လီဗာပူးအသင်းဟာ ကလပ်အသင်းရဲ့ အအောင်မြင်ဆုံး မန်နေဂျာတစ်ဦးဖြစ်တဲ့ ဂန္တဝင်မန်နေဂျာကြီး ဘော့ ပီယာစလေရဲ့ အထင်ရှားဆုံး ပုံရိပ်ကို ရုပ်ထုအဖြစ် ပုံဖော်ပြီး အန်ဖီးကွင်းပြင်ပမှာ ထားရှိခဲ့ပြီဖြစ်ပါတယ်။

ကလပ်အသင်းရဲ့ အဓိက စပွန်ဆာဖြစ်သူ Standard Chartered က လီဗာပူးနဲ့ လက်တွဲမှု ဆယ်နှစ်ပြည့်မှာ အဓိက ထောက်ပံ့ကူညီပေးမှုနဲ့အတူ ပီယာစလေရဲ့ ပုံရိပ်ကို ငယ်ရွယ်တဲ့ လီဗာပူးပရိသတ်တွေ သိစေဖို့ နည်းပညာ အထူးပြုလုပ်မှုတွေနဲ့ ဗီဒီယိုဖိုင်တစ်ခုကိုလည်း ဖော်ပြခဲ့ပြီးဖြစ်တယ်။

အန်ဖီးပြင်ပမှာ ထားရှိတဲ့ ရုပ်ထုကတော့ အသင်းသားဟောင်း Emlyn Hughes ရဲ့ ပြင်းထန်တဲ့ ဒဏ်ရာကို ကုသဖို့ ကွင်းပြင်ကို ကိုယ်တိုင် ထမ်းထုတ်ခဲ့တဲ့ ပီယာစလေရဲ့ အပြုအမှုကို မှတ်တမ်းထင်ထားတဲ့ အဖြူအမဲ ဓါတ်ပုံကိုပဲ စံယူပြီး ပုံစံပြုထားတာဖြစ်ပါတယ်။ မန်နေဂျာ ပီယာစလေနဲ့ အသင်းခေါင်းဆောင် ဟုစ်တို့ နှစ်ဦးလုံးဟာ လီဗာပူးအသင်းကို ဘဝတစ်လျှောက်လုံး အားပေးခဲ့ကြသူတွေဖြစ်ပြီး သူတို့ရဲ့ မိသားစုဝင်တွေအားလုံးကလည်း အသင်းရဲ့ အမာခံ ပရိသတ်တွေ ဖြစ်ကြပါတယ်။

အန်ဖီးပြင်ပမှာ ထားရှိမယ့် ရုပ်ထုက အမြင့် ၈ ပေခန့်ရှိပြီး အန်ဖီးကွင်းက Paisley Square မှာ ထားရှိသွားမှာပါ။ အဆိုပါ ရုပ်ထုကိုတော့ စနေနေ ဆောက်သမ်တန်ပွဲကြိုမှာ ဟုစ်ရဲ့ သမီးဖြစ်သူ အီမာ ဟုစ်၊ အမှုဆောင်ချုပ် ပီတာမိုးနဲ့ ပီယာစလေရဲ့ မိသားစုဝင်တွေက တက်ရောက် ဖွင့်လှစ်မှာ ဖြစ်ပါတယ်။ အဆိုပါ ဖွင့်ပွဲကိုတော့ အန်ဖီးအနီးနားက မူလတန်းကျောင်းက ကလေးတွေကပဲ ကလပ်ရဲ့ ကျော်ကြားလှတဲ့ You’ll Never Walk Alone သီချင်းကို သီဆိုပေးမှာ ဖြစ်ပါတယ်။

လီဗာပူးအသင်းမှာ နေရာပေါင်းများစွာက အသုံးတော်ခံခဲ့တဲ့ ပီယာစလေဟာ ၁၉၇၄ ခုနှစ်နဲ့ ၁၉၈၃ ခုနှစ်တွေမှာ လီဗာပူးကို မန်နေဂျာအဖြစ် ကိုင်တွယ်ခဲ့ပြီး အမှတ်ပေးဖလား ၆ လုံး၊ ဥရောပဖလား ၃ လုံး အပါအဝင် ဆုဖလားပေါင်း ၁၉ ခုကို အောင်မြင်ခဲ့သူဖြစ်တယ်။ သူဟာ ဒေသခံ ပရိသတ်တွေရဲ့ အချစ်တော် ပုဂ္ဂိုလ်ဖြစ်သလို အင်္ဂလန်ရဲ့ အအောင်မြင်ဆုံး မန်နေဂျာတွေထဲက တစ်ဦးလည်း ဖြစ်ပါတယ်။

ဆန်းဒါးလန်းမှာ မွေးဖွားခဲ့ပေမယ့် လီဗာပူးအတွက် နှစ်ပေါင်း ၅၀ တိုင် တာဝန်ယူခဲ့တဲ့ ဘော့ပီယာစလေဟာ သူ့ဘဝရဲ့ နောက်ဆုံးအဖြစ် လီဗာပူးမြို့မှာပဲ ခေါင်းချခဲ့သူဖြစ်ပါတယ်။

ZAWGYI

လီဗာပူးအသင္းဟာ ကလပ္အသင္းရဲ႕ အေအာင္ျမင္ဆံုး မန္ေနဂ်ာတစ္ဦးျဖစ္တဲ့ ဂႏၱဝင္မန္ေနဂ်ာၾကီး ေဘာ့ ပီယာစေလရဲ႕ အထင္ရွားဆံုး ပံုရိပ္ကို ရုပ္ထုအျဖစ္ ပံုေဖာ္ျပီး အန္ဖီးကြင္းျပင္ပမွာ ထားရွိခဲ့ျပီျဖစ္ပါတယ္။

ကလပ္အသင္းရဲ႕ အဓိက စပြန္ဆာျဖစ္သူ Standard Chartered က လီဗာပူးနဲ႔ လက္တြဲမႈ ဆယ္ႏွစ္ျပည့္မွာ အဓိက ေထာက္ပံ့ကူညီေပးမႈနဲ႔အတူ ပီယာစေလရဲ႕ ပံုရိပ္ကို ငယ္ရြယ္တဲ့ လီဗာပူးပရိသတ္ေတြ သိေစဖို႔ နည္းပညာ အထူးျပဳလုပ္မႈေတြနဲ႔ ဗီဒီယိုဖိုင္တစ္ခုကိုလည္း ေဖာ္ျပခဲ့ျပီးျဖစ္တယ္။

အန္ဖီးျပင္ပမွာ ထားရွိတဲ့ ရုပ္ထုကေတာ့ အသင္းသားေဟာင္း Emlyn Hughes ရဲ႕ ျပင္းထန္တဲ့ ဒဏ္ရာကို ကုသဖို႔ ကြင္းျပင္ကို ကိုယ္တိုင္ ထမ္းထုတ္ခဲ့တဲ့ ပီယာစေလရဲ႕ အျပဳအမႈကို မွတ္တမ္းထင္ထားတဲ့ အျဖဴအမဲ ဓါတ္ပံုကိုပဲ စံယူျပီး ပံုစံျပဳထားတာျဖစ္ပါတယ္။ မန္ေနဂ်ာ ပီယာစေလနဲ႔ အသင္းေခါင္းေဆာင္ ဟုစ္တို႔ ႏွစ္ဦးလံုးဟာ လီဗာပူးအသင္းကို ဘဝတစ္ေလွ်ာက္လံုး အားေပးခဲ့ၾကသူေတြျဖစ္ျပီး သူတို႔ရဲ႕ မိသားစုဝင္ေတြအားလံုးကလည္း အသင္းရဲ႕ အမာခံ ပရိသတ္ေတြ ျဖစ္ၾကပါတယ္။

အန္ဖီးျပင္ပမွာ ထားရွိမယ့္ ရုပ္ထုက အျမင့္ ၈ ေပခန္႔ရွိျပီး အန္ဖီးကြင္းက Paisley Square မွာ ထားရွိသြားမွာပါ။ အဆိုပါ ရုပ္ထုကိုေတာ့ စေနေန ေဆာက္သမ္တန္ပြဲၾကိဳမွာ ဟုစ္ရဲ႕ သမီးျဖစ္သူ အီမာ ဟုစ္၊ အမႈေဆာင္ခ်ဳပ္ ပီတာမိုးနဲ႔ ပီယာစေလရဲ႕ မိသားစုဝင္ေတြက တက္ေရာက္ ဖြင့္လွစ္မွာ ျဖစ္ပါတယ္။ အဆိုပါ ဖြင့္ပြဲကိုေတာ့ အန္ဖီးအနီးနားက မူလတန္းေက်ာင္းက ကေလးေတြကပဲ ကလပ္ရဲ႕ ေက်ာ္ၾကားလွတဲ့ You’ll Never Walk Alone သီခ်င္းကို သီဆိုေပးမွာ ျဖစ္ပါတယ္။

လီဗာပူးအသင္းမွာ ေနရာေပါင္းမ်ားစြာက အသံုးေတာ္ခံခဲ့တဲ့ ပီယာစေလဟာ ၁၉၇၄ ခုႏွစ္နဲ႔ ၁၉၈၃ ခုႏွစ္ေတြမွာ လီဗာပူးကို မန္ေနဂ်ာအျဖစ္ ကိုင္တြယ္ခဲ့ျပီး အမွတ္ေပးဖလား ၆ လံုး၊ ဥေရာပဖလား ၃ လံုး အပါအဝင္ ဆုဖလားေပါင္း ၁၉ ခုကို ေအာင္ျမင္ခဲ့သူျဖစ္တယ္။ သူဟာ ေဒသခံ ပရိသတ္ေတြရဲ႕ အခ်စ္ေတာ္ ပုဂၢိဳလ္ျဖစ္သလို အဂၤလန္ရဲ႕ အေအာင္ျမင္ဆံုး မန္ေနဂ်ာေတြထဲက တစ္ဦးလည္း ျဖစ္ပါတယ္။

ဆန္းဒါးလန္းမွာ ေမြးဖြားခဲ့ေပမယ့္ လီဗာပူးအတြက္ ႏွစ္ေပါင္း ၅၀ တိုင္ တာဝန္ယူခဲ့တဲ့ ေဘာ့ပီယာစေလဟာ သူ႔ဘဝရဲ႕ ေနာက္ဆံုးအျဖစ္ လီဗာပူးျမိဳ႕မွာပဲ ေခါင္းခ်ခဲ့သူျဖစ္ပါတယ္။