လီဗာပူးခံစစ်မှူး ဗန်ဒိုက်က အသင်းဟောင်း စိန့်အသင်း ရလဒ်ကောင်းတွေ ပြန်ရနေတဲ့အပေါ် ဝမ်းသာပါကြောင်းနဲ့ အသင်းဖော်ဟောင်း ဒန်နီအင့် စိန့်မှာ အဆင်ပြေနေတဲ့အပေါ် အကောင်းမြင်စကားတွေ ပြောဆိုခဲ့ပါတယ်။

၂၀၁၈ ခုနှစ် ဇန်နဝါရီ အပြောင်းအရွှေ့မှာ ဗန်ဒိုက်ဟာ ဆောက်သမ်တန်ကနေ လီဗာပူးကို ပေါင် ၇၅ သန်းနဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး မနှစ်က နွေအပြောင်းအရွှေ့မှာ ဒန်နီအင့်ဟာ လီဗာပူးကနေ ဆောက်သမ်တန်ကို ပေါင် ၂၀ သန်းနဲ့ ပြောင်းရွှေ့ခဲ့တာပါ။ နှစ်ဦးလုံးဟာ သက်ဆိုင်ရာ ကလပ်တွေရဲ့ အဓိက ကစားသမားတွေအဖြစ် တောက်ပနေတာ ဖြစ်ပါတယ်။

နယ်သာလန်သား ခံစစ်မှူးကြီးက ” ဆောက်သမ်တန်မှာ အင့်က အဓိက ကစားသမားဖြစ်နေပြီး အလှည့်အပြောင်းဖြစ်လာဖို့ ကူညီပေးနိုင်ခဲ့တယ်။ သူ့အတွက်ကော ဆောက်သမ်တန်အတွက်ပါ ဝမ်းသာမိပါတယ်။ သူတို့ ဆက်သွားနိုင်ဖို့လည်း မျှော်လင့်တယ်။ ဒါပေမယ့် စနေနေ့မှာတော့ ရလဒ်အတွက် ကျနေ်ာတို့ ကြိုးစားမှာပါ။ ဒီအခြေအနေမှာ တိုက်စစ်သမားတွေအကြောင်း လေ့လာသင်ယူနေစရာလည်း မလိုတော့ပါဘူး။

ပုံမှန်အားဖြင့် သူတို့ရဲ့ သန်မာမှုနဲ့ အားနည်းချက်တွေကို ကိုယ်က သိထားတယ်။ အကောင်းဆုံးဖြစ်မှာတွေကို ကြိုးစားပေမယ့် အချိန်ေတွေ အများအပြားမှာတော့ ကိုယ်က ရာနှုန်းပြည့်ဖြစ်နေရပါမယ်။ ကျနော်တို့ ရင်ဆိုင်နေရတဲ့ ပြိုင်ဘက်တွေကလည်း အကြိမ်တွေ အများကြီး ရင်ဆိုင်ထားဖူးသူတွေ ဖြစ်ကြပါတယ် ” လို့ ဆိုခဲ့တာဖြစ်တယ်။

စိန့်ကို အင့် ကူညီနိုင်ခဲ့သလို လီဗာပူးကိုလည်း ဗန်ဒိုက်က အလှည့်အပြောင်းတွေ ဖြစ်လာဖို့ ကူညီပေးနိုင်ခဲ့တာပါ။ သူဟာ လီဗာပူးနဲ့အတူ ချန်ပီယံလိဂ်ဖလားနဲ့ ကလပ်များကမ္ဘာဖလားတို့ကို အနိုင်ရခဲ့တယ်။ မေလမှာ ပရီးမီးယားလိဂ်ဖလားကို အနိုင်ရဖို့ ကူညီပေးနေတာဖြစ်ပါတယ်။

လွန်ခဲ့တဲ့ နှစ်နှစ်က စိန့်မေရီကနေ အန်ဖီးကို ပြောင်းလာတဲ့အပေါ် ဗန်ဒိုက်က ” ကျနော် လုပ်ခဲ့တဲ့ ဆုံးဖြတ်ချက်က သိပ်တော့ မဆိုးပါဘူး။ အခု ကျနော် အသက် ၂၈ နှစ် ရှိနေပြီ ကျနော်မှာ ရှိခဲ့တဲ့ အိပ်မက်တွေကိုလည်း ပြည့်အောင် ဖြည့်လိုပါတယ်။ ဘဝဆိုတာ တိုတိုလေးပါ။ ကစားသမးဘဝက ပိုတောင်တိုသေးတာ ဖြစ်နိုင်ပါတယ်။

အခုချိန်မှာ မိနစ်တိုင်းကို ပျော်ရွှင်နေရတယ်။ လီဗာပူးအသင်း၊ မန်နေဂျာယာဂင်ကလော့ပ်တို့နဲ့ ကစားရတာကိုလည်း ပျော်ရွှင်တယ်။ ရှေ့ကို ကျော်ကြည့်နေစရာ မလိုပါဘူး။ အခုအနေအထားမှာ ကျနော် ပျော်နေပပါတယယ်။ အမှတ်ပေးဇယားကိုလည်း မကြည့်ပါဘူး။ အမှတ်ပေးဇယားကို ရာသီကုန်မှ ကြည့်သွားမှာ ဖြစ်ပပါတယ် ” လို့ ဆိုခဲ့ပါတယ်။

ZAWGYI – လီဗာပူးခံစစ္မွဴး ဗန္ဒိုက္က အသင္းေဟာင္း စိန္႔အသင္း ရလဒ္ေကာင္းေတြ ျပန္ရေနတဲ့အေပၚ ဝမ္းသာပါေၾကာင္းနဲ႔ အသင္းေဖာ္ေဟာင္း ဒန္နီအင့္ စိန္႔မွာ အဆင္ေျပေနတဲ့အေပၚ အေကာင္းျမင္စကားေတြ ေျပာဆိုခဲ့ပါတယ္။

၂၀၁၈ ခုႏွစ္ ဇန္နဝါရီ အေျပာင္းအေရႊ႔မွာ ဗန္ဒိုက္ဟာ ေဆာက္သမ္တန္ကေန လီဗာပူးကို ေပါင္ ၇၅ သန္းနဲ႔ ေျပာင္းေရႊ႔လာခဲ့တာျဖစ္ျပီး မႏွစ္က ေႏြအေျပာင္းအေရႊ႔မွာ ဒန္နီအင့္ဟာ လီဗာပူးကေန ေဆာက္သမ္တန္ကို ေပါင္ ၂၀ သန္းနဲ႔ ေျပာင္းေရႊ႔ခဲ့တာပါ။ ႏွစ္ဦးလံုးဟာ သက္ဆုိင္ရာ ကလပ္ေတြရဲ႕ အဓိက ကစားသမားေတြအျဖစ္ ေတာက္ပေနတာ ျဖစ္ပါတယ္။

နယ္သာလန္သား ခံစစ္မွဴးၾကီးက ” ေဆာက္သမ္တန္မွာ အင့္က အဓိက ကစားသမားျဖစ္ေနျပီး အလွည့္အေျပာင္းျဖစ္လာဖို႔ ကူညီေပးႏုိင္ ခဲ့တယ္။ သူ႔အတြက္ေကာ ေဆာက္သမ္တန္အတြက္ပါ ဝမ္းသာမိပါတယ္။ သူတို႔ ဆက္သြားႏုိင္ဖို႔လည္း ေမွ်ာ္လင့္တယ္။ ဒါေပမယ့္ စေနေန႔မွာေတာ့ ရလဒ္အတြက္ က်ေန္ာတို႔ ၾကိဳးစားမွာပါ။ ဒီအေျခအေနမွာ တိုက္စစ္သမားေတြအေၾကာင္း ေလ့လာသင္ယူေနစရာလည္း မလိုေတာ့ပါဘူး။

ပံုမွန္အားျဖင့္ သူတို႔ရဲ႕ သန္မာမႈနဲ႔ အားနည္းခ်က္ေတြကို ကိုယ္က သိထားတယ္။ အေကာင္းဆံုးျဖစ္မွာေတြကို ၾကိဳးစားေပမယ့္ အခ်ိန္ေေတြ အမ်ားအျပားမွာေတာ့ ကိုယ္က ရာႏႈန္းျပည့္ျဖစ္ေနရပါမယ္။ က်ေနာ္တုိ႔ ရင္ဆုိင္ေနရတဲ့ ျပိဳင္ဘက္ေတြကလည္း အၾကိမ္ေတြ အမ်ားၾကီး ရင္ဆိုင္ထားဖူးသူေတြ ျဖစ္ၾကပါတယ္ ” လို႔ ဆိုခဲ့တာျဖစ္တယ္။

စိန္႔ကို အင့္ ကူညီႏုိင္ခဲ့သလို လီဗာပူးကိုလည္း ဗန္ဒိုက္က အလွည့္အေျပာင္းေတြ ျဖစ္လာဖို႔ ကူညီေပးႏုိင္ခဲ့တာပါ။ သူဟာ လီဗာပူးနဲ႔အတူ ခ်န္ပီယံလိဂ္ဖလားနဲ႔ ကလပ္မ်ားကမၻာဖလားတို႔ကို အႏုိင္ရခဲ့တယ္။ ေမလမွာ ပရီးမီးယားလိဂ္ဖလားကို အႏုိင္ရဖို႔ ကူညီေပးေနတာျဖစ္ပါတယ္။

လြန္ခဲ့တဲ့ ႏွစ္ႏွစ္က စိန္႔ေမရီကေန အန္ဖီးကို ေျပာင္းလာတဲ့အေပၚ ဗန္ဒိုက္က ” က်ေနာ္ လုပ္ခဲ့တဲ့ ဆံုးျဖတ္ခ်က္က သိပ္ေတာ့ မဆိုးပါဘူး။ အခု က်ေနာ္ အသက္ ၂၈ နွစ္ ရွိေနျပီ က်ေနာ္မွာ ရွိခဲ့တဲ့ အိပ္မက္ေတြကိုလည္း ျပည့္ေအာင္ ျဖည့္လိုပါတယ္။ ဘဝဆိုတာ တိုတိုေလးပါ။ ကစားသမးဘဝက ပိုေတာင္တိုေသးတာ ျဖစ္ႏုိင္ပါတယ္။

အခုခ်ိန္မွာ မိနစ္တိုင္းကို ေပ်ာ္ရႊင္ေနရတယ္။ လီဗာပူးအသင္း၊ မန္ေနဂ်ာယာဂင္ကေလာ့ပ္တို႔နဲ႔ ကစားရတာကိုလည္း ေပ်ာ္ရႊင္တယ္။ ေရွ႔ကို ေက်ာ္ၾကည့္ေနစရာ မလိုပါဘူး။ အခုအေနအထားမွာ က်ေနာ္ ေပ်ာ္ေနပပါတယယ္။ အမွတ္ေပးဇယားကိုလည္း မၾကည့္ပါဘူး။ အမွတ္ေပးဇယားကို ရာသီကုန္မွ ၾကည့္သြားမွာ ျဖစ္ပပါတယ္ ” လို႔ ဆိုခဲ့ပါတယ္။