ဒီကနေ့ လီဗာပူးအသိုင်းအဝိုင်းကြားမှာ ပြောစရာဖြစ်နေတဲ့ သတင်းကတော့ ဖီအိုရင်တီးနား တိုက်စစ်မှူး ဘော်ဘီဒွန်းကန့် အင်္ဂလန်ကို ပြန်လာမယ့် အကြောင်းပဲဖြစ်ပါတယ်။

The Athletic သတင်းဌာနရဲ့ လီဗာပူးပိုင်ဆိုင်ရာ သတင်းထောက်ဖြစ်သူ James Pearce က အဆိုပါ သတင်းကို အတည်ပြုခဲ့ပြီး ဆယ်ကျော်သက် တိုက်စစ်သမားဟာ အံ့အားသင့်ဖွယ် အနေအထားအဖြစ် လိဂ်ဝမ်းကလပ် ဆန်းဒါးလန်းကို အငှားစာချုပ်နဲ့ ပြန်လာနိုင်တယ်လို့ သိရပါတယ်။

နွေအပြောင်းအရွှေ့မှာ လီဗာပူးကနေ စီးရီးအေကလပ် ဖီအိုရင်တီးနားအသင်းထဲ ပြောင်းရွှေ့ခဲ့တဲ့ ဒွန်းကန့်ဟာ အီတလီမှာတော့ သူမျှော်လင့်သလို ပုံမှန်ပွဲထွက်ခွင့် မရခဲ့ပါဘူး။ လီဗာပူးမှာ ဆက်နေမယ်ဆိုရင် ဖာမင်နို၊ ဆာလက်၊ မာနေးတို့ကြောင့် ပွဲထွက်ခွင့်ရမယ်လို့ မယူဆသလို အိုရီဂီ၊ ဘရူးစတားတို့ကိုပါ ကျော်တက်ရဖို့ ရှိနေတာကြောင့် ဒေါ့မွန်မှ ဆန်ချိုလို အိပ်မက်ဖြင့် ဒွန်းကန့်ဟာ လီဗာပူးကို စွန့်ခွာခဲ့သူပါ။

စတီဗင်ဂျရတ် နောက်ဆုံးထားခဲ့တဲ့ အမွေလို့ လီဗာပူးပရိသတ်တွေကြား ထင်ရှားတဲ့ ဒွန်းကန့်ဟာ မန်စီးတီး အကယ်ဒမီကနေ ထွန်းတောက်လာခဲ့သူဖြစ်ကာ ယူ-၁၈ မန်နေဂျာဟောင်း စတီဗင်ဂျရတ်က သူ့ရဲ့ ဝမ်းကွဲဆွေမျိုးကို လီဗာပူးထံ အရောက် ခေါ်ယူခဲ့တာပါ။ သူ့လက်ထက်တုန်းက လူငယ်အသင်းနဲ့ ဥရောပ လူငယ်ပြိုင်ပွဲပွဲတွေမှာ ဒွန်းကန့်ကို ဦးစားပေးအဖြစ် ဂလေဇယ်နဲ့ တွဲဘက်ပြီး သုံးခဲ့တာဖြစ်ပါတယ်။

ကလပ်အသင်း တာဝန်ရှိသူတွေက အကြိမ်ကြိမ် တားဆီးခဲ့ပေမယ့် ဒွန်းကန့်ဟာ သူ့အေးဂျင့်ရဲ့ ဆွဲတရားဟောမှုမှာ ကလပ်အသင်းနဲ့ ပြဿနာတွေ တက်ခဲ့ပြီးမှ အသင်းပြောင်းခဲ့သူဖြစ်တယ်။ ဂျရတ်နည်းတူ သူ့အပေါ် အများကြီး မျှော်လင့်ထားတဲ့ ပရိသတ်တွေဘက်ကတော့ ဒွန်းကန့်ရဲ့ အပြုအမှုကို ဂရုဏာသက်ခဲ့ကြပြီး မှားယွင်းတဲ့ အေးဂျင့်ရဲ့ စကားကိုမှ နားထောင်မိသူလို့ မှတ်ချက်ပေးခဲ့ကြသေးတာပါ။

အီတလီမှာ သူမျှော်လင့်ထားသလို လွယ်ကူတဲ့ အနေအထားကို ပိုင်ဆိုင်ခဲ့ခြင်း မရှိကာ လူငယ်အသင်းမှာပဲ ကစားနေခဲ့ရတဲ့ ဒွန်းကန့်ကိုတော့ လိဂ်ဝမ်းကလပ် ဆန်းဒါးလန်းက အငှားနဲ့ ကမ်းလှမ်းမှု လုပ်ခဲ့ပြီး သူကလည်း လက်ခံဖို့ ဆန္ဒရှိနေတယ်လို့ သိရတယ်။ လီဗာပူးပရိသတ်တွေကတော့ အသင်းမှာ အများကြီး မျှော်လင့်ထားခံရတဲ့ အနေအထားကနေ လိဂ်ဝမ်းကလပ်မှာ လာကစားဖို့ သဘောတူနိုင်တဲ့ ဒွန်းကန့်နဲ့ ပက်သက်ပြီး ဂရုဏာသက်တဲ့ မှတ်ချက်တွေ ပေးနေကြတာဖြစ်ပါတယ်။

ZAWGYI

ဒီကေန႔ လီဗာပူးအသိုင္းအဝုိင္းၾကားမွာ ေျပာစရာျဖစ္ေနတဲ့ သတင္းကေတာ့ ဖီအိုရင္တီးနား တိုက္စစ္မွဴး ေဘာ္ဘီဒြန္းကန္႔ အဂၤလန္ကို ျပန္လာမယ့္ အေၾကာင္းပဲျဖစ္ပါတယ္။

The Athletic သတင္းဌာနရဲ႕ လီဗာပူးပိုင္ဆုိင္ရာ သတင္းေထာက္ျဖစ္သူ James Pearce က အဆိုပါ သတင္းကို အတည္ျပဳခဲ့ျပီး ဆယ္ေက်ာ္သက္ တုိက္စစ္သမားဟာ အံ့အားသင့္ဖြယ္ အေနအထားအျဖစ္ လိဂ္ဝမ္းကလပ္ ဆန္းဒါးလန္းကို အငွားစာခ်ဳပ္နဲ႔ ျပန္လာႏုိင္တယ္လို႔ သိရပါတယ္။

ေႏြအေျပာင္းအေရႊ႔မွာ လီဗာပူးကေန စီးရီးေအကလပ္ ဖီအိုရင္တီးနားအသင္းထဲ ေျပာင္းေရႊ႔ခဲ့တဲ့ ဒြန္းကန္႔ဟာ အီတလီမွာေတာ့ သူေမွ်ာ္လင့္သလို ပံုမွန္ပြဲထြက္ခြင့္ မရခဲ့ပါဘူး။ လီဗာပူးမွာ ဆက္ေနမယ္ဆိုရင္ ဖာမင္ႏို၊ ဆာလက္၊ မာေနးတို႔ေၾကာင့္ ပြဲထြက္ခြင့္ရမယ္လို႔ မယူဆသလို အိုရီဂီ၊ ဘရူးစတားတို႔ကိုပါ ေက်ာ္တက္ရဖို႔ ရွိေနတာေၾကာင့္ ေဒါ့မြန္မွ ဆန္ခ်ိဳလို အိပ္မက္ျဖင့္ ဒြန္းကန္႔ဟာ လီဗာပူးကို စြန္႔ခြာခဲ့သူပါ။

စတီဗင္ဂ်ရတ္ ေနာက္ဆံုးထားခဲ့တဲ့ အေမြလို႔ လီဗာပူးပရိသတ္ေတြၾကား ထင္ရွားတဲ့ ဒြန္းကန္႔ဟာ မန္စီးတီး အကယ္ဒမီကေန ထြန္းေတာက္လာခဲ့သူျဖစ္ကာ ယူ-၁၈ မန္ေနဂ်ာေဟာင္း စတီဗင္ဂ်ရတ္က သူ႔ရဲ႕ ဝမ္းကြဲေဆြမ်ိဳးကို လီဗာပူးထံ အေရာက္ ေခၚယူခဲ့တာပါ။ သူ႔လက္ထက္တုန္းက လူငယ္အသင္းနဲ႔ ဥေရာပ လူငယ္ျပိဳင္ပြဲပြဲေတြမွာ ဒြန္းကန္႔ကို ဦးစားေပးအျဖစ္ ဂေလဇယ္နဲ႔ တြဲဘက္ျပီး သံုးခဲ့တာျဖစ္ပါတယ္။

ကလပ္အသင္း တာဝန္ရွိသူေတြက အၾကိမ္ၾကိမ္ တားဆီးခဲ့ေပမယ့္ ဒြန္းကန္႔ဟာ သူ႔ေအးဂ်င့္ရဲ႕ ဆြဲတရားေဟာမႈမွာ ကလပ္အသင္းနဲ႔ ျပႆနာေတြ တက္ခဲ့ျပီးမွ အသင္းေျပာင္းခဲ့သူျဖစ္တယ္။ ဂ်ရတ္နည္းတူ သူ႔အေပၚ အမ်ားၾကီး ေမွ်ာ္လင့္ထားတဲ့ ပရိသတ္ေတြဘက္ကေတာ့ ဒြန္းကန္႔ရဲ႕ အျပဳအမႈကို ဂရုဏာသက္ခဲ့ၾကျပီး မွားယြင္းတဲ့ ေအးဂ်င့္ရဲ႕ စကားကိုမွ နားေထာင္မိသူလို႔ မွတ္ခ်က္ေပးခဲ့ၾကေသးတာပါ။

အီတလီမွာ သူေမွ်ာ္လင့္ထားသလို လြယ္ကူတဲ့ အေနအထားကို ပိုင္ဆိုင္ခဲ့ျခင္း မရွိကာ လူငယ္အသင္းမွာပဲ ကစားေနခဲ့ရတဲ့ ဒြန္းကန္႔ကိုေတာ့ လိဂ္ဝမ္းကလပ္ ဆန္းဒါးလန္းက အငွားနဲ႔ ကမ္းလွမ္းမႈ လုပ္ခဲ့ျပီး သူကလည္း လက္ခံဖို႔ ဆႏၵရွိေနတယ္လို႔ သိရတယ္။ လီဗာပူးပရိသတ္ေတြကေတာ့ အသင္းမွာ အမ်ားၾကီး ေမွ်ာ္လင့္ထားခံရတဲ့ အေနအထားကေန လိဂ္ဝမ္းကလပ္မွာ လာကစားဖို႔ သေဘာတူႏုိင္တဲ့ ဒြန္းကန္႔နဲ႔ ပက္သက္ျပီး ဂရုဏာသက္တဲ့ မွတ္ခ်က္ေတြ ေပးေနၾကတာျဖစ္ပါတယ္။