လီဗာပူးကို ဇန်နဝါရီမှာ ရောက်လာခဲ့ပြီး ပွဲထွက်မှုတွေလည်း လုပ်ထားပေးပြီဖြစ်တဲ့ မီနာမီနိုက အသင်းမှာ ကစားရတာကို ပျော်နေသလို မန်နေဂျာရဲ့ သူ့အပေါ်ထားတဲ့ ယုံကြည်မှုတွေကို ပြန်လည် ပေးဆပ်လိုတယ်လို့ ဆိုပါတယ်။

တိုက်စစ်ပိုင်း နေရာစုံမှာ ကစားနိုင်တဲ့ မီနာမီနိုက သူဘယ်နေရာမှာ ကစားရမလဲဆိုတာအတွက် ဖိအားတွေ ရှိနေခြင်းမရှိပဲ အနာဂတ်မှာ နေရာတစ်နေရာကနေ တာဝန်ယူကစားဖို့ ရှာဖွေနေကြောင်း ရှင်းပြခဲ့ပါတယ်။

မီနာမီနိုက ပြောရာမှာ ” ကျနော် ဘယ်နေရာမှာ ကစားရမယ်ဆိုတာက ပြိုင်ဘက်အပေါ်မှာပဲ မူတည်ပါတယ်။ ဘယ်နေရာမှာ ကစားလိုတယ်ဆိုတာကို ပြောရတာက ခက်ပါတယ်။ ဒါပေမယ့် ဘယ်နေရာမှာမဆို ကျနော် ကောင်းကောင်းကစားနိုင်တယ်။ ပုံသေ နေရာတစ်ခုမှာ ကစားနိုင်ဖို့ ဆိုတာက မလွယ်ပါဘူး။ ဒါပေမယ့် အဲ့နေရာကို ကျနော်လည်း ရှာဖွေနေပါတယ် ” လို့ ဆိုခ့တယ်။

အင်္ဂလိပ်စကား ပြောနိုင်ဖို့ ကြိုးစားနေရဆဲ မီနာမီနိုကို ကလပ်အသင်းကို ရောက်လာအပြီးမှာ ယာဂင်ကလော့ပ်က အရေးပါတဲ့ မှာတမ်းတစ်ခုကို ခြွေထားခဲ့ပါတယ်။ ဒါကိုလည်း မီနာမီနိုက ပြောပြပါသေးတယ်။

” မန်နေဂျာပြောတဲ့စကားတွေကို လုံးဝ မမေ့ပါဘူး။ ကလပ်ကို ပြောင်းလာပြီး နှစ်ရက်၊ သုံးရက်ကြောတော့ မန်နေဂျာက ကျနော် ကစားလိုတဲ့ ဘယ်နေရာမှာမဆို ကစားနိုင်တယ်လို့ ပြောခဲ့တယ်။ သူကပဲ ဘယ်လိုပဲ ကစားကစား ပျော်ပျော်ရွှင်ရွှင် ကစားဖို့ မှာခဲ့ပါတယ်။

ဒီတော့ ကစားသမားတစ်ယောက်အနေနဲ့ သူပြောတာကို ပြောရွှင်မိတယ်။ အဝတ်လဲခန်းမှာဆိုရင် မန်နေဂျာက ကစားသမားတွေကို အရမ်းကို လုံ့ဆော်မှု ပေးနိုင်စွမ်းရှိတယ်။ ဒီတော့ မန်နေဂျာရဲ့ လုံ့ဆော်ပေးမှုတွေကို လေ့ကျင့်ရေး အစီအစဉ်တွေမှာဖြစ်စေ တကယ်ပွဲတွေမှာဖြစ်စေ ကျနော် ပြန်လည်ပေးဆပ် လိုပါတယ် ” လို့ မီနာမီနိုက ဆိုပါတယ်။

မီနာမီနိုက မန်နေဂျာရဲ့ တွန်းအားပေးတဲ့ စကားတွေကို နားထောင်ရတာကို နှစ်ခြိုက်ပြီး နှစ်ပေါင်း ၃၀ ကြာ လီဗာပူး အနိုင်မရဖြစ်နေတဲ့ အမှတ်ပေးဖလားကို ရာသီကုန်မှာ အနိုင်ရအောင် ကူညီပေးလိုတယ်။ ထပ်ပြီးလည်း သူကိုယ်တိုင်လည်း နေရာတစ်နေရာ ရအောင် ကြိုးစားလိုကြောင်း ဆိုသွားခဲ့ပါတယ်။

” အသင်း ပရီးမီးယားလိဂ်ဖလား အနိုင်ရအောင် ကူညီပေးလိုပါတယ်။ ဒါပေမယ့် အနီးစပ်ဆုံး ရည်မှန်းချက်က ပွဲတွေ အများအပြားကို ကစားလိုပါတယ်။ ဂိုးရယူဖို့ကော၊ ဂိုးထောက်ပံ့ပေးဖို့ကောပါပဲ။ ဒီအသင်းမှာ ကစားရတာကို ကျနော် အရမ်းပျော်ပါတယ်။ ဒါပေမယ့်လည်း ပရီးမီးယားလိဂ်ဖလား အနိုင်ရဖို့က ရာနှုန်းပြည့် သေချာသေးတာ မဟုတ်ပါဘူး။ ကျနော်ရဲ့ စွမ်းအားတွေကို ကလပ်အသင်းအတွက် အကုန်အစင် ပေးလိုပါတယ် ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။

ZAWGYI

လီဗာပူးကို ဇန္နဝါရီမွာ ေရာက္လာခဲ့ျပီး ပြဲထြက္မႈေတြလည္း လုပ္ထားေပးျပီျဖစ္တဲ့ မီနာမီႏိုက အသင္းမွာ ကစားရတာကို ေပ်ာ္ေနသလို မန္ေနဂ်ာရဲ႕ သူ႔အေပၚထားတဲ့ ယံုၾကည္မႈေတြကို ျပန္လည္ ေပးဆပ္လိုတယ္လို႔ ဆိုပါတယ္။

တိုက္စစ္ပိုင္း ေနရာစံုမွာ ကစားႏုိင္တဲ့ မီနာမီႏိုက သူဘယ္ေနရာမွာ ကစားရမလဲဆိုတာအတြက္ ဖိအားေတြ ရွိေနျခင္းမရွိပဲ အနာဂတ္မွာ ေနရာတစ္ေနရာကေန တာဝန္ယူကစားဖို႔ ရွာေဖြေနေၾကာင္း ရွင္းျပခဲ့ပါတယ္။

မီနာမီႏိုက ေျပာရာမွာ ” က်ေနာ္ ဘယ္ေနရာမွာ ကစားရမယ္ဆိုတာက ျပိဳင္ဘက္အေပၚမွာပဲ မူတည္ပါတယ္။ ဘယ္ေနရာမွာ ကစားလိုတယ္ဆိုတာကို ေျပာရတာက ခက္ပါတယ္။ ဒါေပမယ့္ ဘယ္ေနရာမွာမဆို က်ေနာ္ ေကာင္းေကာင္းကစားႏုိင္တယ္။ ပံုေသ ေနရာတစ္ခုမွာ ကစားႏုိင္ဖို႔ ဆိုတာက မလြယ္ပါဘူး။ ဒါေပမယ့္ အဲ့ေနရာကို က်ေနာ္လည္း ရွာေဖြေနပါတယ္ ” လို႔ ဆိုခ့တယ္။

အဂၤလိပ္စကား ေျပာႏုိင္ဖို႔ ၾကိဳးစားေနရဆဲ မီနာမီႏိုကို ကလပ္အသင္းကို ေရာက္လာအျပီးမွာ ယာဂင္ကေလာ့ပ္က အေရးပါတဲ့ မွာတမ္းတစ္ခုကို ေျခြထားခဲ့ပါတယ္။ ဒါကိုလည္း မီနာမီႏိုက ေျပာျပပါေသးတယ္။

” မန္ေနဂ်ာေျပာတဲ့့စကားေတြကို လံုးဝ မေမ့ပါဘူး။ ကလပ္ကို ေျပာင္းလာျပီး ႏွစ္ရက္၊ သံုးရက္ေၾကာေတာ့ မန္ေနဂ်ာက က်ေနာ္ ကစားလိုတဲ့ ဘယ္ေနရာမွာမဆို ကစားႏုိင္တယ္လို႔ ေျပာခဲ့တယ္။ သူကပဲ ဘယ္လိုပဲ ကစားကစား ေပ်ာ္ေပ်ာ္ရႊင္ရႊင္ ကစားဖို႔ မွာခဲ့ပါတယ္။

ဒီေတာ့ ကစားသမားတစ္ေယာက္အေနနဲ႔ သူေျပာတာကို ေျပာရႊင္မိတယ္။ အဝတ္လဲခန္းမွာဆိုရင္ မန္ေနဂ်ာက ကစားသမားေတြကို အရမ္းကို လံု႔ေဆာ္မႈ ေပးႏုိင္စြမ္းရွိတယ္။ ဒီေတာ့ မန္ေနဂ်ာရဲ႕ လံု႔ေဆာ္ေပးမႈေတြကို ေလ့က်င့္ေရး အစီအစဥ္ေတြမွာျဖစ္ေစ တကယ္ပြဲေတြမွာျဖစ္ေစ က်ေနာ္ ျပန္လည္ေပးဆပ္ လိုပါတယ္ ” လို႔ မီနာမီႏိုက ဆိုပါတယ္။

မီနာမီႏိုက မန္ေနဂ်ာရဲ႕ တြန္းအားေပးတဲ့ စကားေတြကို နားေထာင္ရတာကို ႏွစ္ျခိဳက္ျပီး ႏွစ္ေပါင္း ၃၀ ၾကာ လီဗာပူး အႏုိင္မရျဖစ္ေနတဲ့ အမွတ္ေပးဖလားကို ရာသီကုန္မွာ အႏုိင္ရေအာင္ ကူညီေပးလိုတယ္။ ထပ္ျပီးလည္း သူကိုယ္တိုင္လည္း ေနရာတစ္ေနရာ ရေအာင္ ၾကိဳးစားလိုေၾကာင္း ဆိုသြားခဲ့ပါတယ္။

” အသင္း ပရီးမီးယားလိဂ္ဖလား အႏုိင္ရေအာင္ ကူညီေပးလိုပါတယ္။ ဒါေပမယ့္ အနီးစပ္ဆံုး ရည္မွန္းခ်က္က ပြဲေတြ အမ်ားအျပားကို ကစားလိုပါတယ္။ ဂိုးရယူဖို႔ေကာ၊ ဂိုးေထာက္ပံ့ေပးဖို႔ေကာပါပဲ။ ဒီအသင္းမွာ ကစားရတာကို က်ေနာ္ အရမ္းေပ်ာ္ပါတယ္။ ဒါေပမယ့္လည္း ပရီးမီးယားလိဂ္ဖလား အႏုိင္ရဖို႔က ရာႏႈန္းျပည့္ ေသခ်ာေသးတာ မဟုတ္ပါဘူး။ က်ေနာ္ရဲ႕ စြမ္းအားေတြကို ကလပ္အသင္းအတြက္ အကုန္အစင္ ေပးလိုပါတယ္ ” လို႔ ဆိုခဲ့တာျဖစ္ပါတယ္။