လီဗာပူးအသင်းမှ အသင်းခေါင်းဆောင် ဟန်ဒါဆန်နဲ့ ဂိုးသမား အယ်လစ်ဆန်တို့ဟာ ဇန်နဝါရီလ ပရီးမီးယားလိဂ် အကောင်းဆုံး ကစားသမားဆု ဆန်ကာတင် စာရင်းထဲမှာ ပါဝင်လာပါတယ်။

ဆာလက်ရဲ့ ရိုးမားအသင်းဖော်ဟောင်း ဂန္တဝင်ကစားသမားကြီး တော့တီက အီဂျစ်သားဟာ ပွဲတစ်ပွဲကို ဘယ်အချိန်မှာ မဆို ပြောင်းလဲပစ်နိုင်တဲ့ အဆုံးအဖြတ် ကစားသမား ဖြစ်တယ်လို့ ချီးကျူးပြောဆိုလိုက်ပါတယ်။

လီဗာပူးတိုက်စစ်မှူးဟောင်း လက်ရှိ ဆောက်သမ်တန် ကစားသမား ဒန်နီအင့်ကို မန်ချက်စတာယူနိုက်တက်က ဇန်နဝါရီ အပြောင်းအရွှေ့ မပိတ်ခင် ချိတ်ဆက်ခဲ့ပေမယ့် စိန့်တွေကတော့ အင့်ကို မရောင်းဘူးလို့ အပြတ် ငြင်းပယ်ခဲ့ပါတယ်။

လီဗာပူးအသင်းကို ဖိအားပေးကာ အတင်းထွက်ခွာသွားခဲ့တဲ့ လူငယ်ကစားသမား ဒွန်းကန့်ဟာ လက်ရှိ ဖီရင်အိုတီးနား ကလပ်ကနေ အင်္ဂလန် လိဂ်ဝမ်းကလပ် ဆန်းဒါးလန်ထံ အငှား လာကစားဖို့ ချိတ်ဆက်ခဲ့သော်လည်း ပျက်ပြယ်သွားခဲ့ပါတယ်။

လီဗာပူး ကွင်းလယ်ကစားသမားဟောင်း ဖြစ်တဲ့ အမ်မရေချန်ဟာ လက်ရှိကလပ် ဂျူဗင်တပ်ကနေ ဒေါ့မွန်အသင်းထံ ပြောင်းရွှေ့ကြေး ပေါင် ၂၅.၂ သန်းနဲ့ ပြောင်းဖို့ သဘောတူညီမှု ရသွားခဲ့ပြီး သောကြာနေ့မှာ ဆေးစစ်မှု ခံယူတော့မှာ ဖြစ်ပါတယ်။

လီဗာကူဆင်အသင်းဟာ ဒီရာသီ ဂိုး ၂၀ သွင်းထားတဲ့ ၎င်းတို့ရဲ့ အသက် ၂၀ အရွယ် တိုက်စစ်မှူးလေး ကိုင် ဟာဗက်ဇ်ကို လာမယ့်နွေမှာ လီဗာပူး အသင်း ကမ်းလှမ်းဖွယ် ရှိလို့ ထိန်းထားရန် ပြင်ဆင်နေပါတယ်။

Zawgyi – လီဗာပူးအသင္းမွ အသင္းေခါင္းေဆာင္ ဟန္ဒါဆန္နဲ႕ ဂိုးသမား အယ္လစ္ဆန္တို႔ဟာ ဇန္န၀ါရီလ ပရီးမီးယားလိဂ္ အေကာငး္ဆံုး ကစားသမားဆု ဆန္ကာတင္ စာရင္းထဲမွာ ပါ၀င္လာပါတယ္။

ဆာလက္ရဲ႕ ရိုးမားအသင္းေဖာ္ေဟာင္း ဂႏၱ၀င္ကစားသမားၾကီး ေတာ့တီက အီဂ်စ္သားဟာ ပြဲတစ္ပြဲကို ဘယ္အခ်ိန္မွာ မဆို ေျပာင္းလဲပစ္နုိင္တဲ့ အဆံုးအျဖတ္ ကစားသမား ျဖစ္တယ္လို႔ ခ်ီးက်ဴးေျပာဆိုလိုက္ပါတယ္။

လီဗာပူးတိုက္စစ္မွဴးေဟာင္း လက္ရွိ ေဆာက္သမ္တန္ ကစားသမား ဒန္နီအင့္ကုိ မန္ခ်က္စတာယူနုိက္တက္က ဇန္န၀ါရီ အေျပာင္းအေရႊ႕ မပိတ္ခင္ ခ်ိတ္ဆက္ခဲ့ေပမယ့္ စိန္႔ေတြကေတာ့ အင့္ကို မေရာင္းဘူးလို႔ အျပတ္ ျငင္းပယ္ခဲ့ပါတယ္။

လီဗာပူးအသင္းကို ဖိအားေပးကာ အတင္းထြက္ခြာသြားခဲ့တဲ့ လူငယ္ကစားသမား ဒြန္းကန္႔ဟာ လက္ရွိ ဖီရင္အိုတီးနား ကလပ္ကေန အဂၤလန္ လိဂ္၀မ္းကလပ္ ဆန္းဒါးလန္ထံ အငွား လာကစားဖို႔ ခ်ိတ္ဆက္ခဲ့ေသာ္လည္း ပ်က္ျပယ္သြားခဲ့ပါတယ္။

လီဗာပူး ကြင္းလယ္ကစားသမားေဟာင္း ျဖစ္တဲ့ အမ္မေရခ်န္ဟာ လက္ရွိကလပ္ ဂ်ဴဗင္တပ္ကေန ေဒါ့မြန္အသင္းထံ ေျပာင္းေရႊ႕ေၾကး ေပါင္ ၂၅.၂ သန္းနဲ႕ ေျပာင္းဖို႔ သေဘာတူညီမႈ ရသြားခဲ့ျပီး ေသာၾကာေန႔မွာ ေဆးစစ္မႈ ခံယူေတာ့မွာ ျဖစ္ပါတယ္။

လီဗာကူဆင္အသင္းဟာ ဒီရာသီ ဂိုး ၂၀ သြင္းထားတဲ့ ၄င္းတို႔ရဲ႕ အသက္ ၂၀ အရြယ္ တိုက္စစ္မွဴးေလး ကိုင္ ဟာဗက္ဇ္ကို လာမယ့္ေႏြမွာ လီဗာပူး အသင္း ကမ္းလွမ္းဖြယ္ ရွိလို႔ ထိန္းထားရန္ ျပင္ဆင္ေနပါတယ္။