လီဗာပူးနဲ့ ဆောက်သမ်တန်ပွဲမှာ ပြိုင်ဘက်အသင်းကို ဦးဆောင်လာမှာက တိုက်စစ်သမား ဒန်နီအင့်ဖြစ်ပြီး သူ့ရဲ့ တိုးတက်လာတဲ့ အခြေအနေကောင်းတွေအတွက် မဲဝုဒ်က လူတွေအားလုံး ပျော်ရွှင်နေကြပါတယ်လို့ ယာဂင်ကလော့ပ်က ထုတ်ပြောလာပါတယ်။

လီဗာပူးတိုက်စစ်မှူးဟောင်းဟာ ဒီရာသီမှာ တောက်ပတဲ့ ခြေစွမ်းတွေကို ပြသနေတာဖြစ်ပြီး ပရီးမီးယားလိဂ်ပွဲ ၂၄ ပွဲ ကစားထားချိန်မှာ သွင်းဂိုး ၁၄ ဂိုးထိ ရယူထားနိုင်တာဖြစ်ပါတယ်။ ၂၀၁၈ မှာ ဆောက်သမ်တန်ကို ထွက်ခွာသွားတဲ့ တိုက်စစ်သမားဟာ လီဗာပူးအသင်းကထားတဲ့ ချစ်ခင်မှုတွေကို ပိုင်ဆိုင်ထားတာကို ကလော့ပ်က ရှင်းပြခဲ့တယ်။

ကလော့ပ်က “ ဒန်နီရဲ့ အခြေအနေကို ဒီကလူတွေအားလုံး ပျော်ရွှင်ကြပါတယ်။ အသင်းမှာ သူမရှိတော့ပေမယ့် သူက ကျနေ်ာတို့ရဲ့ ကောင်လေးဖြစ်နေဆဲပါ။ ဒါကြောင့်လည်း သူ့ရဲ့ တိုးတက်မှု အနေအထားတွေကို ကျနေ်ာတို့ အမြဲတမ်း စောင့်ကြည့်လေ့ ရှိပါတယ်။

ဒန်နီ ဂိုးသွင်းတိုင်း ကျနေ်ာတို့ အောင်ပွဲခံလေ့ရှိကြပါတယ်။ မနက်ဖြန်မှာတော့ ခြားနားပါလိမ့်မယ်။ ကျနေ်ာတို့နဲ့ ရင်ဆိုင်ကစားတဲ့ ပွဲမှာတော့ ကိုယ်ထက် ပိုကောင်းပါစေလို့ ဆုမတောင်းပေးနိုင်တာကလွဲရင် သူက အရမ်းကိုကောင်းတဲ့ လူတစ်ယောက်ပါ။ ကျနေ်ာတို့တွေ လီဗာပူးမှာ အတူတကွ ပြင်းပြင်းထန်ထန် ကြိုးစားခဲ့ကြဖူးပါတယ်။

ကံမကောင်းစွာပဲ သူဟာ လီဗာပူးအတွက် ပါဝင်ပေးဖို့ လုံလောက်တဲ့ အချိန်တွေ မရခဲ့ပေမယ့် ဆောက်သမ်တန်ကို ပြောင်းဖို့ သူဆုံးဖြတ်ခဲ့တာက ကောင်းမွန်တဲ့ အကြောင်းပြချက်တွေနဲ့အတူ မှန်ကန်တဲ့ ဆုံးဖြတ်ချက် ဖြစ်ခဲ့ပါတယ်။ ပုံစံကောင်းတွေ ပြန်ရလာဖို့ အချိန် အနည်းငယ် ယူခဲ့ရပေမယ့် အခုချိန်မှာတော့ သူက အရမ်းကို တောက်ပနေပါပြီ။

ဆောက်သမ်တန် တစ်သင်းလုံးကလည်း အရမ်းကို ကောင်းနေပြီး သူတို့ လုပ်ပြခဲ့တဲ့ အလှည့်အပြောင်းက အံ့မခန်းပါပဲ။ ဒါပေမယ့် ဒန်နီအတွက်ကတော့ ကျနေ်ာတို့နဲ့ပွဲမှာ သူ့ကို မြင်ရမှာထက် ပိုပျော်နိုင်တာလည်း မရှိတော့ပါဘူး။ ကျနေ်ာတို့နဲ့ ရင်ဆိုင်ကစားရမယ့် ပွဲကလွဲရင် သူ့ကို အကောင်းဆုံးဖြစ်စေဖို့ သူ့ဘဝရဲ့ အကောင်းဆုံး ဘောလုံးရာသီဖြစ်စေဖို့ကို ဆုတောင်းပေးပါတယ် ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။

ZAWGYI

လီဗာပူးနဲ႔ ေဆာက္သမ္တန္ပြဲမွာ ျပိဳင္ဘက္အသင္းကို ဦးေဆာင္လာမွာက တိုက္စစ္သမား ဒန္နီအင့္ျဖစ္ျပီး သူ႔ရဲ႕ တိုးတက္လာတဲ့ အေျခအေနေကာင္းေတြအတြက္ မဲဝုဒ္က လူေတြအားလံုး ေပ်ာ္ရႊင္ေနၾကပါတယ္လို႔ ယာဂင္ကေလာ့ပ္က ထုတ္ေျပာလာပါတယ္။

လီဗာပူးတိုက္စစ္မွဴးေဟာင္းဟာ ဒီရာသီမွာ ေတာက္ပတဲ့ ေျခစြမ္းေတြကို ျပသေနတာျဖစ္ျပီး ပရီးမီးယားလိဂ္ပြဲ ၂၄ ပြဲ ကစားထားခ်ိန္မွာ သြင္းဂိုး ၁၄ ဂိုးထိ ရယူထားႏုိင္တာျဖစ္ပါတယ္။ ၂၀၁၈ မွာ ေဆာက္သမ္တန္ကို ထြက္ခြာသြားတဲ့ တိုက္စစ္သမားဟာ လီဗာပူးအသင္းကထားတဲ့ ခ်စ္ခင္မႈေတြကို ပိုင္ဆုိင္ထားတာကို ကေလာ့ပ္က ရွင္းျပခဲ့တယ္။

ကေလာ့ပ္က “ ဒန္နီရဲ႕ အေျခအေနကို ဒီကလူေတြအားလံုး ေပ်ာ္ရႊင္ၾကပါတယ္။ အသင္းမွာ သူမရွိေတာ့ေပမယ့္ သူက က်ေန္ာတုိ႔ရဲ႕ ေကာင္ေလးျဖစ္ေနဆဲပါ။ ဒါေၾကာင့္လည္း သူ႔ရဲ႕ တိုးတက္မႈ အေနအထားေတြကို က်ေန္ာတို႔ အျမဲတမ္း ေစာင့္ၾကည့္ေလ့ ရွိပါတယ္။

ဒန္နီ ဂိုးသြင္းတိုင္း က်ေန္ာတုိ႔ ေအာင္ပြဲခံေလ့ရွိၾကပါတယ္။ မနက္ျဖန္မွာေတာ့ ျခားနားပါလိမ့္မယ္။ က်ေန္ာတို႔နဲ႔ ရင္ဆုိင္ကစားတဲ့ ပြဲမွာေတာ့ ကိုယ္ထက္ ပိုေကာင္းပါေစလို႔ ဆုမေတာင္းေပးႏုိင္တာကလြဲရင္ သူက အရမ္းကိုေကာင္းတဲ့ လူတစ္ေယာက္ပါ။ က်ေန္ာတို႔ေတြ လီဗာပူးမွာ အတူတကြ ျပင္းျပင္းထန္ထန္ ၾကိဳးစားခဲ့ၾကဖူးပါတယ္။

ကံမေကာင္းစြာပဲ သူဟာ လီဗာပူးအတြက္ ပါဝင္ေပးဖို႔ လံုေလာက္တဲ့ အခ်ိန္ေတြ မရခဲ့ေပမယ့္ ေဆာက္သမ္တန္ကို ေျပာင္းဖို႔ သူဆံုးျဖတ္ခဲ့တာက ေကာင္းမြန္တဲ့ အေၾကာင္းျပခ်က္ေတြနဲ႔အတူ မွန္ကန္တဲ့ ဆံုးျဖတ္ခ်က္ ျဖစ္ခဲ့ပါတယ္။ ပံုစံေကာင္းေတြ ျပန္ရလာဖို႔ အခ်ိန္ အနည္းငယ္ ယူခဲ့ရေပမယ့္ အခုခ်ိန္မွာေတာ့ သူက အရမ္းကို ေတာက္ပေနပါျပီ။

ေဆာက္သမ္တန္ တစ္သင္းလံုးကလည္း အရမ္းကို ေကာင္းေနျပီး သူတို႔ လုပ္ျပခဲ့တဲ့ အလွည့္အေျပာင္းက အံ့မခန္းပါပဲ။ ဒါေပမယ့္ ဒန္နီအတြက္ကေတာ့ က်ေန္ာတို႔နဲ႔ပြဲမွာ သူ႔ကို ျမင္ရမွာထက္ ပိုေပ်ာ္ႏုိင္တာလည္း မရွိေတာ့ပါဘူး။ က်ေန္ာတို႔နဲ႔ ရင္ဆိုင္ကစားရမယ့္ ပြဲကလြဲရင္ သူ႔ကို အေကာင္းဆံုးျဖစ္ေစဖို႔ သူ႔ဘဝရဲ႕ အေကာင္းဆံုး ေဘာလံုးရာသီျဖစ္ေစဖို႔ကို ဆုေတာင္းေပးပါတယ္ ” လို႔ ဆိုခဲ့တာျဖစ္ပါတယ္။