ဇန်နဝါရီအပြောင်းအရွှေ့ ကုန်ဆုံးဖို့ နီးကပ်လာတဲ့ အပြောင်းအရွှေ့ဆိုင်ရာ နောက်ဆုံးနေ့မှာ အင်္ဂလန်သတင်းဌာနဖြစ်တဲ့ The Athletic က ကစားသမား ခေါ်ယူမှုကိစ္စတွေကို မေးမြန်းကြဖို့ ဆွေးနွေးခန်းတစ်ခု ဖွင့်ပေးခဲ့ပါတယ်။

လစဉ်ကြေးပေးပြီး The Athletic ထံက သတင်းတွေကို ဖတ်ရှုကြတဲ့ ပရိသတ်တွေက သက်ဆိုင်ရာကလပ်တွေကို ကိုယ်စားပြုတဲ့ သတင်းထောက်တွေကို သိလိုတဲ့ မေးခွန်းတွေအား တိုက်ရိုက်မေးခွင့်ရပြီး ၎င်းတို့ကလည်း ပြန်လည်ဖြေဆိုမှုတွေ လုပ်ပေးနေတာဖြစ်တယ်။

လီဗာပူးပရိသတ်တွေက The Athletic ရဲ့ လီဗာပူးသတင်းထောက် James Pearce ကို အပြောင်းအရွှေ့ကိစ္စတွေ မေးမြန်းကြရာမှာ ကလော့ပ်လက်ထက် ပထမဆုံးသော နွေအပြောင်းအရွှေ့မှာ မဖြစ်မြောက်ခဲ့ပဲ ပျက်ပြယ်ခဲ့တဲ့ ဘရာဇီးတိုက်စစ်သမားဖြစ်သူ တက်ဆီးယာရဲ့ အပြောင်းအရွှေ့ကိစ္စလည်း ပါဝင်ခဲ့ပါတယ်။

ယာဂင်ကလော့ပ်ရဲ့ ပထမဆုံး ခေါ်ယူမှုကြီးတောင် ဖြစ်ခဲ့နိုင်တဲ့ ရှက်တာဒိုးနက် တိုက်စစ်သမား တက်ဆီးယာအတွက် ကလပ်ဘက်က ပေါင် ၂၄.၆ သန်းနဲ့ ကမ်းလှမ်းခဲ့ပြီး ယူကရိန်းကလပ်က ပေါင် ၄၀ သန်း တောင်းဆိုခဲ့တာပါ။ အဆိုပါ အပြောင်းအရွှေ့ကိစ္စ ညိနှိုင်းမှုလုပ်နိုင်ဖို့ ဖလော်ရီဒါက FSG ရဲ့ တာဝန်ရှိ ပုဂ္ဂိုလ်တစ်ဦးဟာ အင်္ဂလန်ကိုတောင် လာရောက်ခဲ့သေးတာဖြစ်တယ်။

ဘရာဇီးရဲ့ တောက်ပတဲ့ အနာဂတ်ပိုင်ရှင် တိုက်စစ်သမားကို ခေါ်ယူပေးဖို့ FSG ဘက်က ဆန္ဒရှိပေမယ့် သူ့အတွက် တောင်းဆိုတဲ့ ပြောင်းရွှေ့ကြေးက မြင့်မားလွန်းတယ်ဆိုကာ ကလော့ပ်ကိုယ်တိုင်က ပယ်ချခဲ့တာဖြစ်တယ်။ နောက်ပိုင်းမှာ တက်ဆီးယာဟာ တရုတ်ကလပ်ကို ပြောင်းခဲ့ပြီးနောက် အခုထိ အဲ့မှာပါ ကစားနေကာ လက်ရှိမှာ အသက် ၃၀ အရွယ် ရှိနေပြီဖြစ်ပါတယ်။

James Pearce က ပြောပြရာမှာ “ ၂၀၁၆ ဇန်နဝါရီမှာ ရှက်တာဒိုးနက်ရဲ့ အဲလက်စ် တက်ဆီးယာဟာ ကလော့ပ်လက်ထက် ပထမဆုံးသော ခေါ်ယူမှုကြီးဖြစ်ဖို့ နီးစပ်ခဲ့ပါတယ်။ လီဗာပူးဘက်က ဘရာဇီးတိုက်စစ်သမားအတွက် ပေါင် ၂၄.၆ သန်းနဲ့ ဆွေးနွေးမှု လုပ်ခဲ့ပြီး ကလပ်ဘက်က အားကစားဒါရိုက်တာ အိုင်ရီက ရှက်တာဒိုးနက် လေ့ကျင့်ရေးဆင်းနေတဲ့ ဖရော်ရီဒါကိုတောင် သွားရောက် ညိနှိုင်းခဲ့ပါတယ်။

ရှက်တာဒိုးနက်ဘက်က သူ့တို့ ကစားသမားအတွက် ပေါင် ၄၀ သန်းတောင်းခဲ့တယ်။ အဲ့တုန်းက FSG က ကလော့ပ် တောင်းဆိုတာကို လက်မခံခဲ့ဘူးလို့ ဆိုခဲ့ကြပေမယ့် တကယ်တမ်းကတော့ အဲ့သည် ပြောင်းရွှေ့ကြေးက မတန်ဘူးဆိုပြီး ကလော့ပ်ကိုယ်တိုင်က ရုတ်သိမ်းဖို့ စေခိုင်းခဲ့တာပါ။ အဲ့တာနဲ့ပဲ ပြောင်းရွှေ့ကြေး ညိနှိုင်းမရပဲ အေရီက အိမ်ပြန်ခဲ့ရတာပေါ့။

နောက်တော့ တက်ဆီးယာက တရုတ်စူပါလိဂ်ကလပ် Jiangsu Suning ကို ပေါင် ၄၀ သန်းနဲ့ ပြောင်းသွားခဲ့ပါတယ်။ အဲ့မှာပဲ သူဆက်ကစားနေပြီး ပွဲပေါင်း ၁၃၃ ပွဲမှာ ၆၃ ဂိုး သွင်းယူထားပါတယ် ” လို့ ရှင်းပြခဲ့တာဖြစ်ပါတယ်။

တက်ဆီးယာကို မရခဲ့ပေမယ့် ကလော့ပ်ဟာ သူ့စိတ်ကြိုက် ကစားသမားတွေကို ဆက်လက် ခေါ်ယူခဲ့ပြီး လက်ရှိမှာ ချန်ပီယံလိဂ်ဖလားကိုလည်း အနိုင်ရခဲ့ပါပြီ။ ၂၀၁၆ ခုနှစ်က ကျော်ကြားလှတဲ့ အဲလက်စ် တက်ဆီးယာရဲ့ အပြောင်းအရွှေ့ ဇာတ်လမ်းကို လီဗာပူးပရိသတ်တွေ ပြန်ပြီး အမှတ်ရမိကြလိမ့်မယ်လို့ ယူဆမိပါတယ်။

ZAWGYI

ဇန္နဝါရီအေျပာင္းအေရႊ႔ ကုန္ဆံုးဖို႔ နီးကပ္လာတဲ့ အေျပာင္းအေရႊ႔ဆိုင္ရာ ေနာက္ဆံုးေန႔မွာ အဂၤလန္သတင္းဌာနျဖစ္တဲ့ The Athletic က ကစားသမား ေခၚယူမႈကိစၥေတြကို ေမးျမန္းၾကဖို႔ ေဆြးေႏြးခန္းတစ္ခု ဖြင့္ေပးခဲ့ပါတယ္။

လစဥ္ေၾကးေပးျပီး The Athletic ထံက သတင္းေတြကို ဖတ္ရႈၾကတဲ့ ပရိသတ္ေတြက သက္ဆိုင္ရာကလပ္ေတြကို ကိုယ္စားျပဳတဲ့ သတင္းေထာက္ေတြကို သိလိုတဲ့ ေမးခြန္းေတြအား တိုက္ရိုက္ေမးခြင့္ရျပီး ၄င္းတို႔ကလည္း ျပန္လည္ေျဖဆိုမႈေတြ လုပ္ေပးေနတာျဖစ္တယ္။

လီဗာပူးပရိသတ္ေတြက The Athletic ရဲ႕ လီဗာပူးသတင္းေထာက္ James Pearce ကို အေျပာင္းအေရႊ႔ကိစၥေတြ ေမးျမန္းၾကရာမွာ ကေလာ့ပ္လက္ထက္ ပထမဆံုးေသာ ေႏြအေျပာင္းအေရႊ႔မွာ မျဖစ္ေျမာက္ခဲ့ပဲ ပ်က္ျပယ္ခဲ့တဲ့ ဘရာဇီးတိုက္စစ္သမားျဖစ္သူ တက္ဆီးယာရဲ႕ အေျပာင္းအေရႊ႔ကိစၥလည္း ပါဝင္ခဲ့ပါတယ္။

ယာဂင္ကေလာ့ပ္ရဲ႕ ပထမဆံုး ေခၚယူမႈၾကီးေတာင္ ျဖစ္ခဲ့ႏုိင္တဲ့ ရွက္တာဒိုးနက္ တိုက္စစ္သမား တက္ဆီးယာအတြက္ ကလပ္ဘက္က ေပါင္ ၂၄.၆ သန္းနဲ႔ ကမ္းလွမ္းခဲ့ျပီး ယူကရိန္းကလပ္က ေပါင္ ၄၀ သန္း ေတာင္းဆိုခဲ့တာပါ။ အဆုိပါ အေျပာင္းအေရႊ႔ကိစၥ ညိႏိႈင္းမႈလုပ္ႏုိင္ဖို႔ ဖေလာ္ရီဒါက FSG ရဲ႕ တာဝန္ရွိ ပုဂၢိဳလ္တစ္ဦးဟာ အဂၤလန္ကိုေတာင္ လာေရာက္ခဲ့ေသးတာျဖစ္တယ္။

ဘရာဇီးရဲ႕ ေတာက္ပတဲ့ အနာဂတ္ပိုင္ရွင္ တုိက္စစ္သမားကို ေခၚယူေပးဖို႔ FSG ဘက္က ဆႏၵရွိေပမယ့္ သူ႔အတြက္ ေတာင္းဆိုတဲ့ ေျပာင္းေရႊ႔ေၾကးက ျမင့္မားလြန္းတယ္ဆိုကာ ကေလာ့ပ္ကိုယ္တိုင္က ပယ္ခ်ခဲ့တာျဖစ္တယ္။ ေနာက္ပိုင္းမွာ တက္ဆီးယာဟာ တရုတ္ကလပ္ကို ေျပာင္းခဲ့ျပီးေနာက္ အခုထိ အဲ့မွာပါ ကစားေနကာ လက္ရွိမွာ အသက္ ၃၀ အရြယ္ ရွိေနျပီျဖစ္ပါတယ္။

James Pearce က ေျပာျပရာမွာ “ ၂၀၁၆ ဇန္နဝါရီမွာ ရွက္တာဒိုးနက္ရဲ႕ အဲလက္စ္ တက္ဆီးယာဟာ ကေလာ့ပ္လက္ထက္ ပထမဆံုးေသာ ေခၚယူမႈၾကီးျဖစ္ဖို႔ နီးစပ္ခဲ့ပါတယ္။ လီဗာပူးဘက္က ဘရာဇီးတိုက္စစ္သမားအတြက္ ေပါင္ ၂၄.၆ သန္းနဲ႔ ေဆြးေႏြးမႈ လုပ္ခဲ့ျပီး ကလပ္ဘက္က အားကစားဒါရိုက္တာ အိုင္ရီက ရွက္တာဒိုးနက္ ေလ့က်င့္ေရးဆင္းေနတဲ့ ဖေရာ္ရီဒါကိုေတာင္ သြားေရာက္ ညိႏိႈင္းခဲ့ပါတယ္။

ရွက္တာဒိုးနက္ဘက္က သူ႔တို႔ ကစားသမားအတြက္ ေပါင္ ၄၀ သန္းေတာင္းခဲ့တယ္။ အဲ့တုန္းက FSG က ကေလာ့ပ္ ေတာင္းဆိုတာကို လက္မခံခဲ့ဘူးလို႔ ဆိုခဲ့ၾကေပမယ့္ တကယ္တမ္းကေတာ့ အဲ့သည္ ေျပာင္းေရႊ႔ေၾကးက မတန္ဘူးဆိုျပီး ကေလာ့ပ္ကိုယ္တုိင္က ရုတ္သိမ္းဖို႔ ေစခိုင္းခဲ့တာပါ။ အဲ့တာနဲ႔ပဲ ေျပာင္းေရႊ႔ေၾကး ညိႏိႈင္းမရပဲ ေအရီက အိမ္ျပန္ခဲ့ရတာေပါ့။

ေနာက္ေတာ့ တက္ဆီးယာက တရုတ္စူပါလိဂ္ကလပ္ Jiangsu Suning ကို ေပါင္ ၄၀ သန္းနဲ႔ ေျပာင္းသြားခဲ့ပါတယ္။ အဲ့မွာပဲ သူဆက္ကစားေနျပီး ပြဲေပါင္း ၁၃၃ ပြဲမွာ ၆၃ ဂိုး သြင္းယူထားပါတယ္ ” လို႔ ရွင္းျပခဲ့တာျဖစ္ပါတယ္။

တက္ဆီးယာကို မရခဲ့ေပမယ့္ ကေလာ့ပ္ဟာ သူ႔စိတ္ၾကိဳက္ ကစားသမားေတြကို ဆက္လက္ ေခၚယူခဲ့ျပီး လက္ရွိမွာ ခ်န္ပီယံလိဂ္ဖလားကိုလည္း အႏုိင္ရခဲ့ပါျပီ။ ၂၀၁၆ ခုႏွစ္က ေက်ာ္ၾကားလွတဲ့ အဲလက္စ္ တက္ဆီးယာရဲ႕ အေျပာင္းအေရႊ႔ ဇာတ္လမ္းကို လီဗာပူးပရိသတ္ေတြ ျပန္ျပီး အမွတ္ရမိၾကလိမ့္မယ္လို႔ ယူဆမိပါတယ္။