ဒီအပတ် လီဗာပူးနဲ့ ဆောက်သမ်တန်ပွဲက အန်ဖီးမှာ ယှဉ်ပြိုင်ရမှာဖြစ်လို့ ပြိုင်ဘက်အတွက် အခွင့်အရေး မရှိပါဘူးလို့ လော်ရိုးက ပြောဆိုလိုက်ပါတယ်။

လော်ရိုးက ” ဆောက်သမ်တန်က အမှတ်ပေးဇယားကို တက်လှမ်းပြလာတာက တကယ်ကို ဇာတ်လမ်းတစ်ပုဒ်ပါပဲ။ ဒါပေမယ့် ဒီတစ်ကြိမ်က အန်ဖီးကို သွားရောက် ယှဉ်ပြိုင်ရမှာပါ။ သူတို့ ကစားတာ အရမ်းကောင်းနေပေမယ့် အန်ဖီးမှာတော့ ခက်ခဲမှာပါ။ ဒီအခြေအနေမှာ ထူးချွန်တဲ့ စွမ်းဆောင်ရည်တွေ ပြသနေတဲ့ လီဗာပူးကို စိတ်ပျက်စေဖို့ဆိုတာက မြင်ရဖို့ ခက်ခဲပါတယ်။

ကြားရက်က ဝက်ဟမ်းနဲ့ပွဲကို လီဗာပူးက ခပ်လွယ်လွယ် လုပ်ပြခဲ့တယ်။ ဒီပွဲကလည်း တူညီတဲ့ ဇာတ်လမ်းပဲ ထွက်လာမယ်လို့ ထင်ပါတယ်။ လီဗာပူးကိုကြည့်ပြီး သူတို့တော့ ခြေချော်တော့မှာပဲလို့ မြင်ရမယ့် အချိန်တွေက ကုန်ဆုံးသွားပါပြီ။ အမှတ်ပေးဖလားကို စိန်ခေါ်နေပြီဖြစ်တယ်။ ကလော့ပ်က သင်္ချာနည်းအရ ချန်ပီယံဖြစ်တဲ့ထိ ဆက်ကြိုးစားဖို့ပဲ ပြောနေဆဲပါပဲ။

အပတ်တိုင်းမှာ သူတို့က လိဂ်ကို အရံှူးမရှိ အရေးနိမ့်လိုက်ဖို့ နီးကပ်လာပေမယ့် ကျနော်အတွက်ကတော့ မန်နေဂျာက ဘာတွေပဲ ပြောနေနေ အမှတ်ပေးဖလားကို အနိုင်ရတော့မှာဖြစ်ပြီး ချန်ပီယံလိဂ်ကိုတောင် ပြန်လည် စတင်တော့မှာပါ။ ကလော့ပ်က ဆုဖလားတွေ လိုချင်တယ်။ သူက အရံှူးမရှိဆိုတဲ့ စံချိန်ကို စိတ်မဝင်စားဘူး။ ဒီတော့ သူက အပြောင်းအလဲတွေ လုပ်မှာပါ။

စနေနေ့ပွဲအတွက်ကတော့ စိန့်က ကံဆိုးတာပါပဲ။ လီဗာပူးက လူစာရင်း အပြည့်နဲ့ ပွဲထွက်လာဦးမှာ ဖြစ်ပါတယ် ” လို့ ဆိုခဲ့တာဖြစ်တပါတယ်။

လီဗာပူးနဲ့ စိန့်ပွဲအတွက် လော်ရိုးရဲ့ ရလဒ် ခန့်မှန်းကတော့ လီဗာပူး ၃-၀ စိန့် ဖြစ်ပါတယ်။

ZAWGYI

ဒီအပတ္ လီဗာပူးနဲ႔ ေဆာက္သမ္တန္ပြဲက အန္ဖီးမွာ ယွဥ္ျပိဳင္ရမွာျဖစ္လို႔ ျပိဳင္ဘက္အတြက္ အခြင့္အေရး မရွိပါဘူးလို႔ ေလာ္ရိုးက ေျပာဆိုလိုက္ပါတယ္။

ေလာ္ရိုးက ” ေဆာက္သမ္တန္က အမွတ္ေပးဇယားကို တက္လွမ္းျပလာတာက တကယ္ကို ဇာတ္လမ္းတစ္ပုဒ္ပါပဲ။ ဒါေပမယ့္ ဒီတစ္ၾကိမ္က အန္ဖီးကို သြားေရာက္ ယွဥ္ျပိဳင္ရမွာပါ။ သူတို႔ ကစားတာ အရမ္းေကာင္းေနေပမယ့္ အန္ဖီးမွာေတာ့ ခက္ခဲမွာပါ။ ဒီအေျခအေနမွာ ထူးခၽြန္တဲ့ စြမ္းေဆာင္ရည္ေတြ ျပသေနတဲ့ လီဗာပူးကို စိတ္ပ်က္ေစဖို႔ဆိုတာက ျမင္ရဖို႔ ခက္ခဲပါတယ္။

ၾကားရက္က ဝက္ဟမ္းနဲ႔ပြဲကို လီဗာပူးက ခပ္လြယ္လြယ္ လုပ္ျပခဲ့တယ္။ ဒီပြဲကလည္း တူညီတဲ့ ဇာတ္လမ္းပဲ ထြက္လာမယ္လို႔ ထင္ပါတယ္။ လီဗာပူးကိုၾကည့္ျပီး သူတို႔ေတာ့ ေျခေခ်ာ္ေတာ့မွာပဲလို႔ ျမင္ရမယ့္ အခ်ိန္ေတြက ကုန္ဆံုးသြားပါျပီ။ အမွတ္ေပးဖလားကို စိန္ေခၚေနျပီျဖစ္တယ္။ ကေလာ့ပ္က သခ်ၤာနည္းအရ ခ်န္ပီယံျဖစ္တဲ့ထိ ဆက္ၾကိဳးစားဖို႔ပဲ ေျပာေနဆဲပါပဲ။

အပတ္တိုင္းမွာ သူတို႔က လိဂ္ကို အရံွဴးမရွိ အေရးနိမ့္လိုက္ဖို႔ နီးကပ္လာေပမယ့္ က်ေနာ္အတြက္ကေတာ့ မန္ေနဂ်ာက ဘာေတြပဲ ေျပာေနေန အမွတ္ေပးဖလားကို အႏုိင္ရေတာ့မွာျဖစ္ျပီး ခ်န္ပီယံလိဂ္ကိုေတာင္ ျပန္လည္ စတင္ေတာ့မွာပါ။ ကေလာ့ပ္က ဆုဖလားေတြ လိုခ်င္တယ္။ သူက အရံွဴးမရွိဆိုတဲ့ စံခ်ိန္ကို စိတ္မဝင္စားဘူး။ ဒီေတာ့ သူက အေျပာင္းအလဲေတြ လုပ္မွာပါ။

စေနေန႔ပြဲအတြက္ကေတာ့ စိန္႔က ကံဆိုးတာပါပဲ။ လီဗာပူးက လူစာရင္း အျပည့္နဲ႔ ပြဲထြက္လာဦးမွာ ျဖစ္ပါတယ္ ” လို႔ ဆိုခဲ့တာျဖစ္တပါတယ္။

လီဗာပူးနဲ႔ စိန္႔ပြဲအတြက္ ေလာ္ရိုးရဲ႕ ရလဒ္ ခန္႔မွန္းကေတာ့ လီဗာပူး ၃-၀ စိန္႔ ျဖစ္ပါတယ္။