှတ် ၉၀ နဲ့အတူ ပရီးမီးယားလိဂ် ရွှေဖလားကို အနိုင်ရခဲ့တာဖြစ်တယ်။ အာဆင်နယ်ဟာ ပရီးမီးယားလိဂ်သမိုင်းမှာ ရှူံးပွဲမရှိ စံချိန်ကို အချိန် အကြာဆုံးအဖြစ် ၄၉ ပွဲထိ ရယူနိုင်ခဲ့တဲ့ အသင်းလည်းဖြစ်ပါတယ်။
နောက်ထပ် ၈န်းနားဟောင်းကြီး လေးမန်းကလည်း ယာဂင်ကလော့ပ်ရဲ့ လီဗာပူးအသင်းဟာ အထင်ကြီးဖို့ ကောင်းလွန်းနေပြီး အာဆင်နယ်အသင်း ပိုင်ဆိုင်ထားတဲ့ တစ်ရာသီ ရှူံးပွဲမရှိ စံချိန်ကို ရယူဖို့ကို လုပ်နိုင်စွမ်းရှိမယ်လို့ ဆိုပါတယ်။