ကွင်းလယ်လူ ချိန်ဘာလိန်က ကလပ်အသင်းဖော်ဖြစ်သူ ကီတာ ပြန်ပါလာတာက အသင်းရဲ့ ကွင်းလယ်ပိုင်းအတွက် ကြီးစွာ အထောက်အကူဖြစ်ပြီး သူဟာ အများကြီး အကူအညီဖြစ်တဲ့ ကစားသမားပါလို့ ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

၂၀၁၈ နွေအပြောင်းအရွှေ့မှာ လီဗာပူးကို ပြောင်းလာခဲ့တဲ့ ဂူနီယာလက်ရွေးစင်ဟာ ဒဏ်ရာပြဿနာတွေကြောင့် ရုန်းကန်ရပေမယ့်လည်း သူပါဝင်ကစားနိုင်ချိန်တိုင်း အသင်းအတွက် အကူအညီဖြစ်စေသူပါ။ အခုချိန်မှာတော့ ကွင်းလယ်မှာ ချိန်ဘာလိန်၊ ကီတာ၊ ဖာဘင်ညိုတို့ ဒဏ်ရာကနေ သက်သာလာကြပြီး အသင်းဖော်တွေဖြစ်တဲ့ ဟန်ဒါဆန်၊ ဝိုက်နယ်ဒမ်တို့ကို ဖိအားပေးဖို့ အဆင်သင့် ဖြစ်နေကြပါပြီ။

ဖာဘင်ညိုနဲ ကီတာတို့ ပြန်သက်သာလာကြတာက ဖိအားဖြစ်စေမလားလို့ မေးခွန်းထုတ်ခံရမှုကို ချိန်ဘာလိန်က “ မထင်ပါဘူး။ အမြဲတမ်း ပုံစံကောင်းမှာ ရှိနေဖို့ အာရုံစိုက်နေဖို့ပဲ လိုပါတယ်။ တကယ်ပါ အားလုံးက ကြံ့ခိုင်နေရင် နေရာတွေအတွက် ပြိုင်ဆိုင်မှုက ပိုမို ပြင်းထန်ပါမယ်။ ဒါက လီဗာပူးလို ကလပ်အသင်းကြီးနဲ့ အောင်မြင်နေတဲ့ ကလပ်အသင်းမှာ ဖြစ်နေရမယ့် အနေအထားဖြစ်ပါတယ်။

အသင်းမှာ ထိပ်တန်းကစားတွေဖြစ်လာဖို့ ကျနေ်ာတို့ တစ်ဦးကိုတစ်ဦး တွန်းအားပေးဖို့ လိုပါတယ်။ အခွင့်အရေးရလာရင် ဒီအခွင့်အရေးကို ဆုပ်ကိုင်ပြီး တစ်ဦးနဲ့ တစ်ဦး ကူညီကြရမှာပါ။ ကျနော်တို့က အဲ့လို အလုပ်လုပ်နေတာပါ။ နာဘီ ပြန်လာနိုင်တာ မြင်ရတာ အရမ်းကောင်းပါတယ်။ သူက ကစားနေချိန်မှာ ကလပ်အတွက် အရမ်းကို အကျိုးဖြစ်သူပါ။ ဖာဘင်ညိုကလည်း အတူတူပါပဲ။ သူတို့က အသင်းအတွက် အရေးကို အရေးပါကြပါတယ်။

ကွင်းလယ်လူတွေထဲမှာ အထူးသဖြင့် ဟန်ဒိုနဲ့ ဂီနီက တစ်ရာသီလုံး အကောင်းဆုံး ကစားထားနိုင်တယ်။ မီလီက ဒဏ်ရာမရခင်တုန်းက ရွေးချယ်ခံရလေ့ ရှိပါတယ်။ ဒါပေပမယ့် အလှည့်ကျတွေနဲ့အတူ ကျနေ်ာတို့အားလုံး ရွေးချယ်ခွင့်တွေ ရှိနေပါတယ်။ တစ်ချိန်တည်းမှာပဲ အားလုံးက ကစားလိုတယ်။ လီဗာပူးလို အသင်းအတွက် အဲ့လိုပဲ ဖြစ်နေရပါမယ်။

နာဘီ ပြန်သက်သာလာတာ အရမ်းကောင်းပါတယ်။ သူက ကွင်းလယ်မှာ အများကြီး ဖြည့်စွမ်းပေးနိုင်တယ်၊ အထူးသဖြင့် တိုက်စစ်လိုက်ရာမှာပေါ့။ သူက ဖန်တီးမှုတွေ သိပ်ကောင်းပါတယ်။ ဖဘ်ကောပါပဲ၊ ပထမရာသီဝက်မှာ သူက ခံစစ်အတွက် အရမ်းကို စွမ်းဆောင်ပြထားပါတယ်။ သူတို့ ပြန်လာတာ မြင်ရတာ သိပ်ကောင်းပါတယ်။ ချန်ပီယံလိဂ်လည်း ပြန်လာတော့မှာဖြစ်လို့ အားလုံး ပြန်ကောင်းလာပြီး ကြံ့ခိုင်မှု ကောင်းနေဖို့ မျှော်လင့်ပါတယ် ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။

ZAWGYI

ကြင္းလယ္လူ ခ်ိန္ဘာလိန္က ကလပ္အသင္းေဖာ္ျဖစ္သူ ကီတာ ျပန္ပါလာတာက အသင္းရဲ႕ ကြင္းလယ္ပိုင္းအတြက္ ၾကီးစြာ အေထာက္အကူျဖစ္ျပီး သူဟာ အမ်ားၾကီး အကူအညီျဖစ္တဲ့ ကစားသမားပါလို႔ ထုတ္ေဖာ္ ေျပာဆိုလိုက္ပါတယ္။

၂၀၁၈ ေႏြအေျပာင္းအေရႊ႔မွာ လီဗာပူးကို ေျပာင္းလာခဲ့တဲ့ ဂူနီယာလက္ေရြးစင္ဟာ ဒဏ္ရာျပႆနာေတြေၾကာင့္ ရုန္းကန္ရေပမယ့္လည္း သူပါဝင္ကစားႏုိင္ခ်ိန္တိုင္း အသင္းအတြက္ အကူအညီျဖစ္ေစသူပါ။ အခုခ်ိန္မွာေတာ့ ကြင္းလယ္မွာ ခ်ိန္ဘာလိန္၊ ကီတာ၊ ဖာဘင္ညိဳတို႔ ဒဏ္ရာကေန သက္သာလာၾကျပီး အသင္းေဖာ္ေတြျဖစ္တဲ့ ဟန္ဒါဆန္၊ ဝိုက္နယ္ဒမ္တုိ႔ကို ဖိအားေပးဖို႔ အဆင္သင့္ ျဖစ္ေနၾကပါျပီ။

ဖာဘင္ညိဳနဲ ကီတာတို႔ ျပန္သက္သာလာၾကတာက ဖိအားျဖစ္ေစမလားလို႔ ေမးခြန္းထုတ္ခံရမႈကို ခ်ိန္ဘာလိန္က “ မထင္ပါဘူး။ အျမဲတမ္း ပံုစံေကာင္းမွာ ရွိေနဖို႔ အာရံုစိုက္ေနဖို႔ပဲ လိုပါတယ္။ တကယ္ပါ အားလံုးက ၾကံ႕ခိုင္ေနရင္ ေနရာေတြအတြက္ ျပိဳင္ဆုိင္မႈက ပိုမို ျပင္းထန္ပါမယ္။ ဒါက လီဗာပူးလို ကလပ္အသင္းၾကီးနဲ႔ ေအာင္ျမင္ေနတဲ့ ကလပ္အသင္းမွာ ျဖစ္ေနရမယ့္ အေနအထားျဖစ္ပါတယ္။

အသင္းမွာ ထိပ္တန္းကစားေတြျဖစ္လာဖို႔ က်ေန္ာတုိ႔ တစ္ဦးကိုတစ္ဦး တြန္းအားေပးဖို႔ လိုပါတယ္။ အခြင့္အေရးရလာရင္ ဒီအခြင့္အေရးကို ဆုပ္ကိုင္ျပီး တစ္ဦးနဲ႔ တစ္ဦး ကူညီၾကရမွာပါ။ က်ေနာ္တုိ႔က အဲ့လို အလုပ္လုပ္ေနတာပါ။ နာဘီ ျပန္လာႏုိင္တာ ျမင္ရတာ အရမ္းေကာင္းပါတယ္။ သူက ကစားေနခ်ိန္မွာ ကလပ္အတြက္ အရမ္းကို အက်ိဳးျဖစ္သူပါ။ ဖာဘင္ညိဳကလည္း အတူတူပါပဲ။ သူတို႔က အသင္းအတြက္ အေရးကို အေရးပါၾကပါတယ္။

ကြင္းလယ္လူေတြထဲမွာ အထူးသျဖင့္ ဟန္ဒိုနဲ႔ ဂီနီက တစ္ရာသီလံုး အေကာင္းဆံုး ကစားထားႏုိင္တယ္။ မီလီက ဒဏ္ရာမရခင္တုန္းက ေရြးခ်ယ္ခံရေလ့ ရွိပါတယ္။ ဒါေပပမယ့္ အလွည့္က်ေတြနဲ႔အတူ က်ေန္ာတို႔အားလံုး ေရြးခ်ယ္ခြင့္ေတြ ရွိေနပါတယ္။ တစ္ခ်ိန္တည္းမွာပဲ အားလံုးက ကစားလိုတယ္။ လီဗာပူးလို အသင္းအတြက္ အဲ့လိုပဲ ျဖစ္ေနရပါမယ္။

နာဘီ ျပန္သက္သာလာတာ အရမ္းေကာင္းပါတယ္။ သူက ကြင္းလယ္မွာ အမ်ားၾကီး ျဖည့္စြမ္းေပးႏုိင္တယ္၊ အထူးသျဖင့္ တိုက္စစ္လိုက္ရာမွာေပါ့။ သူက ဖန္တီးမႈေတြ သိပ္ေကာင္းပါတယ္။ ဖဘ္ေကာပါပဲ၊ ပထမရာသီဝက္မွာ သူက ခံစစ္အတြက္ အရမ္းကို စြမ္းေဆာင္ျပထားပါတယ္။ သူတို႔ ျပန္လာတာ ျမင္ရတာ သိပ္ေကာင္းပါတယ္။ ခ်န္ပီယံလိဂ္လည္း ျပန္လာေတာ့မွာျဖစ္လို႔ အားလံုး ျပန္ေကာင္းလာျပီး ၾကံ႕ခိုင္မႈ ေကာင္းေနဖို႔ ေမွ်ာ္လင့္ပါတယ္ ” လို႔ ဆိုခဲ့တာျဖစ္ပါတယ္။