ဆောင်းရာသီ နားရက် မတိုင်ခင်ပဲ လီဗာပူးအသင်းဟာ နောက်ဆုံး ပရီးမီးယားလိဂ် ပွဲ အဖြစ် ဆောက်သမ်တန်ကို အိမ်ကွင်းမှာ ဧည့်ခံ ကစားရမှာ ဖြစ်ပါတယ်။ ပွဲကျန် တစ်ပွဲ ကြားရက်မှာ ကစားပြီးတဲ့ လီဗာပူးဟာ အမှတ်ပေးဇယားမှာတော့ ၁၉ မှတ်ထိ ဖြတ်ကာ အပြတ်အသတ် ဦးဆောင်ထားနိုင်ပါတယ်။

ပွဲစဉ်ကတော့ မနက်ဖြန် စနေနေ့ည မြန်မာစံတော်ချိန် ည ၉း၃၀ နာရီ မှာ ယှဉ်ပြိုင်ကြမှာပါ။ လီဗာပူးနဲ့ စိန့်တို့ ပွဲစဉ် အတွက် စကိုင်းစပေါ့မှ နာမည်ကျော် သုံးသပ်သူ ချာလီနစ်ကိုးလပ်စ်က အခုလို သုံးသပ်ထားပါတယ်။

” လီဗာပူး ယန္တရားကြီးကတော့ ရှေ့ဆက်သွားနေဦးမှာပါ။ ဝုဗ်နဲ့ ပွဲမှာ သူတို့ နည်းနည်း အခက်တွေ့ခဲ့တာ မြင်ရပေမယ့် ကျော်ဖြတ် နိုင်ခဲ့ကြတယ်။ ဝက်စ်ဟမ်းနဲ့ ပွဲမှာလည်း ဖိအားနည်းနည်းနဲ့ နိုင်ပွဲ ဆက်ခဲ့ပြန်တယ်။ သူတို့ရဲ့ စိတ်ပိုင်းဖြတ်မှုနဲ့ ပြီးမြောက်အောင် လုပ်ဆောင်မှုတွေက အမြဲလို ရှိနေတာပါ။

ဆောင်းရာသီ နားရက်က ရောက်တော့မှာ ဖြစ်တယ်။ လီဗာပူးအသင်းကတော့ အက်ဖ်အေဖလား ပွဲကို စိုးရိမ် မနေဘဲ နားချိန် အချို့ယူမှာ ဖြစ်ပါတယ်။

ဆောက်သမ်တန်ဘက်မှာလည်း အထင်ကြီးစရာတွေ ရှိထားတယ်။ နည်းပြ ဟက်ဆန်ဟော့က ထူးချွန်စွာ လုပ်ပြထားတယ်။ သူ့ကို ဆောက်သမ်တန်ကနေ ထုတ်ပယ်ဖို့ လိုတယ် ဖိအားပေးဖို့လိုတယ်လို့ ကျနော် တခါမှ မထင်ဖူးဘူး။ သူက သတိလည်းကောင်းသလို သတ္တိလည်း ရှိတယ်။ ဆောက်သမ်တန်ကို အင်အားပြည့်အောင် ပြန်ဆယ်ယူနိုင်တယ်။ သူ့မှာ ဒန်နီအင့်၊ နသန် ရက်မွန်း၊ ရှိန်းလောင်းတို့ ရှိတယ် ကောင်းစွာ ကစားပေးနိုင်ကြတယ်။

လီဗာပူးနဲ့ ပွဲမှာတော့ သူ ခံစစ် ၅ ယောက်တန်းကို ပြန်သုံးမယ် ထင်ပတါယ်။ ဘယ်သူမှလည်း ဒါကို အပြစ်မတင်နိုင်ပါဘူး။ စိန့်တွေက အန္တရာယ်ကြီး ပေးနိုင်ပါတယ်။ ဒါပေမယ့် လီဗာပူးက ကောင်းစွာ လှုပ်ရှားနိုင်မှာပါ။ ခံစစ်ကနေလည်း ဘယ်သူမှ တက်မလာရဲ့အောင် လီဗာပူး တောင်ပံသမားတွေက အလုပ်ပေးထားပါလိမ့်မယ်။ ကွင်းလယ်မှာလည်း အနားတော့ ရမှာ မဟုတ်ဘူး။ ဒီပွဲမှာလည်း လီဗာပူး ယန္တရားကြီး အရှိန် ပျက်မယ် မထင်ပါဘူး။ ကျနော်တော့ သိပ် အထင်ကြီးနေတယ်။ ” လို့ ချာလီက ဆိုပါတယ်။

ချာလီ နစ်ကိုးလပ်စ်ရဲ့ ခန့်မှန်း ရလဒ်ကတော့ လီဗာပူး ၃-၀ ဆောက်သမ်တန် ဖြစ်ပါတယ်။

Zawgyi – ေဆာင္းရာသီ နားရက္ မတိုင္ခင္ပဲ လီဗာပူးအသင္းဟာ ေနာက္ဆံုး ပရီးမီးယားလိဂ္ ပြဲ အျဖစ္ ေဆာက္သမ္တန္ကို အိမ္ကြင္းမွာ ဧည့္ခံ ကစားရမွာ ျဖစ္ပါတယ္။ ပြဲက်န္ တစ္ပြဲ ၾကားရက္မွာ ကစားျပီးတဲ့ လီဗာပူးဟာ အမွတ္ေပးဇယားမွာေတာ့ ၁၉ မွတ္ထိ ျဖတ္ကာ အျပတ္အသတ္ ဦးေဆာင္ထားနုိင္ပါတယ္။

ပြဲစဥ္ကေတာ့ မနက္ျဖန္ စေနေန႔ည ျမန္မာစံေတာ္ခ်ိန္ ည ၉း၃၀ နာရီ မွာ ယွဥ္ျပိဳင္ၾကမွာပါ။ လီဗာပူးနဲ႕ စိန္႔တို႔ ပြဲစဥ္ အတြက္ စကိုင္းစေပါ့မွ နာမည္ေက်ာ္ သံုးသပ္သူ ခ်ာလီနစ္ကိုးလပ္စ္က အခုလို သံုးသပ္ထားပါတယ္။

” လီဗာပူး ယႏၱရားၾကီးကေတာ့ ေရွ႕ဆက္သြားေနဦးမွာပါ။ ၀ုဗ္နဲ႕ ပြဲမွာ သူတို႔ နည္းနည္း အခက္ေတြ႔ခဲ့တာ ျမင္ရေပမယ့္ ေက်ာ္ျဖတ္ နိုင္ခဲ့ၾကတယ္။ ၀က္စ္ဟမ္းနဲ႕ ပြဲမွာလည္း ဖိအားနည္းနည္းနဲ႕ နုိင္ပြဲ ဆက္ခဲ့ျပန္တယ္။ သူတို႔ရဲ႕ စိတ္ပိုင္းျဖတ္မႈနဲ႕ ျပီးေျမာက္ေအာင္ လုပ္ေဆာင္မႈေတြက အျမဲလို ရွိေနတာပါ။

ေဆာင္းရာသီ နားရက္က ေရာက္ေတာ့မွာ ျဖစ္တယ္။ လီဗာပူးအသင္းကေတာ့ အက္ဖ္ေအဖလား ပြဲကို စိုးရိမ္ မေနဘဲ နားခ်ိန္ အခ်ိဳ႕ယူမွာ ျဖစ္ပါတယ္။

ေဆာက္သမ္တန္ဘက္မွာလည္း အထင္ၾကီးစရာေတြ ရွိထားတယ္။ နည္းျပ ဟက္ဆန္ေဟာ့က ထူးခၽြန္စြာ လုပ္ျပထားတယ္။ သူ႔ကို ေဆာက္သမ္တန္ကေန ထုတ္ပယ္ဖို႔ လိုတယ္ ဖိအားေပးဖို႔လိုတယ္လို႔ က်ေနာ္ တခါမွ မထင္ဖူးဘူး။ သူက သတိလည္းေကာင္းသလို သတၱိလည္း ရွိတယ္။ ေဆာက္သမ္တန္ကို အင္အားျပည့္ေအာင္ ျပန္ဆယ္ယူနုိင္တယ္။ သူ႔မွာ ဒန္နီအင့္၊ နသန္ ရက္မြန္း၊ ရွိန္းေလာင္းတို႔ ရွိတယ္ ေကာင္းစြာ ကစားေပးနုိင္ၾကတယ္။

လီဗာပူးနဲ႕ ပြဲမွာေတာ့ သူ ခံစစ္ ၅ ေယာက္တန္းကို ျပန္သံုးမယ္ ထင္ပတါယ္။ ဘယ္သူမွလည္း ဒါကို အျပစ္မတင္နုိင္ပါဘူး။ စိန္႔ေတြက အႏၱရာယ္ၾကီး ေပးနုိင္ပါတယ္။ ဒါေပမယ့္ လီဗာပူးက ေကာင္းစြာ လႈပ္ရွားနုိင္မွာပါ။ ခံစစ္ကေနလည္း ဘယ္သူမွ တက္မလာရဲ႕ေအာင္ လီဗာပူး ေတာင္ပံသမားေတြက အလုပ္ေပးထားပါလိမ့္မယ္။ ကြင္းလယ္မွာလည္း အနားေတာ့ ရမွာ မဟုတ္ဘူး။ ဒီပြဲမွာလည္း လီဗာပူး ယႏၱရားၾကီး အရွိန္ ပ်က္မယ္ မထင္ပါဘူး။ က်ေနာ္ေတာ့ သိပ္ အထင္ၾကီးေနတယ္။ ” လို႔ ခ်ာလီက ဆိုပါတယ္။

ခ်ာလီ နစ္ကိုးလပ္စ္ရဲ႕ ခန္႔မွန္း ရလဒ္ကေတာ့ လီဗာပူး ၃-၀ ေဆာက္သမ္တန္ ျဖစ္ပါတယ္။