ဆောက်သမ်တန်နဲ့ အမှတ်ပေးပွဲမှာ မာနေး ဆက်လက် လွဲချော်မှာဖြစ်ပြီး ဒဏ်ရာရ ကစားသမားတွေထဲက နှစ်ဦး ပြန်လည် ပါဝင်လာကာ နှစ်ဦး ဆက်လက် လွဲချော်မယ့် ကြံ့ခိုင်မှုဆိုင်ရာ အခြေအနေကို ကလော့ပ်က ထုတ်ပြောလာပါတယ်။

ပရီးမီးယားလိဂ် ပွဲစဉ် ၂၅ အဖြစ် ဒီအပတ်မှာ လီဗာပူးက ဆောက်သမ်တန်ကို အန်ဖီးကွင်းမှာ ဧည့်ခံကစားရမှာဖြစ်ပြီး ဒီပွဲဟာ ရာသီဝက် အနားမရခင် နောက်ဆုံးပွဲဖြစ်ပြီး မကြာခင်မှာ ချန်ပီယံလိဂ် ရံှူးထွက်ပွဲတွေ ပြန်စတင်တော့မှာဖြစ်လို့ သေချာပေါက် အနိုင်ယူထားမှ ဖိအားတွေနဲ့ အဝေးမှာ ကင်းကင်းရှင်းရှင်း ရှိနေမှာဖြစ်တယ်။

ဒီအပတ်မှာ မန်စီးတီးဟာ စပါးရဲ့ အိမ်ကွင်းထံ သွားရောက်ရဖို့ ရှိနေတာကြောင့် အမှတ်ပေးဇယားမှာ ရမှတ် ၁၉ မှတ် ကွာဟနေမှုက ပိုမိုကြီးမားနိုင်တဲ့ အခွင့်အရေး ရှိနေလို့ ကလပ်က သေချာပေါက် အနိုင်ယူဖို့ လိုအပ်ပါတယ်။ ဒဏ်ရြ သတင်းကောင်းအဖြစ်တော့ ဒီပွဲမှာ မီနာနဲ့ ရှာကွီရီတို့ လွဲချော်ကြဦးမှာဖြစ်ပြီး လယ်လာနာနဲ့ အိုရီဂီက ပါဝင်လာနိုင်မှာဖြစ်ပါတယ်။

ကလော့ပ်က ပြောရာမှာ ” မီလ်နာနဲ့ ရှာကွီရီဟာ ဒီပွဲမှ ပါဝင်လာမှာ မဟုတ်ပေမယ့် နောက်ထပ် လာမယ့် ပွဲတွေမှာ ပါဝင်လာနိုင်ဖို့ မျှော်လင့်နိုင်ပါတယ်။ လယ်လာနာက ပုံမှန်အတိုင်း လေ့ကျင့်ရေးဆင်းခဲ့ပြီး အိုရီဂီက ကြွက်တက်ခဲ့တာပါ။ မနေ့ကတော့ သူလေ့ကျင့်ရေး ဆင်းနိုင်ခဲ့ပါတယ်။ နောက်ပြီး ဒီနေ့မှာလည်း သူ လေ့ကျင့်ရေးဆင်းရာမှာ အခြား ဘာသတင်းမှလည်း ကျနော် မကြားခဲ့ရပါဘူး ” လို့ ဆိုခဲ့တာဖြစ်တယ်။

ရာသီဝက် အနားယူမှုအပြီးမှာ လီဗာပူးအသင်းသား အားလုံးနီးပါး ကြံ့ခိုင်မှု အကောင်းဆုံးနဲ့ ပြန်ရလာမှာပါ။ ဆောက်သမ်တန်ပွဲမှာတော့ ဒဏ်ရာကနေ ပြန်သက်သာလာတဲ့ လယ်လာနာ၊ ဖာဘင်ညို၊ ကီတာ၊ မာတစ်၊ လိုဗရန်တို့ကို နေရာစီစဉ်မှုတွေ လုပ်ရဖို့ရှိပြီး စီနီယာတွေအားလုံး ကြံ့ခိုင်လာတာက သတင်းကောင်းပဲ ဖြစ်ပါတယ်။

ZAWGYI

ေဆာက္သမ္တန္နဲ႔ အမွတ္ေပးပြဲမွာ မာေနး ဆက္လက္ လြဲေခ်ာ္မွာျဖစ္ျပီး ဒဏ္ရာရ ကစားသမားေတြထဲက ႏွစ္ဦး ျပန္လည္ ပါဝင္လာကာ ႏွစ္ဦး ဆက္လက္ လြဲေခ်ာ္မယ့္ ၾကံ႕ခိုင္မႈဆုိင္ရာ အေျခအေနကို ကေလာ့ပ္က ထုတ္ေျပာလာပါတယ္။

ပရီးမီးယားလိဂ္ ပြဲစဥ္ ၂၅ အျဖစ္ ဒီအပတ္မွာ လီဗာပူးက ေဆာက္သမ္တန္ကို အန္ဖီးကြင္းမွာ ဧည့္ခံကစားရမွာျဖစ္ျပီး ဒီပြဲဟာ ရာသီဝက္ အနားမရခင္ ေနာက္ဆံုးပြဲျဖစ္ျပီး မၾကာခင္မွာ ခ်န္ပီယံလိဂ္ ရံွဴးထြက္ပြဲေတြ ျပန္စတင္ေတာ့မွာျဖစ္လို႔ ေသခ်ာေပါက္ အႏုိင္ယူထားမွ ဖိအားေတြနဲ႔ အေဝးမွာ ကင္းကငး္ရွင္းရွင္း ရွိေနမွာျဖစ္တယ္။

ဒီအပတ္မွာ မန္စီးတီးဟာ စပါးရဲ႕ အိမ္ကြင္းထံ သြားေရာက္ရဖို႔ ရွိေနတာေၾကာင့္ အမွတ္ေပးဇယားမွာ ရမွတ္ ၁၉ မွတ္ ကြာဟေနမႈက ပိုမိုၾကီးမားႏုိင္တဲ့ အခြင့္အေရး ရွိေနလို႔ ကလပ္က ေသခ်ာေပါက္ အႏုိင္ယူဖို႔ လိုအပ္ပါတယ္။ ဒဏ္ရၾ သတင္းေကာင္းအျဖစ္ေတာ့ ဒီပြဲမွာ မီနာနဲ႔ ရွာကီြရီတို႔ လြဲေခ်ာ္ၾကဦးမွာျဖစ္ျပီး လယ္လာနာနဲ႔ အိုရီဂီက ပါဝင္လာႏုိင္မွာျဖစ္ပါတယ္။

ကေလာ့ပ္က ေျပာရာမွာ ” မီလ္နာနဲ႔ ရွာကီြရီဟာ ဒီပြဲမွ ပါဝင္လာမွာ မဟုတ္ေပမယ့္ ေနာက္ထပ္ လာမယ့္ ပြဲေတြမွာ ပါဝင္လာႏုိင္ဖို႔ ေမွ်ာ္လင့့္ႏုိင္ပါတယ္။ လယ္လာနာက ပံုမွန္အတိုင္း ေလ့က်င့္ေရးဆင္းခဲ့ျပီး အိုရီဂီက ၾကြက္တက္ခဲ့တာပါ။ မေန႔ကေတာ့ သူေလ့က်င့္ေရး ဆင္းႏုိင္ခဲ့ပါတယ္။ ေနာက္ျပီး ဒီေန႔မွာလည္း သူ ေလ့က်င့္ေရးဆင္းရာမွာ အျခား ဘာသတင္းမွလည္း က်ေနာ္ မၾကားခဲ့ရပါဘူး ” လို႔ ဆိုခဲ့တာျဖစ္တယ္။

ရာသီဝက္ အနားယူမႈအျပီးမွာ လီဗာပူးအသင္းသား အားလံုးနီးပါး ၾကံ႕ခိုင္မႈ အေကာင္းဆံုးနဲ႔ ျပန္ရလာမွာပါ။ ေဆာက္သမ္တန္ပြဲမွာေတာ့ ဒဏ္ရာကေန ျပန္သက္သာလာတဲ့ လယ္လာနာ၊ ဖာဘင္ညိဳ၊ ကီတာ၊ မာတစ္၊ လိုဗရန္တို႔ကို ေနရာစီစဥ္မႈေတြ လုပ္ရဖို႔ရွိျပီး စီနီယာေတြအားလံုး ၾကံ႕ခိုင္လာတာက သတင္းေကာင္းပဲ ျဖစ္ပါတယ္။