ဂျာမနီ မီဒီယာဌာနကြီးဖြစ်တဲ့ Bild ရဲ့ ဘောလုံးအကြီးအကဲဖြစ်သူ Christian Falk က ဘွန်ဒက်လီဂါကလပ် လေဗာကူဆင်ဟာ ၎င်းတို့ ကစားသမားဖြစ်သူ ကိုင်းဟာဗက်အတွက် လီဗာပူးဘက်က ကမ်းလှမ်းမှုပေးလာဖို့ မျှော်လင့်နေကြောင်း သတင်းထုတ်ပြန်သွားပါတယ်။

ဂျာမနီသတင်းသမားကြီးက အသက် ၂၀ အရွယ် ကွင်းလယ်လူကို ခေါ်ယူဖို့ ဂျာမနီကလပ် ဘိုင်ယန်မြူးနစ်၊ စပိန်းကလပ်တစ်သင်းနဲ့ ပရီးမီးယားလိဂ်ကလပ်တစ်သင်းတို့က စိတ်ဝင်စားတယ်လို့ ဖော်ပြခဲ့တာပါ။ ဆက်လက်ပြီး သိရတာက ဘာစီလိုနာဟာ ကွင်းလယ်လူကောင်းတွေ ခေါ်ယူထားခဲ့သလို အက်သလက်တီကို မက်ဒရစ်ကလည်း ဖီလစ်ကို ခေါ်ယူထားတာကြောင့် ဟာဗက်ကို စိတ်ဝင်စားနေတဲ့ စပိန်ကလပ်က ရီးရဲလ်မကက်ဒရစ်ဖြစ်မယ်လို့ သူကပဲ ခန့်မှန်းခဲ့တယ်။

Christian Falk က အခိုင်အမာ ပြောဆိုတာက ဟာဗက်ကို အလေးအနက် စိတ်ဝင်စားတဲ့ ကလပ်သုံးသင်းထဲက အင်္ဂလန်ကလပ်ဟာ လီဗာပူးဖြစ်ပြီး လေဗာကူဆင်ဘက်က ၎င်းတို့ ကွင်းလယ်လူအတွက် မာဆေးဆိုဒ်ကလပ်ဘက်က အလေးအနက် ကမ်းလှမ်းမှု ပေးလာဖို့ မျှော်လင့်နေတယ်လို့ ဆိုပါတယ်။

ဟာဗက်ကို ခေါ်ယူဖို့ ဘိုင်ယန်မြူးနစ်က စိတ်မဝင်စားတော့ကြောင်းနဲ့ ဘိုင်ယန်ဟာ မန်စီးတီးမှ ဆာနေးကိုပဲ ခေါ်ယူလိုတယ်လို့ ဂျာမနီသတင်းတစ်ရပ်က ဖော်ပြမှုကို Falk က က ငြင်းဆန်ခဲ့တာဖြစ်ပြီး ဟာဗက်ကို ခေါ်ယူဖို့ ဂျာမနီ၊ စပိန်နဲ့ အင်္ဂလန်လိဂ်မှ အသင်းသုံးသင်းက စိတ်ဝင်စားနေကြောင်းနဲ့ ဂျာမနီကလပ်က ဘိုင်ယန်မြူးနစ်ဖြစ်တယ်လို့ အတည်ပြုခဲ့တာပါ။

ယူရို ၁၃၀ သန်းအဖြစ် ဈေးလွှင့်ထားတဲ့ လေဗာကူဆင်ဟာ သူတို့ရဲ့ ကစားသမားကို ရောင်းချဖို့ကို စိတ်ဝင်စားပြီး လီဗာပူးဘက်က ကမ်းလှမ်းလာဖို့ကို မျှော်လင့်နေကြောင်းလည်း Falk က ဖော်ပြခဲ့တာဖြစ်တယ်။ အဆိုပါ သတင်းကို အင်္ဂလန်က လီဗာပူးဖန်းဆိုဒ်က ဖော်ပြရာမှာ ထောက်ခံမှုပေးတဲ့အနေနဲ့ Falk ကပဲ Retweeted လုပ်သွားခဲ့ပါတယ်။

အင်္ဂလန်သတင်းတွေဘက်မှာတော့ လီဗာပူးဟာ ဟာဗက်ကို စိတ်ဝင်စားပေမယ့် သူ့ရဲ့ ပြောင်းရွှေ့ကြေးကို သဘောမတွေ့ကာ ယူရို ၁၀၀ သန်းထက် ဘယ်လိုမှ ပိုပေးမှာ မဟုတ်ကြောင်းနဲ့ တကယ်တမ်းမှာ ယူရို ၁၀၀ သန်းကိုတောင် ပေးဖို့ ဆန္ဒမရှိဘူးလို့ ဖော်ပြထားကြတာပါ။ လီဗာပူးကင်းထောက်တွေက ဟာဗက်ကို ကင်းထောက်နေတာ ၁၈ လဝန်းကျင်ရှိနေပြီး ပြောင်းရွှေ့ကြေးကို လျော့ချနိုင်ဖို့ အခွင့်အရေး ရှာနေဆဲလို့လည်း သိထားရပါတယ်။

ZAWGYI

ဂ်ာမနီ မီဒီယာဌာနၾကီးျဖစ္တဲ့ Bild ရဲ႕ ေဘာလံုးအၾကီးအကဲျဖစ္သူ Christian Falk က ဘြန္ဒက္လီဂါကလပ္ ေလဗာကူဆင္ဟာ ၄င္းတို႔ ကစားသမားျဖစ္သူ ကိုင္းဟာဗက္အတြက္ လီဗာပူးဘက္က ကမ္းလွမ္းမႈေပးလာဖို႔ ေမွ်ာ္လင့္ေနေၾကာင္း သတင္းထုတ္ျပန္သြားပါတယ္။

ဂ်ာမနီသတင္းသမားၾကီးက အသက္ ၂၀ အရြယ္ ကြင္းလယ္လူကို ေခၚယူဖို႔ ဂ်ာမနီကလပ္ ဘိုင္ယန္ျမဴးနစ္၊ စပိန္းကလပ္တစ္သင္းနဲ႔ ပရီးမီးယားလိဂ္ကလပ္တစ္သင္းတို႔က စိတ္ဝင္စားတယ္လို႔ ေဖာ္ျပခဲ့တာပါ။ ဆက္လက္ျပီး သိရတာက ဘာစီလိုနာဟာ ကြင္းလယ္လူေကာင္းေတြ ေခၚယူထားခဲ့သလို အက္သလက္တီကို မက္ဒရစ္ကလည္း ဖီလစ္ကို ေခၚယူထားတာေၾကာင့္ ဟာဗက္ကို စိတ္ဝင္စားေနတဲ့ စပိန္ကလပ္က ရီးရဲလ္မကက္ဒရစ္ျဖစ္မယ္လို႔ သူကပဲ ခန္႔မွန္းခဲ့တယ္။

Christian Falk က အခိုင္အမာ ေျပာဆိုတာက ဟာဗက္ကို အေလးအနက္ စိတ္ဝင္စားတဲ့ ကလပ္သံုးသင္းထဲက အဂၤလန္ကလပ္ဟာ လီဗာပူးျဖစ္ျပီး ေလဗာကူဆင္ဘက္က ၄င္းတို႔ ကြင္းလယ္လူအတြက္ မာေဆးဆိုဒ္ကလပ္ဘက္က အေလးအနက္ ကမ္းလွမ္းမႈ ေပးလာဖို႔ ေမွ်ာ္လင့္ေနတယ္လုိ႔ ဆိုပါတယ္။

ဟာဗက္ကို ေခၚယူဖို႔ ဘိုင္ယန္ျမဴးနစ္က စိတ္မဝင္စားေတာ့ေၾကာင္းနဲ႔ ဘိုင္ယန္ဟာ မန္စီးတီးမွ ဆာေနးကိုပဲ ေခၚယူလိုတယ္လို႔ ဂ်ာမနီသတင္းတစ္ရပ္က ေဖာ္ျပမႈကို Falk က က ျငင္းဆန္ခဲ့တာျဖစ္ျပီး ဟာဗက္ကို ေခၚယူဖို႔ ဂ်ာမနီ၊ စပိန္နဲ႔ အဂၤလန္လိဂ္မွ အသင္းသံုးသင္းက စိတ္ဝင္စားေနေၾကာင္းနဲ႔ ဂ်ာမနီကလပ္က ဘိုင္ယန္ျမဴးနစ္ျဖစ္တယ္လို႔ အတည္ျပဳခဲ့တာပါ။

ယူရို ၁၃၀ သန္းအျဖစ္ ေစ်းလႊင့္ထားတဲ့ ေလဗာကူဆင္ဟာ သူတို႔ရဲ႕ ကစားသမားကို ေရာင္းခ်ဖို႔ကို စိတ္ဝင္စားျပီး လီဗာပူးဘက္က ကမ္းလွမ္းလာဖို႔ကို ေမွ်ာ္လင့့္ေနေၾကာင္းလည္း Falk က ေဖာ္ျပခဲ့တာျဖစ္တယ္။ အဆိုပါ သတင္းကို အဂၤလန္က လီဗာပူးဖန္းဆိုဒ္က ေဖာ္ျပရာမွာ ေထာက္ခံမႈေပးတဲ့အေနနဲ႔ Falk ကပဲ Retweeted လုပ္သြားခဲ့ပါတယ္။

အဂၤလန္သတင္းေတြဘက္မွာေတာ့ လီဗာပူးဟာ ဟာဗက္ကို စိတ္ဝင္စားေပမယ့္ သူ႔ရဲ႕ ေျပာင္းေရႊ႔ေၾကးကို သေဘာမေတြ႔ကာ ယူရို ၁၀၀ သန္းထက္ ဘယ္လိုမွ ပိုေပးမွာ မဟုတ္ေၾကာင္းနဲ႔ တကယ္တမ္းမွာ ယူရို ၁၀၀ သန္းကိုေတာင္ ေပးဖို႔ ဆႏၵမရွိဘူးလို႔ ေဖာ္ျပထားၾကတာပါ။ လီဗာပူးကင္းေထာက္ေတြက ဟာဗက္ကို ကင္းေထာက္ေနတာ ၁၈ လဝန္းက်င္ရွိေနျပီး ေျပာင္းေရႊ႔ေၾကးကို ေလ်ာ့ခ်ႏုိင္ဖို႔ အခြင့္အေရး ရွာေနဆဲလို႔လည္း သိထားရပါတယ္။