လီဗာပူးအတွက် ပရီးမီးယားလိဂ်သမိုင်းမှာ တစ်ဆစ်ချိုးစေတဲ့ အပြောင်းအရွှေ့တွေဟာ ဇန်နဝါရီ ကာလတွေမှာ ဖြစ်ပေါ်လေ့ ရှိခဲ့ပါတယ်။ ဒါပေမယ့် အဲ့လို ကာလတွေက ပြန်ရနိုင်ဖို့ လွယ်ကူတော့မှာ မဟုတ်ပါဘူး။

၂၀၁၃ ခုနှစ်က ကော်တင်ညိုနဲ့ စတားရစ်ကို ဆောင်းရာသီဈေးကွက်ကနေ ခေါ်ယူခဲ့သလို ၂၀၁၈ ခုနှစ်မှာတော့ ခရစ်စမတ်လက်ဆောင်အဖြစ် ကလပ်အသင်းက ဗန်ဒိုက်ကို ခံစစ်မှူးတစ်ဦးအတွက် ကမ္ဘာစံချိန်တင်ကြေးပေးပြီး ခေါ်ယူခဲ့ဖူးပါတယ်။ ဒါ့အပြင် ၂၀၁၈ ဇန်နဝါရီ အပြောင်းအရွှေ့မှာပဲ လီဗာပူးရဲ့ အကောင်းဆုံး ကစားသမားဖြစ်တဲ့ ကော်တင်ညိုဟာ ကလပ်စံချိန်တင်ကြေးနဲ့ အန်ဖီးကို စွန့်ခွာခဲ့သေးတာပါ။

လီဗာပူးရဲ့ ပရီးမီးယားလိဂ်သမိုင်းမှာ အဆိုပါ အပြောင်းအရွှေ့တွေက စိတ်လှုပ်ရှားစရာ ဖြစ်ခဲ့ပေမယ့် အသင်းရဲ့ မော်ဒန်သမိုင်းမှာ ခံစားမှု အပြင်းထန်ရဆုံး စိတ်လှုပ်ရှားဖွယ် အကောင်းဆုံးသော အပြောင်းအရွှေ့ကတော့ ၂၀၁၀-၂၀၁၁ ခုနှစ် ဘောလုံးရာသီ ဇန်နဝါရီ အပြောင်းအရွှေ့မှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

ထိုစဉ်ကာလဟာ လီဗာပူးအသင်းတွင်းမှာ အကြီးအကျယ် တိုက်ပွဲပြင်းထန်နေတဲ့ အချိန်ဖြစ်ပြီး ရာသီသစ်ကို မန်နေဂျာ ရာဖေး ဘင်နီတက်စ်အစား ရိုင်ဟောင်ဆန် ဝင်ရောက်လာခဲ့ချိန်ဖြစ်တယ်။ ကလပ်အသင်းကို ကြွေးမှီတွေထဲ နစ်ဝင်စေတဲ့ အသင်းပိုင်ရှင်တွေဖြစ်တဲ့ တွမ်ဟစ်နဲ့ ဂျီလက်တို့ရဲ့ အုပ်ချုပ်မှုအာဏာ ကုန်ဆုံးဖို့ လီဗာပူးဘက်က တိုက်ပွဲဝင်ချိန်ဖြစ်ပါတယ်။

၂၀၀၇ ခုနှစ်မှာ လီဗာပူးအသင်းကို လက်လွဲယူစဉ် တွမ်ဟစ်နဲ့ ဂျီလက်တို့ တင်ရှိခဲ့တဲ့ အကြွေးတွေကို မဆပ်နိုင်လို့ တရားဆိုင်ခဲ့ရတဲ့ လီဗာပူးဟာ ၂၀၁၀ ခုနှစ် အောက်တိုဘာလမှာ နောက်ဆုံး အဆုံးအဖြတ်အရ ပိုင်ရှင်အပြောင်းအလဲ ဖြစ်ပေါ်လာခဲ့ပြီး အမေရိကန်သူဌေးတွေ အန်ဖီးကို စတင်ဝင်ရောက်လာခဲ့တယ်။ ဂျွန်ဟင်နရီရဲ့ အမေရိက အားကစားကုမ္ပဏီက စကော်တလန် တော်ဝင်ဘဏ်ကို ပိုင်ရှင်ဟောင်းတွေ တင်ရှိထားတဲ့ အကြွေး သန်းပေါင်း ၂၀၀ ကျော်အား လျှော်ပေးခဲ့ရတာဖြစ်တယ်။

၂၀၁၁ ခုနှစ် ဇန်နဝါရီမှာတော့ လီဗာပူးအသင်းဟာ ပိုင်ရှင်သစ်တွေလက်ထက် ပထမဆုံးသော အပြောင်းအလဲကြီးအဖြစ် ရလဒ်တွေ ဆိုးရွားကာ အသင်းကို အမှတ်ပေးဇယား အဆင့် ၁၂ နေရာမှာ ရပ်တည်အောင်ပဲ ကြိုးစားထားတဲ့ ရိုင်ဟောင်ဆန်ကို ဖြုတ်ပြီး ဂန္တဝင်ကြီး ကင်နီကို တာဝန်ပေးခဲ့တယ်။ ကင်နီဟာ သူ့ရဲ့ တစ်ကျော့ပြန်လာမှုအဖြစ် ပထမဆုံး ကိုင်တွယ်တာက အိုထရတ်ဖိုဒ့်ပွဲဖြစ်ပြီး ရလဒ်ကတော့ ရံှူးခဲ့ပါတယ်။

ရလဒ် ရံှူးခဲ့ပေမယ့် လီဗာပူးရဲ့ အကြီးမားဆုံး အပြောင်းအလဲ စတင်မှုရဲ့ အစကို အဝေးကွင်းက ပရိသတ်ပေါင်း ၉၀၀၀ က ပြိုင်ဘက် ပရိသတ်တွေရဲ့ လှောင်သံကြားမှာ လက်ခုပ်သံတွေနဲ့ အားပေးခဲ့ကြတာဖြစ်တယ်။ ကင်နီလက်ထက် ပထမဆုံး လုပ်ရပ်ကတော့ ၂၀၀၇ ခုနှစ်တုန်းက ကွင်းသစ်ကြီး တည်ဆောက်ပေးမယ်ဆိုတဲ့ မက်လုံးနဲ့အတူ လီဗာပူးကို ရောက်လာအပြီး ပေါင် ၂၀ သန်းဖြင့် တွမ်ဟစ်နဲ့ ဂျီလစ်တို့ ခေါ်ယူခဲ့တဲ့ စပိန်သားတိုက်စစ်မှူး တောရက်စ်ကို ချယ်ဆီးထံ ပေါင် ၅၀ သန်းနဲ့ ရောင်းထုတ်ခဲ့ခြင်း ဖြစ်ပါတယ်။

လီဗာပူးပရိသတ်တွေ ဘယ်လိုမှ မမျှော်လင့်ထားတဲ့ အပြောင်းအရွှေ့ဖြစ်ပြီး ဇန်နဝါရီလ ၂၇ ရက်မှာ ချယ်ဆီးက ပေါင် ၄၀ သန်းနဲ့ ကမ်းလှမ်းမှုကို လီဗာပူးဘက်က ပယ်ချခဲ့သေးတာပါ။ ဇန်နဝါရီ ၃၁ ရက်မှာတော့ ပေါင် ၅၀ သန်းနဲ့ အရောင်းအဝယ်ဖြစ်ခဲ့ပြီး တောရက်စ်ဟာ ချယ်ဆီးကို ၅ နှစ်ခွဲစာချုပ်ဖြင့် ပြောင်းရွှေ့ခဲ့တယ်။ ပရီးမီးယားလိဂ်မှာ အကောင်းဆုံး တွဲလုံးဖြစ်တဲ့ တောရက်စ်+ဂျရတ်အတွဲဟာလည်း ပိုင်ရှင်သစ်ရဲ့ ဦးဆောင်မှုအစမှာပဲ အဆုံးသတ်ခဲ့ပါတယ်။ တောရက်စ် ပြောင်းရွှေ့သွားတာကြောင့် များစွာသော လီဗာပူးပရိသတ်တွေ စိတ်ထိခိုက်ခဲ့ရပြီး ဂျရတ်ကိုယ်တိုင်က အသင်းကို တောရက်စ် စွန့်သွားတာက သူ့ကို အရမ်းခံစားစေခဲ့ရတယ်လို့ နောက်ပိုင်းမှာ ဝန်ခံခဲ့ပါတယ်။

တစ်ချိန်တည်းမှာပဲ လီဗာပူးဟာ အေဂျက်မှ ဥရုဂွေး တိုက်စစ်သမား ဆွာရက်စ်ကို ပေါင် ၂၂.၈ သန်းနဲ့ အပြီးသတ် ခေါ်ယူခဲ့ပါတယ်။ လီဗာပူးရဲ့ ပရီးမီးယားလိဂ်သမိုင်းမှာ အကောင်းဆုံး တိုက်စစ်သမားနှစ်ဦးဖြစ်တဲ့ တောရက်စ်နဲ့ ဆွာရက်စ်ဟာ အသင်းလေ့ကျင့်ရေးမှာ ရက်ပိုင်းတော့ ဆုံစည်းခွင့်ရခဲ့တာဖြစ်တယ်။ သူတို့နှစ်ဦး တွဲဘက်ကစားတာကို မြင်လိုတဲ့ ပရိသတ်တွေအတွက်တော့ အတော်လေး စိတ်မချမ်းသာစရာ ဖြစ်ခဲ့တယ်။

အဲ့တစ်ကြိမ်အပြီး နောက်ထပ် လေးနှစ်အကြာ ၂၀၁၅ ခုနှစ် မတ်လမှာပဲ ဂျရတ် နုတ်ဆက်ပွဲအဖြစ် သူတို့နှစ်ဦးဟာ အန်ဖီးကွင်းက ပရိသတ်တွေရှေ့မှာ အတူတွဲဘက်ကစားခဲ့ကြပြီး ဝမ်းနည်းစရာက နှစ်ဦးလုံးဟာ လီဗာပူးကစားသမားတွေ မဟုတ်ကြတော့ပါဘူး။ အဆိုပါနှစ်မှာပဲ လီဗာပူးပရိသတ်တွေရဲ့ အချစ်တော်ကြီး စတီဗင်ဂျရတ်ဟာ လီဗာပူးကနေ အမေရိကန်ကို ထွက်ခွာသွားခဲ့ပါတယ်။

လီဗာပူးကို တောရက်စ် စွန့်ခွာသွားချိန်က သူဟာ ဥရောပရဲ့ အကောင်းဆုံး အထောင်တိုက်စစ်သမားအဖြစ် မှတ်ယူထားခြင်း ခံနေရချိန်ဖြစ်တယ်။ တောရက်စ်နေရာ အစားထိုးဖို့ လီဗာပူးဘက်က အေးဂျက်မှာ ခြေစွမ်းပြနေတဲ့ ဆွာရက်စ်ကို အတည်ပြု လက်မှတ်ထိုးပြီး နာရီပိုင်း အကြာမှာပဲ ပရီးမီးယားလိဂ်ကလပ် နယူးကာဆယ်နဲ့အတူ အတော်လေး တောက်ပနေတဲ့ ကာရိုးကိုလည်း ပေါင် ၃၆ သန်းပေးပြီး ခေါ်ယူခဲ့တာဖြစ်တယ်။

တောရက်စ်တစ်ယောက်အတွက် ရတဲ့ ပြောင်းရွှေ့ကြေးနဲ့ တိုက်စစ်မှူးနှစ်ဦး ပြန်ခေါ်ခဲ့တဲ့ လီဗာပူးဟာ လက်ကျန် ရာသီဝက်ကိုတော့ ဆွာရက်စ်ကိုပဲ အားကိုးခဲ့ရပြီး ကာရိုးကတော့ ဒဏ်ရာကနေ သက်သာလာဖို့ ကြိုးစားနေခဲ့ရတာဖြစ်တယ်။ မယုံနိုင်စရာ အနေအထားအဖြစ် ဆွာရက်စ်က တောရက်စ်နေရာကို ဖြည့်ကစားပြီး လိဂ်ရဲ့ အကောင်းဆုံး တိုက်စစ်မှူးဖြစ်လာချိန်မှာ တောရက်စ်က ချယ်ဆီးမှာတော့ အကောင်းဆုံး ခြေစွမ်းတွေ ပြန်မရတော့တာဖြစ်ပါတယ်။

နောက်ပိုင်းမှာ ဆွာရက်စ်ဟာ လီဗာပူးနဲ့အတူ အမှတ်ပေးဖလား အောင်မြင်လု အနေအထားထိ ရောက်ခဲ့ပြီး ပရီးမီးယားလိဂ်အသင်းတိုင်း ကြောက်ရတဲ့ တိုက်စစ်သမား ဖြစ်လာခဲ့တယ်။ ဆွာရက်စ်နဲ့ ယူနိုက်တက်ကြား တစ်ဦးချင်းတိုက်ပွဲတွေကလည်း အတော်လေးကို ပြင်းထန်ခဲ့ပါတယ်။ နောက်ဆုံးသော ယူနိုက်တက်အစွန်လူ အီဗရာကို လူမျိုးရေးခွဲမှုကြောင့် သူကာလရှည် ပွဲပယ်ခံရပြီး မန်နေဂျာကင်နီကလည်း အဆိုပါဖြစ်ရပ်နောက်ပိုင်း တာဝန်ယူသူအဖြစ် အသင်းကနေ ထွက်ခွာသွားခဲ့ရတယ်။

မန်နေဂျာရော်ဂျာလက်ထက်မှာတော့ ကာရိုးကို အငှားတွေချခဲ့ကာ ဝက်ဟမ်းကိုပဲ ပေါင် ၂၀ သန်းနဲ့ အပြီးသတ် ရောင်းထုတ်ခဲ့တယ်။ ဆွာရက်စ်ကလည်း ပရီးမီးယားလိဂ်မှာ တောက်ပခဲ့ပေမယ့် ကမ္ဘာဖလားမှာ ချီလီနီကို ကိုက်ခဲ့တဲ့ နောက်ဆက်တွဲအဖြစ် အင်္ဂလန်မီဒီယာတွေနဲ့ အကြီးအကျယ် ပြဿနာတတ်ပြီး ဘာစီလိုနာကို ရောင်းထုတ်ခံခဲ့ရတာဖြစ်တယ်။

ချယ်ဆီးကို ပြောင်းသွားတဲ့ တောရက်စ်ကတော့ ကွင်းထဲက စွမ်းဆောင်ရည်မှာ လီဗာပူးတုန်းကလောက် မကောင်းတော့ပေမယ့် သူ့ဘဝရဲ့ အမြင့်ဆုံးသော ကလပ်အသင်းအောင်မြင်မှုတွေအဖြစ် ချန်ပီယံလိဂ်ဖလား၊ ယူရိုပါလိဂ်နဲ့ အက်ဖ်အေဖလားတို့ကို ချယ်ဆီးနဲ့ အောင်မြင်ခဲ့ပါတယ်။

၂၀၁၁ ခုနှစ် ဇန်နဝါရီ အပြောင်းအရွှေ့ဟာ ခေတ်သစ် လီဗာပူးကို ခံစားမှုရေးရာမှာ ရိုက်ခတ်မှု အပြင်းထန်ဆုံးသော ဆောင်းရာသီ အပြောင်းအရွှေ့ ဖြစ်ခဲ့ပြီး အဆိုပါ နောက်ဆက်တွဲဆိုရင်တော့ ၂၀၁၈ ခုနှစ်မှာ ကော်တင်ညိုထွက်ပြီး ဗန်ဒိုက်ဝင်လာတဲ့ ဇန်နဝါရီ အပြောင်းအရွှေ့ကတော့ ကလပ်အသင်း တိုးတက်မှုအတွက် ရိုက်ခတ်မှု အကြီးဆုံး အပြောင်းအရွှေ့ ဖြစ်လာခဲ့ပါတယ်။

ZAWGYI

လီဗာပူးအတြက္ ပရီးမီးယားလိဂ္သမိုင္းမွာ တစ္ဆစ္ခ်ိဳးေစတဲ့ အေျပာင္းအေရႊ႔ေတြဟာ ဇန္နဝါရီ ကာလေတြမွာ ျဖစ္ေပၚေလ့ ရွိခဲ့ပါတယ္။ ဒါေပမယ့္ အဲ့လို ကာလေတြက ျပန္ရႏုိင္ဖို႔ လြယ္ကူေတာ့မွာ မဟုတ္ပါဘူး။

၂၀၁၃ ခုႏွစ္က ေကာ္တင္ညိဳနဲ႔ စတားရစ္ကို ေဆာင္းရာသီေစ်းကြက္ကေန ေခၚယူခဲ့သလို ၂၀၁၈ ခုႏွစ္မွာေတာ့ ခရစ္စမတ္လက္ေဆာင္အျဖစ္ ကလပ္အသင္းက ဗန္ဒိုက္ကို ခံစစ္မွဴးတစ္ဦးအတြက္ ကမၻာစံခ်ိန္တင္ေၾကးေပးျပီး ေခၚယူခ့ဲဖူးပါတယ္။ ဒါ့အျပင္ ၂၀၁၈ ဇန္နဝါရီ အေျပာင္းအေရႊ႔မွာပဲ လီဗာပူးရဲ႕ အေကာင္းဆံုး ကစားသမားျဖစ္တဲ့ ေကာ္တင္ညိဳဟာ ကလပ္စံခ်ိန္တင္ေၾကးနဲ႔ အန္ဖီးကို စြန္႔ခြာခဲ့ေသးတာပါ။

လီဗာပူးရဲ႕ ပရီးမီးယားလိဂ္သမိုင္းမွာ အဆိုပါ အေျပာင္းအေရႊ႔ေတြက စိတ္လႈပ္ရွားစရာ ျဖစ္ခဲ့ေပမယ့္ အသင္းရဲ႕ ေမာ္ဒန္သမိုင္းမွာ ခံစားမႈ အျပင္းထန္ရဆံုး စိတ္လႈပ္ရွားဖြယ္ အေကာင္းဆံုးေသာ အေျပာင္းအေရႊ႔ကေတာ့ ၂၀၁၀-၂၀၁၁ ခုႏွစ္ ေဘာလံုးရာသီ ဇန္နဝါရီ အေျပာင္းအေရႊ႔မွာ ျဖစ္ပြားခဲ့တာျဖစ္ပါတယ္။

ထိုစဥ္ကာလဟာ လီဗာပူးအသင္းတြင္းမွာ အၾကီးအက်ယ္ တိုက္ပြဲျပင္းထန္ေနတဲ့ အခ်ိန္ျဖစ္ျပီး ရာသီသစ္ကို မန္ေနဂ်ာ ရာေဖး ဘင္နီတက္စ္အစား ရိုင္ေဟာင္ဆန္ ဝင္ေရာက္လာခဲ့ခ်ိန္ျဖစ္တယ္။ ကလပ္အသင္းကို ေၾကြးမွီေတြထဲ နစ္ဝင္ေစတဲ့ အသင္းပိုင္ရွင္ေတြျဖစ္တဲ့ တြမ္ဟစ္နဲ႔ ဂ်ီလက္တို႔ရဲ႕ အုပ္ခ်ဳပ္မႈအာဏာ ကုန္ဆံုးဖို႔ လီဗာပူးဘက္က တိုက္ပြဲဝင္ခ်ိန္ျဖစ္ပါတယ္။

၂၀၀၇ ခုႏွစ္မွာ လီဗာပူးအသင္းကို လက္လြဲယူစဥ္ တြမ္ဟစ္နဲ႔ ဂ်ီလက္တို႔ တင္ရွိခဲ့တဲ့ အေၾကြးေတြကို မဆပ္ႏိုင္လို႔ တရားဆုိင္ခဲ့ရတဲ့ လီဗာပူးဟာ ၂၀၁၀ ခုႏွစ္ ေအာက္တိုဘာလမွာ ေနာက္ဆံုး အဆံုးအျဖတ္အရ ပိုင္ရွင္အေျပာင္းအလဲ ျဖစ္ေပၚလာခဲ့ျပီး အေမရိကန္သူေဌးေတြ အန္ဖီးကို စတင္ဝင္ေရာက္လာခဲ့တယ္။ ဂၽြန္ဟင္နရီရဲ႕ အေမရိက အားကစားကုမၸဏီက စေကာ္တလန္ ေတာ္ဝင္ဘဏ္ကို ပိုင္ရွင္ေဟာင္းေတြ တင္ရွိထားတဲ့ အေၾကြး သန္းေပါင္း ၂၀၀ ေက်ာ္အား ေလွ်ာ္ေပးခဲ့ရတာျဖစ္တယ္။

၂၀၁၁ ခုႏွစ္ ဇန္နဝါရီမွာေတာ့ လီဗာပူးအသင္းဟာ ပိုင္ရွင္သစ္ေတြလက္ထက္ ပထမဆံုးေသာ အေျပာင္းအလဲၾကီးအျဖစ္ ရလဒ္ေတြ ဆိုးရြားကာ အသင္းကို အမွတ္ေပးဇယား အဆင့္ ၁၂ ေနရာမွာ ရပ္တည္ေအာင္ပဲ ၾကိဳးစားထားတဲ့ ရိုင္ေဟာင္ဆန္ကို ျဖဳတ္ျပီး ဂႏၱဝင္ၾကီး ကင္နီကို တာဝန္ေပးခဲ့တယ္။ ကင္နီဟာ သူ႔ရဲ႕ တစ္ေက်ာ့ျပန္လာမႈအျဖစ္ ပထမဆံုး ကိုင္တြယ္တာက အိုထရတ္ဖိုဒ့္ပြဲျဖစ္ျပီး ရလဒ္ကေတာ့ ရံွဴးခဲ့ပါတယ္။

ရလဒ္ ရံွဴးခဲ့ေပမယ့္ လီဗာပူးရဲ႕ အၾကီးမားဆံုး အေျပာင္းအလဲ စတင္မႈရဲ႕ အစကို အေဝးကြင္းက ပရိသတ္ေပါင္း ၉၀၀၀ က ျပိဳင္ဘက္ ပရိသတ္ေတြရဲ႕ ေလွာင္သံၾကားမွာ လက္ခုပ္သံေတြနဲ႔ အားေပးခဲ့ၾကတာျဖစ္တယ္။ ကင္နီလက္ထက္ ပထမဆံုး လုပ္ရပ္ကေတာ့ ၂၀၀၇ ခုႏွစ္တုန္းက ကြင္းသစ္ၾကီး တည္ေဆာက္ေပးမယ္ဆိုတဲ့ မက္လံုးနဲ႔အတူ လီဗာပူးကို ေရာက္လာအျပီး ေပါင္ ၂၀ သန္းျဖင့္ တြမ္ဟစ္နဲ႔ ဂ်ီလစ္တို႔ ေခၚယူခဲ့တဲ့ စပိန္သားတိုက္စစ္မွဴး ေတာရက္စ္ကုိ ခ်ယ္ဆီးထံ ေပါင္ ၅၀ သန္းနဲ႔ ေရာင္းထုတ္ခဲ့ျခင္း ျဖစ္ပါတယ္။

လီဗာပူးပရိသတ္ေတြ ဘယ္လိုမွ မေမွ်ာ္လင့္ထားတဲ့ အေျပာင္းအေရႊ႔ျဖစ္ျပီး ဇန္နဝါရီလ ၂၇ ရက္မွာ ခ်ယ္ဆီးက ေပါင္ ၄၀ သန္းနဲ႔ ကမ္းလွမ္းမႈကို လီဗာပူးဘက္က ပယ္ခ်ခဲ့ေသးတာပါ။ ဇန္နဝါရီ ၃၁ ရက္မွာေတာ့ ေပါင္ ၅၀ သန္းနဲ႔ အေရာင္းအဝယ္ျဖစ္ခဲ့ျပီး ေတာရက္စ္ဟာ ခ်ယ္ဆီးကို ၅ ႏွစ္ခြဲစာခ်ဳပ္ျဖင့္ ေျပာင္းေရႊ႔ခဲ့တယ္။ ပရီးမီးယားလိဂ္မွာ အေကာင္းဆံုး တြဲလံုးျဖစ္တဲ့ ေတာရက္စ္+ဂ်ရတ္အတြဲဟာလည္း ပိုင္ရွင္သစ္ရဲ႕ ဦးေဆာင္မႈအစမွာပဲ အဆံုးသတ္ခဲ့ပါတယ္။ ေတာရက္စ္ ေျပာင္းေရႊ႔သြားတာေၾကာင့္ မ်ားစြာေသာ လီဗာပူးပရိသတ္ေတြ စိတ္ထိခိုက္ခဲ့ရျပီး ဂ်ရတ္ကိုယ္တိုင္က အသင္းကို ေတာရက္စ္ စြန္႔သြားတာက သူ႔ကို အရမ္းခံစားေစခဲ့ရတယ္လို႔ ေနာက္ပိုင္းမွာ ဝန္ခံခဲ့ပါတယ္။

တစ္ခ်ိန္တည္းမွာပဲ လီဗာပူးဟာ ေအဂ်က္မွ ဥရုေဂြး တုိက္စစ္သမား ဆြာရက္စ္ကို ေပါင္ ၂၂.၈ သန္းနဲ႔ အျပီးသတ္ ေခၚယူခဲ့ပါတယ္။ လီဗာပူးရဲ႕ ပရီးမီးယားလိဂ္သမိုင္းမွာ အေကာင္းဆံုး တိုက္စစ္သမားႏွစ္ဦးျဖစ္တဲ့ ေတာရက္စ္နဲ႔ ဆြာရက္စ္ဟာ အသင္းေလ့က်င့္ေရးမွာ ရက္ပိုင္းေတာ့ ဆံုစည္းခြင့္ရခဲ့တာျဖစ္တယ္။ သူတို႔ႏွစ္ဦး တြဲဘက္ကစားတာကို ျမင္လိုတဲ့ ပရိသတ္ေတြအတြက္ေတာ့ အေတာ္ေလး စိတ္မခ်မ္းသာစရာ ျဖစ္ခဲ့တယ္။

အဲ့တစ္ၾကိမ္အျပီး ေနာက္ထပ္ ေလးႏွစ္အၾကာ ၂၀၁၅ ခုႏွစ္ မတ္လမွာပဲ ဂ်ရတ္ ႏုတ္ဆက္ပြဲအျဖစ္ သူတို႔ႏွစ္ဦးဟာ အန္ဖီးကြင္းက ပရိသတ္ေတြေရွ႔မွာ အတူတြဲဘက္ကစားခဲ့ၾကျပီး ဝမ္းနည္းစရာက ႏွစ္ဦးလံုးဟာ လီဗာပူးကစားသမားေတြ မဟုတ္ၾကေတာ့ပါဘူး။ အဆိုပါႏွစ္မွာပဲ လီဗာပူးပရိသတ္ေတြရဲ႕ အခ်စ္ေတာ္ၾကီး စတီဗင္ဂ်ရတ္ဟာ လီဗာပူးကေန အေမရိကန္ကို ထြက္ခြာသြားခဲ့ပါတယ္။

လီဗာပူးကို ေတာရက္စ္ စြန္႔ခြာသြားခ်ိန္က သူဟာ ဥေရာပရဲ႕ အေကာင္းဆံုး အေထာင္တုိက္စစ္သမားအျဖစ္ မွတ္ယူထားျခင္း ခံေနရခ်ိန္ျဖစ္တယ္။ ေတာရက္စ္ေနရာ အစားထိုးဖို႔ လီဗာပူးဘက္က ေအးဂ်က္မွာ ေျခစြမ္းျပေနတဲ့ ဆြာရက္စ္ကို အတည္ျပဳ လက္မွတ္ထိုးျပီး နာရီပိုင္း အၾကာမွာပဲ ပရီးမီးယားလိဂ္ကလပ္ နယူးကာဆယ္နဲ႔အတူ အေတာ္ေလး ေတာက္ပေနတဲ့ ကာရိုးကိုလည္း ေပါင္ ၃၆ သန္းေပးျပီး ေခၚယူခဲ့တာျဖစ္တယ္။

ေတာရက္စ္တစ္ေယာက္အတြက္ ရတဲ့ ေျပာင္းေရႊ႔ေၾကးနဲ႔ တိုက္စစ္မွဴးႏွစ္ဦး ျပန္ေခၚခဲ့တဲ့ လီဗာပူးဟာ လက္က်န္ ရာသီဝက္ကိုေတာ့ ဆြာရက္စ္ကိုပဲ အားကိုးခဲ့ရျပီး ကာရိုးကေတာ့ ဒဏ္ရာကေန သက္သာလာဖို႔ ၾကိဳးစားေနခဲ့ရတာျဖစ္တယ္။ မယံုႏုိင္စရာ အေနအထားအျဖစ္ ဆြာရက္စ္က ေတာရက္စ္ေနရာကို ျဖည့္ကစားျပီး လိဂ္ရဲ႕ အေကာင္းဆံုး တိုက္စစ္မွဴးျဖစ္လာခ်ိန္မွာ ေတာရက္စ္က ခ်ယ္ဆီးမွာေတာ့ အေကာင္းဆံုး ေျခစြမ္းေတြ ျပန္မရေတာ့တာျဖစ္ပါတယ္။

ေနာက္ပိုင္းမွာ ဆြာရက္စ္ဟာ လီဗာပူးနဲ႔အတူ အမွတ္ေပးဖလား ေအာင္ျမင္လု အေနအထားထိ ေရာက္ခဲ့ျပီး ပရီးမီးယားလိဂ္အသင္းတိုင္း ေၾကာက္ရတဲ့ တိုက္စစ္သမား ျဖစ္လာခဲ့တယ္။ ဆြာရက္စ္နဲ႔ ယူႏုိက္တက္ၾကား တစ္ဦးခ်င္းတိုက္ပြဲေတြကလည္း အေတာ္ေလးကို ျပင္းထန္ခဲ့ပါတယ္။ ေနာက္ဆံုးေသာ ယူႏုိက္တက္အစြန္လူ အီဗရာကို လူမ်ိဳးေရးခြဲမႈေၾကာင့္ သူကာလရွည္ ပြဲပယ္ခံရျပီး မန္ေနဂ်ာကင္နီကလည္း အဆိုပါျဖစ္ရပ္ေနာက္ပိုင္း တာဝန္ယူသူအျဖစ္ အသင္းကေန ထြက္ခြာသြားခဲ့ရတယ္။

မန္ေနဂ်ာေရာ္ဂ်ာလက္ထက္မွာေတာ့ ကာရိုးကို အငွားေတြခ်ခဲ့ကာ ဝက္ဟမ္းကိုပဲ ေပါင္ ၂၀ သန္းနဲ႔ အျပီးသတ္ ေရာင္းထုတ္ခဲ့တယ္။ ဆြာရက္စ္ကလည္း ပရီးမီးယားလိဂ္မွာ ေတာက္ပခဲ့ေပမယ့္ ကမၻာဖလားမွာ ခ်ီလီနီကို ကိုက္ခဲ့တဲ့ ေနာက္ဆက္တြဲအျဖစ္ အဂၤလန္မီဒီယာေတြနဲ႔ အၾကီးအက်ယ္ ျပႆနာတတ္ျပီး ဘာစီလိုနာကို ေရာင္းထုတ္ခံခဲ့ရတာျဖစ္တယ္။

ခ်ယ္ဆီးကို ေျပာင္းသြားတဲ့ ေတာရက္စ္ကေတာ့ ကြင္းထဲက စြမ္းေဆာင္ရည္မွာ လီဗာပူးတုန္းကေလာက္ မေကာင္းေတာ့ေပမယ့္ သူ႔ဘဝရဲ႕ အျမင့္ဆံုးေသာ ကလပ္အသင္းေအာင္ျမင္မႈေတြအျဖစ္ ခ်န္ပီယံလိဂ္ဖလား၊ ယူရိုပါလိဂ္နဲ႔ အက္ဖ္ေအဖလားတို႔ကို ခ်ယ္ဆီးနဲ႔ ေအာင္ျမင္ခဲ့ပါတယ္။

၂၀၁၁ ခုႏွစ္ ဇန္နဝါရီ အေျပာင္းအေရႊ႔ဟာ ေခတ္သစ္ လီဗာပူးကို ခံစားမႈေရးရာမွာ ရိုက္ခတ္မႈ အျပင္းထန္ဆံုးေသာ ေဆာင္းရာသီ အေျပာင္းအေရႊ႔ ျဖစ္ခဲ့ျပီး အဆိုပါ ေနာက္ဆက္တြဲဆိုရင္ေတာ့ ၂၀၁၈ ခုႏွစ္မွာ ေကာ္တင္ညိဳထြက္ျပီး ဗန္ဒိုက္ဝင္လာတဲ့ ဇန္နဝါရီ အေျပာင္းအေရႊ႔ကေတာ့ ကလပ္အသင္း တိုးတက္မႈအတြက္ ရိုက္ခတ္မႈ အၾကီးဆံုး အေျပာင္းအေရႊ႔ ျဖစ္လာခဲ့ပါတယ္။