ဒီအပတ်မှာတော့ လီဗာပူးဟာ ဆောက်သမ်တန်နဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ၎င်းအသင်းမှာတော့ လီဗာပူးတိုက်စစ်မှူးဟောင်း ဒန်နီအင့်က အထူးခြေစွမ်းပြနေတာဖြစ်တယ်။

ဒန်နီအင့်ဟာ ဘန်လေကနေ လီဗာပူးကို ဘော့စမန်စည်းမျဉ်းအရ ပြောင်းလာခဲ့သူဖြစ်ပြီး နှစ်ကြိမ်တိုင် ခြေထောက်ဒဏ်ရာကြောင့် ကာလရှည် အနားယူခဲ့ရသူပါ။ သူ့ကို လီဗာပူးဘက်က ဆေးဘက်ဆိုဒ်ရာ အကြီးအကဲတစ်ဦးဖြစ်တဲ့ Matt Konopinski ကို ကြီးကြပ်စေပြီး ပြန်ကောင်းလာဖို့ အစွမ်းကုန် ကူညီခဲ့တာဖြစ်တယ်။

ဒဏ်ရာကနေ ပြန်သက်သာလာတဲ့နောက် ပုံမှန် ပွဲကစားခွင့်အတွက် အင့်ဟာ အငှားထွက်ခဲ့ပြီး နောက်ဆုံးမှာတော့ ဆောက်သမ်တန်ကို ပေါင် ၂၀ သန်းနဲ့ ပြောင်းဖို့ သဘောတူညီမှု ရခဲ့ပါတယ်။ လက်ရှိ စိန့်အသင်း အဓိက ကစားသမားဖြစ်သူ အင့်ကတော့ လီဗာပူးရဲ့ ကျေးဇူးတွေကို မမေ့ကြောင်းနဲ့ ထွက်ခွာရတာအတွက် သူဘယ်လောက်ထိ နာကျင်ရသလဲဆိုတာကို ရှင်းပြခဲ့ပါတယ်။

ဒန်နီအင့်က ‘ ကျနော်ပြောမှာတွေက သိပ်မသိကြမယ့် ကိစ္စတွေပါ။ အရမ်းကို ရှည်ကြာလှတဲ့ နေ့ရက်တွေဖြစ်ပြီး ကျနော်ကို ရှေ့ဆုံးက ကူညီပေးခဲ့သူကတော့ မတ်ပါပဲ။ အသင်းဝန်ထမ်းတွေကလည်း ကျနော်အပေါ် အရမ်းကို ကောင်းခဲ့ကြပါတယ်။

အစကနေ အဆုံးထိ ဒုက္ခတွေတော့ အရမ်း မပေးခဲ့ပါဘူး။ နေ့ရက်တွေက ကျနော်အတွက်တင် ရှည်ကြာတာ မဟုတ်ပဲ သူတို့အတွက်လည်း ရှည်ကြာခဲ့ပါတယ်။ သူတို့မှာလည်း အိမ်ကိုပြန်မယ်ဆိုရင် မိသားစုတွေရှိပေမယ့် ကျနော်နဲ့ နေပေးခဲ့ကြတယ်။ အဲ့တာက ကျနောအပေါ် သက်ရောက်မှုရှိပါတယ်။ ကျနော် ပြန်ကောင်းလာတာ သူတို့ကြောင့်လည်း ပါပါတယ်။

ကျနော် ဂျွန်မိုးတက္ကသိုလ်မှာ အပြေးလေ့ကျင့်ခန်းတွေ လုပ်ခဲ့ရသလို မန်ချက်စတာက အားကစားစင်တာတွေမှာလည်း သွားရောက် လေ့ကျင့်မှုတွေ လုပ်ခဲ့ရတယ်။ ကျနော်ရဲ့ ခြေထောက်တွေက အလေးချိန်ဘယ်လောက်များများကို ခံနိုင်မလဲဆိုတာ သိရဖို့ သေချာအောင် လုပ်ခဲ့ရတယ်။ ဒါမှပဲ မြက်ခင်းစိမ်းပေါ် ခြေပြန်ချတဲ့အခါ အရာအားလုံး လုပ်နိုင်မှာလေ။ သူတို့က ကျနော်ကို ကယ်တင်ခဲ့ကြတာပါ။ တက်ကို ကူညီပေးခဲ့ကြတာပါ ‘ လို့ ဆိုခဲ့တာဖြစ်တယ်။

အန်ဖီးမှာ လူသိများတဲ့ ကစားသမားတစ်ဦးဖြစ်တဲ့ ဒန်နီအင့်ဟာ ဂျော်ဒန်ဟန်ဒါဆန်၊ ဂျိမ်းမီလ်နာ၊ အဒမ်လယ်လာနာတို့နဲ့အတူ တစ်စားပွဲထဲ ထိုင်ကစားနိုင်တဲ့ စီနီယာတစ်ဦးဖြစ်တယ်။ ဘန်လေကနေ ပူးပေါင်းဖို့ရောက်လာခဲ့ပြီးမှ ခြေစွမ်းကောင်းတွေ ပြခွင့်မရပဲ လီဗာပူးကနေ သူထွက်ခွာဖို့ ဆုံးဖြတ်တဲ့အပေါ် အင့်က နာကျင်ခဲ့ရပါသေးတယ်။ လီဗာပူးအသင်းဖော်တွေကလည်း သူ့ကို တားခဲ့ကြတာပါ။

အင့်ကပဲ ‘ အကောင်းဆုံးနည်းလမ်းနဲ့ ကျနော် ပြောပြရမယ်ဆိုရင် အသင်းကနေ ထွက်သွားဖို့ သူတို့ တွန်းအားလည်း မပေးခဲ့ကြပါဘူး။ လီဗာပူးကနေ ထွက်ခွာဖို့ ကျနော်ဘာသာပဲ ဆုံးဖြတ်ခဲ့တာပါ။ လီဗာပူးကနေ ထွက်ခွာခဲ့ရတာက ကျနော်ကို နာကျင်စေခဲ့တယ်၊ တကယ်ကို နာကျဉ်ခဲ့တာပါ။ ကျနော် ဖြစ်လိုတဲ့ ကစားသမားဖြစ်လာဖို့ လီဗာပူးကနေ ထွက်ဖို့ လိုတယ်ဆိုတာ သိခဲ့ဲပါတယ် ‘ လို့ ဆိုခဲ့တာဖြစ်ပါတယ်။

ZAWGYI

ဒီအပတ္မွာေတာ့ လီဗာပူးဟာ ေဆာက္သမ္တန္နဲ႔ ယွဥ္ျပိဳင္ရမွာျဖစ္ျပီး ၄င္းအသင္းမွာေတာ့ လီဗာပူးတိုက္စစ္မွဴးေဟာင္း ဒန္နီအင့္က အထူးေျခစြမ္းျပေနတာျဖစ္တယ္။

ဒန္နီအင့္ဟာ ဘန္ေလကေန လီဗာပူးကို ေဘာ့စမန္စည္းမ်ဥ္းအရ ေျပာင္းလာခဲ့သူျဖစ္ျပီး ႏွစ္ၾကိမ္တိုင္ ေျခေထာက္ဒဏ္ရာေၾကာင့္ ကာလရွည္ အနားယူခဲ့ရသူပါ။ သူ႔ကို လီဗာပူးဘက္က ေဆးဘက္ဆိုဒ္ရာ အၾကီးအကဲတစ္ဦးျဖစ္တဲ့ Matt Konopinski ကို ၾကီးၾကပ္ေစျပီး ျပန္ေကာင္းလာဖို႔ အစြမ္းကုန္ ကူညီခဲ့တာျဖစ္တယ္။

ဒဏ္ရာကေန ျပန္သက္သာလာတဲ့ေနာက္ ပံုမွန္ ပြဲကစားခြင့္အတြက္ အင့္ဟာ အငွားထြက္ခဲ့ျပီး ေနာက္ဆံုးမွာေတာ့ ေဆာက္သမ္တန္ကို ေပါင္ ၂၀ သန္းနဲ႔ ေျပာင္းဖို႔ သေဘာတူညီမႈ ရခဲ့ပါတယ္။ လက္ရွိ စိန္႔အသင္း အဓိက ကစားသမားျဖစ္သူ အင့္ကေတာ့ လီဗာပူးရဲ႕ ေက်းဇူးေတြကို မေမ့ေၾကာင္းနဲ႔ ထြက္ခြာရတာအတြက္ သူဘယ္ေလာက္ထိ နာက်င္ရသလဲဆိုတာကို ရွင္းျပခဲ့ပါတယ္။

ဒန္နီအင့္က ‘ က်ေနာ္ေျပာမွာေတြက သိပ္မသိၾကမယ့္ ကိစၥေတြပါ။ အရမ္းကို ရွည္ၾကာလွတဲ့ ေန႔ရက္ေတြျဖစ္ျပီး က်ေနာ္ကို ေရွ႔ဆံုးက ကူညီေပးခဲ့သူကေတာ့ မတ္ပါပဲ။ အသင္းဝန္ထမ္းေတြကလည္း က်ေနာ္အေပၚ အရမ္းကို ေကာင္းခဲ့ၾကပါတယ္။

အစကေန အဆံုးထိ ဒုကၡေတြေတာ့ အရမ္း မေပးခဲ့ပါဘူး။ ေန႔ရက္ေတြက က်ေနာ္အတြက္တင္ ရွည္ၾကာတာ မဟုတ္ပဲ သူတို႔အတြက္လည္း ရွည္ၾကာခဲ့ပါတယ္။ သူတို႔မွာလည္း အိမ္ကိုျပန္မယ္ဆိုရင္ မိသားစုေတြရွိေပမယ့္ က်ေနာ္နဲ႔ ေနေပးခဲ့ၾကတယ္။ အဲ့တာက က်ေနာအေပၚ သက္ေရာက္မႈရွိပါတယ္။ က်ေနာ္ ျပန္ေကာင္းလာတာ သူတုိ႔ေၾကာင့္လည္း ပါပါတယ္။

က်ေနာ္ ဂၽြန္မိုးတကၠသိုလ္မွာ အေျပးေလ့က်င့္ခန္းေတြ လုပ္ခဲ့ရသလို မန္ခ်က္စတာက အားကစားစင္တာေတြမွာလည္း သြားေရာက္ ေလ့က်င့္မႈေတြ လုပ္ခဲ့ရတယ္။ က်ေနာ္ရဲ႕ ေျခေထာက္ေတြက အေလးခ်ိန္ဘယ္ေလာက္မ်ားမ်ားကို ခံႏုိင္မလဲဆိုတာ သိရဖို႔ ေသခ်ာေအာင္ လုပ္ခဲ့ရတယ္။ ဒါမွပဲ ျမက္ခင္းစိမ္းေပၚ ေျချပန္ခ်တဲ့အခါ အရာအားလံုး လုပ္ႏုိင္မွာေလ။ သူတို႔က က်ေနာ္ကို ကယ္တင္ခဲ့ၾကတာပါ။ တက္ကို ကူညီေပးခဲ့ၾကတာပါ ‘ လို႔ ဆိုခဲ့တာျဖစ္တယ္။

အန္ဖီးမွာ လူသိမ်ားတဲ့ ကစားသမားတစ္ဦးျဖစ္တဲ့ ဒန္နီအင့္ဟာ ေဂ်ာ္ဒန္ဟန္ဒါဆန္၊ ဂ်ိမ္းမီလ္နာ၊ အဒမ္လယ္လာနာတို႔နဲ႔အတူ တစ္စားပြဲထဲ ထိုင္ကစားႏုိင္တဲ့ စီနီယာတစ္ဦးျဖစ္တယ္။ ဘန္ေလကေန ပူးေပါင္းဖို႔ေရာက္လာခဲ့ျပီးမွ ေျခစြမ္းေကာင္းေတြ ျပခြင့္မရပဲ လီဗာပူးကေန သူထြက္ခြာဖို႔ ဆံုးျဖတ္တဲ့အေပၚ အင့္က နာက်င္ခဲ့ရပါေသးတယ္။ လီဗာပူးအသင္းေဖာ္ေတြကလည္း သူ႔ကို တားခဲ့ၾကတာပါ။

အင့္ကပဲ ‘ အေကာင္းဆံုးနည္းလမ္းနဲ႔ က်ေနာ္ ေျပာျပရမယ္ဆိုရင္ အသင္းကေန ထြက္သြားဖို႔ သူတို႔ တြန္းအားလည္း မေပးခဲ့ၾကပါဘူး။ လီဗာပူးကေန ထြက္ခြာဖို႔ က်ေနာ္ဘာသာပဲ ဆံုးျဖတ္ခဲ့တာပါ။ လီဗာပူးကေန ထြက္ခြာခဲ့ရတာက က်ေနာ္ကို နာက်င္ေစခဲ့တယ္၊ တကယ္ကို နာက်ဥ္ခဲ့တာပါ။ က်ေနာ္ ျဖစ္လိုတဲ့ ကစားသမားျဖစ္လာဖို႔ လီဗာပူးကေန ထြက္ဖို႔ လိုတယ္ဆိုတာ သိခ့ဲဲပါတယ္ ‘ လို႔ ဆိုခဲ့တာျဖစ္ပါတယ္။