အင်္ဂလန်အားကစားသုံးသပ်သူ ဂယ်ရီလင်ကာက ပရီးမီးယားလိဂ် မန်နေဂျာတွေဖြစ်တဲ့ ကလော့ပ်နဲ့ ဂွာဒီယိုလာတို့ဟာ မတူညီတဲ့ နည်းလမ်းတွေနဲ့ ရင်ခုန်ဖွယ် ပြိုင်ဆိုင်မှုတွေ ပေးနေကြတဲ့ မန်နေဂျာတွေအဖြစ် ချီးကျုးလိုက်ပါတယ်။

ဒါပေမယ့် သူ့ကိုယ်တိုင်ကလည်း ဘာစီလိုနာမှာ ကစားခဲ့သေးတာဖြစ်လို့ ဂျိုဟန်ခရိုက်ရဲ့ နည်းလမ်းတွေကို ဆင့်ပွှားတဲ့ ဂွာဒီယိုလာရဲ့ နည်းစနစ်ကို ချီးကျူးပေမယ့် ကလော့ပ်ရဲ့ ပြင်းပြတဲ့ ကောင်တာ ဖိအားပေးစနစ်ကို ပိုမို နှစ်သက်ကြောင်းလည်း ဝန်ခံခဲ့တာဖြစ်တယ်။

ဂယ်ရီလင်ကာက ” ဘောလုံးမှာ မကြုံဖူးလောက်အောင် မူကွဲတဲ့ ဘောလုံးရာသီတွေ မြင်နေရပေမယ့် ပပ်နဲ့ ကလော့ပ်တို့က လွှမ်းမိုးထားပါတယ်။ သူတို့ ယှဉ်ပြိုင်နေကြတာဖြစ်ပေမယ့် နှစ်ဦးလုံးကို ကြည့်ရတာ ရင်ခုန်စရာလည်း ကောင်းပါတယ်။ ကမ္ဘာဘောလုံးလောကရဲ့ ထိပ်ဆုံး မန်နေဂျာ နှစ်ဦး မဟုတ်ရင်တောင် ထိပ်ဆုံး ငါးဦးထဲ ပါကြသူတွေပါ။

မတူညီတဲ့ စတိုင်တွေနဲ့ ပြိုင်နေကြတာဖြစ်ပြီး နှစ်ဦးလုံးကို သဘောကျပေမယ့် ကလော့ပ်က ပိုပြီး ဆွဲဆောင်မှုရှိပါတယ်။ ဂွာဒီယိုလာက အမြဲတမ်း ကြိုးစားတဲ့ နေရာတွေမှာ ကလော့ပ်က အမြဲတမ်း ဦးထားနှင့်ပါပြီ။ နောက်ပြီး ဂွာဒီယိုလာရဲ့ ညစ်တဲ့ဘက်တွေကိုလည်း ကျနေ်ာတို့ မြင်ထားရတယ်။

ဒါပေမယ့် ဂွာဒီယိုလာက အရမ်းကောင်းကောင်း လုပ်ထားပါတယ်။ ဘာစီလိုနာမှာ ငယ်ရွယ်တဲ့ မန်နေဂျာတစ်ယောက်ဖြစ်ခဲ့ပေမယ့် သူ့ရဲ့ ကစားသမားတွေကို အသွင်ပြောင်းနိုင်ခဲ့တယ်။ သူတို့က ခရိုက် အခြေတည်ခဲ့တဲ့ စနစ်ကို ကစားတာဖြစ်ပြီး အဲ့စနစ်အောက်မှာပဲ ကျနော်ကော ပပ်ပါ ဘာစီလိုနာ ကစားသမားတွေအဖြစ် အတူကစားခဲ့ကြတယ်။

ကလော့ပ်က သူ့ရဲ့ ကိုယ်ပိုင် စတိုင်ကို မိတ်ဆက်လာခဲ့တယ်။ အရမ်းကို ပြင်းထန်လွန်းတဲ့ ဖိအားပေး ကစားနည်းပါပဲ။ ကစားသမားတွေရဲ့ ကြံ့ခိုင်မှုနဲ့ စိတ်ဓါတ် ပြင်းထန်မှုအပေါ် အခြေခံတာပေါ့။ ဒေါ့မွန်မှာ ကောလ့ပ်က အကောင်းဆုံး လုပ်ပြခဲ့ပြီး လီဗာပူးမှာ သူတည်ဆောက်ပြတာက ပိုတောင် ကောင်းပါသေးတယ်။ လူသစ် ခေါ်ယူမှုတွေမှာလည်း သူ့ရဲ့ ပါဝင်မှုက အရမ်းကို ကောင်းတယ်။

သူတို့ ဆာလက်ကို ခေါ်ယူတော့ လူတိုင်းက ‘ဟမ်း ခေါ်သင့်ရဲ့လား ပေါ့’။ ဆောက်သမ်တန်မှာ မာနေးက ကစားသမားကောင်းဖြစ်ပေမယ့် လီဗာပူးက ခေါ်လောက်အောင် ကောင်းရဲ့လားပေါ့။ ဂျော်ဒန် ဟန်ဒါဆန်နဲ့ ပက်သက်လို့လည်း ‘အား ဘာကိုမှ မကောင်းတဲ့ ကစားသမား’ လို့ လူတိုင်းက ပြောခဲ့ကြတယ်။ လူတိုင်းက ဟန်ဒါဆန်ကို ဆန့်ကျင်ခဲ့ကြပေမယ့် ဒီကောင်လေးက သွေးထွက်အောင်ကို ကောင်းတဲ့ ကစားသမားနဲ့ ခေါင်းဆောင်ကောင်းတစ်ဦး ဆိုတာကို လူတိုင်းက ဝန်ခံလာရတယ်။

ဗန်ဒိုက်က အရမ်းကောင်းတယ်ဆိုတာ သိထားပေမယ့် သူက ဆဲလ်တစ်နဲ့ ဆောက်သမ်တန်တို့လို အသင်းထံက လာခဲ့ကြတာပါ။ ဝိုက်နယ်ဒမ်က နယးကာဆယ်ကဖြစ်ပြီး ရော်ဘတ်ဆန်က ဈေးသိပ်မကြီးတဲ့ ဟူးစီးတီးက ဖြစ်ပါတယ်။ ထရန့်ကဆိုရင် အကယ်ဒမီထွက်ဖြစ်ပြီး အရမ်းကို ကောင်းလာခဲ့တယ်။ ” လို့ နှိုင်းယှဉ်ပြသွားခဲ့တာဖြစ်ပါတယ်။

ZAWGYI

အဂၤလန္အားကစားသံုးသပ္သူ ဂယ္ရီလင္ကာက ပရီးမီးယားလိဂ္ မန္ေနဂ်ာေတြျဖစ္တဲ့ ကေလာ့ပ္နဲ႔ ဂြာဒီယိုလာတို႔ဟာ မတူညီတဲ့ နည္းလမ္းေတြနဲ႔ ရင္ခုန္ဖြယ္ ျပိဳင္ဆိုင္မႈေတြ ေပးေနၾကတဲ့ မန္ေနဂ်ာေတြအျဖစ္ ခ်ီးက်ဳးလိုက္ပါတယ္။

ဒါေပမယ့္ သူ႔ကိုယ္တုိင္ကလည္း ဘာစီလိုနာမွာ ကစားခဲ့ေသးတာျဖစ္လို႔ ဂ်ိဳဟန္ခရိုက္ရဲ႕ နည္းလမ္းေတြကို ဆင့္ပႊားတဲ့ ဂြာဒီယိုလာရဲ႕ နည္းစနစ္ကို ခ်ီးက်ဴးေပမယ့္ ကေလာ့ပ္ရဲ႕ ျပင္းျပတဲ့ ေကာင္တာ ဖိအားေပးစနစ္ကို ပိုမို ႏွစ္သက္ေၾကာင္းလည္း ဝန္ခံခဲ့တာျဖစ္တယ္။

ဂယ္ရီလင္ကာက ” ေဘာလံုးမွာ မၾကံဳဖူးေလာက္ေအာင္ မူကြဲတဲ့ ေဘာလံုးရာသီေတြ ျမင္ေနရေပမယ့္ ပပ္နဲ႔ ကေလာ့ပ္တို႔က လႊမ္းမိုးထားပါတယ္။ သူတို႔ ယွဥ္ျပိဳင္ေနၾကတာျဖစ္ေပမယ့္ ႏွစ္ဦးလံုးကို ၾကည့္ရတာ ရင္ခုန္စရာလည္း ေကာင္းပါတယ္။ ကမၻာေဘာလံုးေလာကရဲ႕ ထိပ္ဆံုး မန္ေနဂ်ာ ႏွစ္ဦး မဟုတ္ရင္ေတာင္ ထိပ္ဆံုး ငါးဦးထဲ ပါၾကသူေတြပါ။

မတူညီတဲ့ စတိုင္ေတြနဲ႔ ျပိဳင္ေနၾကတာျဖစ္ျပီး ႏွစ္ဦးလံုးကို သေဘာက်ေပမယ့္ ကေလာ့ပ္က ပိုျပီး ဆြဲေဆာင္မႈရွိပါတယ္။ ဂြာဒီယိုလာက အျမဲတမ္း ၾကိဳးစားတဲ့ ေနရာေတြမွာ ကေလာ့ပ္က အျမဲတမ္း ဦးထားႏွင့္ပါျပီ။ ေနာက္ျပီး ဂြာဒီယိုလာရဲ႕ ညစ္တဲ့ဘက္ေတြကိုလည္း က်ေန္ာတို႔ ျမင္ထားရတယ္။

ဒါေပမယ့္ ဂြာဒီယိုလာက အရမ္းေကာင္းေကာင္း လုပ္ထားပါတယ္။ ဘာစီလိုနာမွာ ငယ္ရြယ္တဲ့ မန္ေနဂ်ာတစ္ေယာက္ျဖစ္ခဲ့ေပမယ့္ သူ႔ရဲ႕ ကစားသမားေတြကို အသြင္ေျပာင္းႏုိင္ခဲ့တယ္။ သူတို႔က ခရိုက္ အေျခတည္ခဲ့တဲ့ စနစ္ကို ကစားတာျဖစ္ျပီး အဲ့စနစ္ေအာက္မွာပဲ က်ေနာ္ေကာ ပပ္ပါ ဘာစီလိုနာ ကစားသမားေတြအျဖစ္ အတူကစားခဲ့ၾကတယ္။

ကေလာ့ပ္က သူ႔ရဲ႕ ကိုယ္ပိုင္ စတိုင္ကို မိတ္ဆက္လာခဲ့တယ္။ အရမ္းကို ျပင္းထန္လြန္းတဲ့ ဖိအားေပး ကစားနည္းပါပဲ။ ကစားသမားေတြရဲ႕ ၾကံ႕ခိုင္မႈနဲ႔ စိတ္ဓါတ္ ျပင္းထန္မႈအေပၚ အေျခခံတာေပါ့။ ေဒါ့မြန္မွာ ကောလ့ပ္က အေကာင္းဆံုး လုပ္ျပခဲ့ျပီး လီဗာပူးမွာ သူတည္ေဆာက္ျပတာက ပိုေတာင္ ေကာင္းပါေသးတယ္။ လူသစ္ ေခၚယူမႈေတြမွာလည္း သူ႔ရဲ႕ ပါဝင္မႈက အရမ္းကို ေကာင္းတယ္။

သူတို႔ ဆာလက္ကို ေခၚယူေတာ့ လူတိုင္းက ‘ဟမ္း ေခၚသင့္ရဲ႕လား ေပါ့’။ ေဆာက္သမ္တန္မွာ မာေနးက ကစားသမားေကာင္းျဖစ္ေပမယ့္ လီဗာပူးက ေခၚေလာက္ေအာင္ ေကာင္းရဲ႕လားေပါ့။ ေဂ်ာ္ဒန္ ဟန္ဒါဆန္နဲ႔ ပက္သက္လို႔လည္း ‘အား ဘာကိုမွ မေကာင္းတဲ့ ကစားသမား’ လို႔ လူတိုင္းက ေျပာခဲ့ၾကတယ္။ လူတိုင္းက ဟန္ဒါဆန္ကို ဆန္႔က်င္ခဲ့ၾကေပမယ့္ ဒီေကာင္ေလးက ေသြးထြက္ေအာင္ကို ေကာင္းတဲ့ ကစားသမားနဲ႔ ေခါင္းေဆာင္ေကာင္းတစ္ဦး ဆိုတာကို လူတိုင္းက ဝန္ခံလာရတယ္။

ဗန္ဒိုက္က အရမ္းေကာင္းတယ္ဆိုတာ သိထားေပမယ့္ သူက ဆဲလ္တစ္နဲ႔ ေဆာက္သမ္တန္တို႔လို အသင္းထံက လာခဲ့ၾကတာပါ။ ဝိုက္နယ္ဒမ္က နယးကာဆယ္ကျဖစ္ျပီး ေရာ္ဘတ္ဆန္က ေစ်းသိပ္မၾကီးတဲ့ ဟူးစီးတီးက ျဖစ္ပါတယ္။ ထရန္႔ကဆိုရင္ အကယ္ဒမီထြက္ျဖစ္ျပီး အရမ္းကို ေကာင္းလာခဲ့တယ္။ ” လို႔ ႏိႈင္းယွဥ္ျပသြားခဲ့တာျဖစ္ပါတယ္။