လီဗာပူးဟာ ဇန်နဝါရီ ဈေးကွက်အတွင်းမှာ သိပ်ပြီး ကြီးကြီးမားမား ဝင်ရောက် လှုပ်ရှားခဲ့ခြင်း မရှိပဲ ခေါ်ယူမှုတစ်ခုသာ ပြုလုပ်ခဲ့သလို အသင်းတိုက်စစ်သမား ရှာကွီရီကို ဆက်ထိန်းဖို့ ဆုံးဖြတ်ခဲ့ခြင်းလောက်ပဲ လုပ်ဆောင်ခဲ့ပါတယ်။

အပြောင်းအရွှေ့ နောက်ဆုံးရက်အတွင်း ပြိုင်ဘက်အသင်းတွေကတော့ အတော်ကို အလုပ်များတဲ့ ကြိုးစားမှုတွေ ရှိခဲ့ကြကာ ဘာပဲဖြစ်ဖြစ် ၂၀၂၀ ဇန်နဝါရီ အပြောင်းအရွှေ့ဟာ ၂၀၁၀ ခုနှစ်နောက်ပိုင်း ပရီးမီးယားလိဂ်ရဲ့ အငြိမ်သက်ဆုံးသော ဈေးကွက်တစ်ခု ဖြစ်ခဲ့ပါတယ်။

အင်္ဂလန်ကလပ်တွေ လှုပ်ရှားမှုနည်းတဲ့ ဈေးကွက်ဖြစ်ခဲ့ကာ ဒီဈေးကွက်အတွင်း အောင်မြင်ခဲ့တဲ့ ပရီးမီးယားလိဂ်ကလပ်တွေထဲ လီဗာပူးလည်း ပါဝင်တယ်လို့ ယူဆခံခဲ့ရတယ်။ လီဗာပူးဟာ မီနာမီနိုတစ်ဦးတည်းကို ခေါ်ယူခဲ့ပြီး ညိနှိုင်းမှုတွေက ခရစ်စမတ်ကာလလောက်ကတည်းက ပြီးနေခဲ့တာပါ။

ဂျပန်လက်ရွေးစင်ကို ခေါ်ယူခဲ့တာက ကလပ်အသင်းအရေးကြီး လိုအပ်မယ့် တိုက်စစ်နေရာတွေအတွက်ဖြစ်ပြီး လိုအပ်လာမယ်ဆိုရင် ကွင်းလယ်တိုက်စစ်ပါ ကစားနိုင်မှာဖြစ်တယ်။ လီဗာပူးက မီနာမီနိုကို ဇန်နဝါရီ အစောကတည်းက အပြီးသတ် ခေါ်ယူခဲ့တာဖြစ်သလို ပြောင်းရွှေ့ကြေးကလည်း ချိုပါတယ်။ ဒီလထဲမှာ ရာသီဝက်နားရက်တွေ ပြီးဆုံးခဲ့ရင် မီနာမီနိုက ကလပ်နဲ့ အတော်လေး အသားကျနေမှာဖြစ်တယ်။

မီနာမီနို ရောက်လာခြင်းဟာ ရာသီဝက်ကာလ လီဗာပူးလူစာရင်းအတွက် အကျိုးဖြစ်ယုံတင်မကပဲ သူ့ကို ခေါ်ယူလို့လည်း နွေဈေးကွက်အတွက် ထိခိုက်မှု မရှိနိုင်ပါဘူး။ ၂၀၁၉-၂၀၂၀ ဘောလုံးရာသီ တစ်ခုလုံးမှာ လီဗာပူးက အသာတင် အသုံးစရိတ်မှာ အမြတ်တောင် ရထားသေးတာဖြစ်ကာ လာမယ့် ရာသီမှာတော့ ခေါ်ယူမှုကြီးတွေလုပ်ဖို့ ဘဏ္ဍာရေးက ဟန်ချက်ညီနေမှာဖြစ်တယ်။

အားကစားဒါရိုက်တာ ဝုဒ်ဝတ်နဲ့ အချက်အလက်ပိုင်း စောင့်ကြည့်သူတွေအတွက်ကလည်း ဇန်နဝါရီကို အကောင်းဆုံး ကျော်ဖြတ်နိုင်ခဲ့လို့ သူတို့ ဆက်လက် စောင့်ကြည့်နေတဲ့ ကစားသမားတွေရဲ့ ခြေစွမ်းကို အကဲဖြတ်ဖို့ အချိန်ကာ ပိုရခဲ့ပြီဖြစ်တယ်။ ကစားကွင်းပြင်ပရဲ့ အရိပ်လို့ ခေါ်နိုင်တဲ့ ကင်းထောက်လုပ်မှုမှာ လီဗာပူးက ပိုမို အချိန်ရခဲ့ပြီဖြစ်တယ်။

မီနာမီနို တစ်ဦးတည်းက လီဗာပူးရဲ့ လူစာရင်း၊ ဘဏ္ဍာရေးနဲ့ ကစားသမားကင်းထောက်မှု သုံးခုလုံးအတွက် အကျိုးဖြစ်ထွန်းခဲ့တာဖြစ်တယ်။ အကောင်းမြင်စရာတွေ များခဲ့ပေမယ့်လည်း ဆက်လက် လုပ်ဆောင်ရမယ့် ကိစ္စတွေက ပြီးဆုံးခြင်း မရှိသေးပါဘူး။ လီဗာပူးရဲ့ ကစားသမားစောင့်ကြည့်မှုအဖွဲ့ဟာ ဂရုဂျစ်နဲ့ ဝဲလ်ဆန်တို့ကို အပတ်တိုင်း အစီရင်ခံမှုတွေ ဆက်လက် လုပ်ဆောင်နေဦးမှာဖြစ်ကာ လယ်လာနာနဲ့ ဂီနီတို့ရဲ့ သက်တမ်းတိုးကိစ္စကို ဆက်လက် အဖြေရှာမှာဖြစ်တယ်။

နွေအပြောင်းအရွှေ့မှာ ကစားသမား ရောင်းထုတ်မှု အနည်းငယ်ပြုလုပ်ကာ လူစာရင်းကို ရှင်းလင်းနိုင်ပြီး ကစားသမား အင်အားဖြည့် ခေါ်ယူမှုတွေကို ပြန်လုပ်မှာဖြစ်တယ်။ နောက်ရာသီအတွက် ဟန်ချက်ညီဖို့ကိုတော့ မန်နေဂျာ၊ အားကစားဒါရိုက်တာနဲ့ နည်းပြအဖွဲ့ဝင်တွေ အဖြေရှာမှာဖြစ်ပြီး ဒီဇန်နဝါရီကတော့ အကောင်းမြင်နိုင်စရာ ဈေးကွက်တစ်ခု ဖြစ်ခဲ့ပါတယ်။

ZAWGYI

လီဗာပူးဟာ ဇန္နဝါရီ ေစ်းကြက္အတြင္းမွာ သိပ္ျပီး ၾကီးၾကီးမားမား ဝင္ေရာက္ လႈပ္ရွားခဲ့ျခင္း မရွိပဲ ေခၚယူမႈတစ္ခုသာ ျပဳလုပ္ခဲ့သလို အသင္းတိုက္စစ္သမား ရွာကီြရီကို ဆက္ထိန္းဖို႔ ဆံုးျဖတ္ခဲ့ျခင္းေလာက္ပဲ လုပ္ေဆာင္ခဲ့ပါတယ္။

အေျပာင္းအေရႊ႔ ေနာက္ဆံုးရက္အတြင္း ျပိဳင္ဘက္အသင္းေတြကေတာ့ အေတာ္ကို အလုပ္မ်ားတဲ့ ၾကိဳးစားမႈေတြ ရွိခဲ့ၾကကာ ဘာပဲျဖစ္ျဖစ္ ၂၀၂၀ ဇန္နဝါရီ အေျပာင္းအေရႊ႔ဟာ ၂၀၁၀ ခုႏွစ္ေနာက္ပိုင္း ပရီးမီးယားလိဂ္ရဲ႕ အျငိမ္သက္ဆံုးေသာ ေစ်းကြက္တစ္ခု ျဖစ္ခဲ့ပါတယ္။

အဂၤလန္ကလပ္ေတြ လႈပ္ရွားမႈနည္းတဲ့ ေစ်းကြက္ျဖစ္ခဲ့ကာ ဒီေစ်းကြက္အတြင္း ေအာင္ျမင္ခဲ့တဲ့ ပရီးမီးယားလိဂ္ကလပ္ေတြထဲ လီဗာပူးလည္း ပါဝင္တယ္လို႔ ယူဆခံခဲ့ရတယ္။ လီဗာပူးဟာ မီနာမီႏိုတစ္ဦးတည္းကို ေခၚယူခဲ့ျပီး ညိႏိႈင္းမႈေတြက ခရစ္စမတ္ကာလေလာက္ကတည္းက ျပီးေနခဲ့တာပါ။

ဂ်ပန္လက္ေရြးစင္ကို ေခၚယူခဲ့တာက ကလပ္အသင္းအေရးၾကီး လိုအပ္မယ့္ တိုက္စစ္ေနရာေတြအတြက္ျဖစ္ျပီး လိုအပ္လာမယ္ဆိုရင္ ကြင္းလယ္တိုက္စစ္ပါ ကစားႏုိင္မွာျဖစ္တယ္။ လီဗာပူးက မီနာမီႏိုကို ဇန္နဝါရီ အေစာကတည္းက အျပီးသတ္ ေခၚယူခဲ့တာျဖစ္သလို ေျပာင္းေရႊ႔ေၾကးကလည္း ခ်ိဳပါတယ္။ ဒီလထဲမွာ ရာသီဝက္နားရက္ေတြ ျပီးဆံုးခဲ့ရင္ မီနာမီႏိုက ကလပ္နဲ႔ အေတာ္ေလး အသားက်ေနမွာျဖစ္တယ္။

မီနာမီႏို ေရာက္လာျခင္းဟာ ရာသီဝက္ကာလ လီဗာပူးလူစာရင္းအတြက္ အက်ိဳးျဖစ္ယံုတင္မကပဲ သူ႔ကို ေခၚယူလို႔လည္း ေႏြေစ်းကြက္အတြက္ ထိခိုက္မႈ မရွိႏုိင္ပါဘူး။ ၂၀၁၉-၂၀၂၀ ေဘာလံုးရာသီ တစ္ခုလံုးမွာ လီဗာပူးက အသာတင္ အသံုးစရိတ္မွာ အျမတ္ေတာင္ ရထားေသးတာျဖစ္ကာ လာမယ့္ ရာသီမွာေတာ့ ေခၚယူမႈၾကီးေတြလုပ္ဖို႔ ဘ႑ာေရးက ဟန္ခ်က္ညီေနမွာျဖစ္တယ္။

အားကစားဒါရိုက္တာ ဝုဒ္ဝတ္နဲ႔ အခ်က္အလက္ပိုင္း ေစာင့္ၾကည့္သူေတြအတြက္ကလည္း ဇန္နဝါရီကို အေကာင္းဆံုး ေက်ာ္ျဖတ္ႏုိင္ခဲ့လို႔ သူတို႔ ဆက္လက္ ေစာင့္ၾကည့္ေနတဲ့ ကစားသမားေတြရဲ႕ ေျခစြမ္းကို အကဲျဖတ္ဖို႔ အခ်ိန္ကာ ပိုရခဲ့ျပီျဖစ္တယ္။ ကစားကြင္းျပင္ပရဲ႕ အရိပ္လို႔ ေခၚႏုိင္တဲ့ ကင္းေထာက္လုပ္မႈမွာ လီဗာပူးက ပိုမို အခ်ိန္ရခဲ့ျပီျဖစ္တယ္။

မီနာမီႏို တစ္ဦးတည္းက လီဗာပူးရဲ႕ လူစာရင္း၊ ဘ႑ာေရးနဲ႔ ကစားသမားကင္းေထာက္မႈ သံုးခုလံုးအတြက္ အက်ိဳးျဖစ္ထြန္းခဲ့တာျဖစ္တယ္။ အေကာင္းျမင္စရာေတြ မ်ားခဲ့ေပမယ့္လည္း ဆက္လက္ လုပ္ေဆာင္ရမယ့္ ကိစၥေတြက ျပီးဆံုးျခင္း မရွိေသးပါဘူး။ လီဗာပူးရဲ႕ ကစားသမားေစာင့္ၾကည့္မႈအဖြဲ႔ဟာ ဂရုဂ်စ္နဲ႔ ဝဲလ္ဆန္တို႔ကို အပတ္တိုင္း အစီရင္ခံမႈေတြ ဆက္လက္ လုပ္ေဆာင္ေနဦးမွာျဖစ္ကာ လယ္လာနာနဲ႔ ဂီနီတို႔ရဲ႕ သက္တမ္းတိုးကိစၥကို ဆက္လက္ အေျဖရွာမွာျဖစ္တယ္။

ေႏြအေျပာင္းအေရႊ႔မွာ ကစားသမား ေရာင္းထုတ္မႈ အနည္းငယ္ျပဳလုပ္ကာ လူစာရင္းကို ရွင္းလင္းႏုိင္ျပီး ကစားသမား အင္အားျဖည့္ ေခၚယူမႈေတြကို ျပန္လုပ္မွာျဖစ္တယ္။ ေနာက္ရာသီအတြက္ ဟန္ခ်က္ညီဖို႔ကိုေတာ့ မန္ေနဂ်ာ၊ အားကစားဒါရိုက္တာနဲ႔ နည္းျပအဖြဲ႔ဝင္ေတြ အေျဖရွာမွာျဖစ္ျပီး ဒီဇန္နဝါရီကေတာ့ အေကာင္းျမင္ႏုိင္စရာ ေစ်းကြက္တစ္ခု ျဖစ္ခဲ့ပါတယ္။