မန်နေဂျာယာဂင်ကလော့ပ်က ဆောက်သမ်တန်ပွဲကြိုမှာ တိုက်စစ်မှူးဆာလက်ရဲ့ အနာဂတ်နဲ့ ပက်သက်ပြီး မေးခွန်းထုတ်ခံခဲ့ရပါတယ်။

ကမ္ဘာအကောင်းဆုံး တိုက်စစ်သမားတွေထဲက တစ်ဦးဖြစ်တဲ့ ဆာလက်ဟာ သူကစားသမားဘဝ အိပ်မက်တွေကို လီဗာပူးမှာ အောင်မြင်နေတာပါ။ ဒါပေမယ့်လည်း သတင်းသမားတွေက ထုံးစံအတိုင်း တည်ငြိမ်နေတဲ့ သတင်းခေါင်းစီးတွေကို လှုပ်လှုပ်ခတ်ခတ် ဖြစ်လိုကြပါတယ်။ ဒါကြောင့်လည်း လာမယ့်ရာသီမှာ ဆာလက်က လီဗာပူးမှာ ဆက်ရှိနေမလားလို့ မေးခွန်းထုတ်ခဲ့ကြတာဖြစ်တယ်။

ဒီမေးခွန်းနဲ့ ပက်သက်ပြပီး မန်နေဂျာ ယာဂ်ကလော့ပ်က ” ငါကတော့ ဆက်ရှိနေမယ် ထင်ပါတယ်။ ခြားနားတဲ့ ကိစ္စတစ်ခုခုကို မင်းတို့ ကြားထားမိလို့လား? လီဗာပူးမှာ ဆက်နေဖို့ သူဘယ်လောက် ဆာလောင်နေတယ်လို့ မင်းမြင်လဲ? ကြည့်ရတာတော့ ငါ့လိုပဲ သူလည်း တကယ်ကို အထိုင်ကျနေပါတယ်။

ငါမပြောတတ်ပေမယ့် မင်းတို့တွေ အခြားသော ကစားသမားတွေနဲ့ ပက်သက်ပြီး တူညီတဲ့ ဒီလိုမေးခွန်း မေးရင်လည်း ငါ့မှာ ဖြေစရာမရှိဘူး။ ဒီမေးခွန်းကို မင်းတို့ မမေးချိန်ထိ စဉ်းတောင် မစဉ်းစားမိခဲ့ဘူး။ ဒီအခြေအနေထိတော့ ငါဘာကိုမှ မကြားထားဘူး။ နောက်ရာသီနဲ့ လာမယ့် နှစ်ရာသီလောက်မှာ မင်းတို့ အသင်းမှာ ဆက်ရှိနေကြမလား? ဆိုပြီးလဲ ကစားသမားတွေကို လိုက်မေးမနေဘူး။ ဆာလက်ကတော့ ဆက်နေမှာပါ။

သူ့ရဲ့ စာချုပ်က သက်တမ်း ဘယ်လောက်ထိ ရှိနေသလဲ? အကြာကြီးလား? ဒီမေးခွန်းတွေအတွက် ငါပြန်ဖြေပေးရရင်တော့ အကြာကြီး ရှိနေသေးတာပေါ့။ ဒါပေမယ့် ငါလည်း မသိပါဘူး ” လို့ ဆိုသွားခဲ့တာဖြစ်ပါတယ်။

ZAWGYI

မန္ေနဂ်ာယာဂင္ကေလာ့ပ္က ေဆာက္သမ္တန္ပြဲၾကိဳမွာ တိုက္စစ္မွဴးဆာလက္ရဲ႕ အနာဂတ္နဲ႔ ပက္သက္ျပီး ေမးခြန္းထုတ္ခံခဲ့ရပါတယ္။

ကမၻာအေကာင္းဆံုး တိုက္စစ္သမားေတြထဲက တစ္ဦးျဖစ္တဲ့ ဆာလက္ဟာ သူကစားသမားဘဝ အိပ္မက္ေတြကို လီဗာပူးမွာ ေအာင္ျမင္ေနတာပါ။ ဒါေပမယ့္လည္း သတင္းသမားေတြက ထံုးစံအတိုင္း တည္ျငိမ္ေနတဲ့ သတင္းေခါင္းစီးေတြကို လႈပ္လႈပ္ခတ္ခတ္ ျဖစ္လိုၾကပါတယ္။ ဒါေၾကာင့္လည္း လာမယ့္ရာသီမွာ ဆာလက္က လီဗာပူးမွာ ဆက္ရွိေနမလားလို႔ ေမးခြန္းထုတ္ခဲ့ၾကတာျဖစ္တယ္။

ဒီေမးခြန္းနဲ႔ ပက္သက္ျပပီး မန္ေနဂ်ာ ယာဂ္ကေလာ့ပ္က ” ငါကေတာ့ ဆက္ရွိေနမယ္ ထင္ပါတယ္။ ျခားနားတဲ့ ကိစၥတစ္ခုခုကို မင္းတို႔ ၾကားထားမိလို႔လား? လီဗာပူးမွာ ဆက္ေနဖို႔ သူဘယ္ေလာက္ ဆာေလာင္ေနတယ္လို႔ မင္းျမင္လဲ? ၾကည့္ရတာေတာ့ ငါ့လိုပဲ သူလည္း တကယ္ကို အထိုင္က်ေနပါတယ္။

ငါမေျပာတတ္ေပမယ့္ မင္းတို႔ေတြ အျခားေသာ ကစားသမားေတြနဲ႔ ပက္သက္ျပီး တူညီတဲ့ ဒီလိုေမးခြန္း ေမးရင္လည္း ငါ့မွာ ေျဖစရာမရွိဘူး။ ဒီေမးခြန္းကို မင္းတို႔ မေမးခ်ိန္ထိ စဥ္းေတာင္ မစဥ္းစားမိခဲ့ဘူး။ ဒီအေျခအေနထိေတာ့ ငါဘာကိုမွ မၾကားထားဘူး။ ေနာက္ရာသီနဲ႔ လာမယ့္ ႏွစ္ရာသီေလာက္မွာ မင္းတို႔ အသင္းမွာ ဆက္ရွိေနၾကမလား? ဆိုျပီးလဲ ကစားသမားေတြကို လိုက္ေမးမေနဘူး။ ဆာလက္ကေတာ့ ဆက္ေနမွာပါ။

သူ႔ရဲ႕ စာခ်ဳပ္က သက္တမ္း ဘယ္ေလာက္ထိ ရွိေနသလဲ? အၾကာၾကီးလား? ဒီေမးခြန္းေတြအတြက္ ငါျပန္ေျဖေပးရရင္ေတာ့ အၾကာၾကီး ရွိေနေသးတာေပါ့။ ဒါေပမယ့္ ငါလည္း မသိပါဘူး ” လို႔ ဆိုသြားခဲ့တာျဖစ္ပါတယ္။