လီဗာပူး ဂိုးသမား အယ်လစ်ဆန်က ဝက်စ်ဟမ်းကို နိုင်ပြီး အမှတ်ပြတ် ဖြတ်နိုင်ခြင်း အပေါ် ဝမ်းမြောက်နေပါတယ်။ ၎င်းက အသင်းရဲ့ ဘယ်တော့မှ မရပ်တန့်တဲ့ သဘောထားကို ဆက်ထိန်းပြီး တစ်ပွဲချင်း စိန်ခေါ်မှုတွေ ရင်ဆိုင်သွားမှာ ဖြစ်ကြောင်း ပွဲအပြီးမှာ ဆိုခဲ့ပါတယ်။

အက်ဖ်အေဖလားပွဲစဉ်နဲ့ ပတ်သတ်ပြီး ကလော့ပ် ဆုံးဖြတ်ချက်ကို ထောက်ခံကြောင်း အသင်း ခံစစ်မှူး အန်ဒီ ရော်ဘတ်ဆန်က ပြောဆို လိုက်ပါတယ်။ ကလော့ပ်က သူ ဘာလိုချင်တယ်ဆိုတာ ရှင်းရှင်းလင်းလင်း သိပြီး ကစားသမားတွေ ဘက်က အမြင်နဲ့ တွေးပေးခဲ့တာ ဖြစ်တာကြောင့် နည်းပြဘက်က ရပ်တည်ကြောင်း ၎င်းက ဆိုပါတယ်။

ဝက်စ်ဟမ်းနဲ့ ပွဲမှာ လူစားလဲခဲ့ရတဲ့ တိုက်စစ်မှူး အိုရီဂီက ပြင်းထန်တဲ့ ထိခိုက်မှု မရှိဘူးလို့ ယူဆရပြီး ပွဲအပြီးမှာ နည်းပြကို ကြွက်တက်တာ ဖြစ်တယ်လို့ အသိပေးခဲ့ကြောင်း ကလော့ပ်က ဆိုပါတယ်။

လီဗာပူးတိုက်စစ်မှူးဟောင်း ကော်တင်ညိုကို ဘာစီလိုနာက ဇန်နဝါရီ အပြောင်းအရွှေ့ အမှီ ရောင်းထုတ်ရန် ကြိုးစားလာပါတယ်။ ကော်တင်ညို က လက်ရှိ ဘိုင်ယန်မှာ အငှား ကစားနေပေမယ့် ရာသီကုန်ရင် ဝယ်ယူခံရမှာ မဟုတ်တာကြောင့် ဘာစီလိုနာက ၎င်းကို ရောင်းပြီး တိုက်စစ်မှူးသစ် ဝယ်ယူရေးအတွက် ငွေကြေး အင်အားဖြည့်လိုလာတာ ဖြစ်ပါတယ်။

ဝက်စ်ဟမ်းနဲ့ ပွဲမှာ ဒုတိယဂိုး သွင်းယူခဲ့တဲ့ ချိန်ဘာလိန်ဟာ ထိုပွဲမှာ လီဗာပူးအသင်းအတွက် ပရီးမီးယားလိဂ် ပွဲ ၅၀ ပြည့်သွားခဲ့ပြီ ဖြစ်ပါတယ်။

လီဗာပူး တိုက်စစ်မှူး ဆာလက်ဟာ ယခင် တိုက်စစ်မှူးဟောင်း ဖာနန်ဒို တောရက်စ်ရဲ့ လီဗာပူးအတွက် ပရီးမီးယားလိဂ် သွင်းဂိုးထက် သာလွန် သွားခဲ့ပြီ ဖြစ်ပြီး ပွဲ အရေအတွက်က ၇ ပွဲ လျော့ နေပါသေးတယ်။ တောရက်စ်က လီဗာပူးအတွက် ၁၀၂ ပွဲ ကစား ၆၅ ဂိုး သွင်းသွားခဲ့တာ ဖြစ်ကာ ဆာလက်က ၉၅ ပွဲမှာ ၆၆ ဂိုးထိ ရှိသွားခဲ့ပါပြီ။

Zawgyi – လီဗာပူး ဂိုးသမား အယ္လစ္ဆန္က ၀က္စ္ဟမ္းကို နုိင္ျပီး အမွတ္ျပတ္ ျဖတ္နုိင္ျခင္း အေပၚ ၀မ္းေျမာက္ေနပါတယ္။ ၄င္းက အသင္းရဲ႕ ဘယ္ေတာ့မွ မရပ္တန္႔တဲ့ သေဘာထားကို ဆက္ထိန္းျပီး တစ္ပြဲခ်င္း စိန္ေခၚမႈေတြ ရင္ဆုိင္သြားမွာ ျဖစ္ေၾကာင္း ပြဲအျပီးမွာ ဆိုခဲ့ပါတယ္။

အက္ဖ္ေအဖလားပြဲစဥ္နဲ႕ ပတ္သတ္ျပီး ကေလာ့ပ္ ဆံုးျဖတ္ခ်က္ကို ေထာက္ခံေၾကာင္း အသင္း ခံစစ္မွဴး အန္ဒီ ေရာ္ဘတ္ဆန္က ေျပာဆုိ လိုက္ပါတယ္။ ကေလာ့ပ္က သူ ဘာလိုခ်င္တယ္ဆိုတာ ရွင္းရွင္းလင္းလင္း သိျပီး ကစားသမားေတြ ဘက္က အျမင္နဲ႕ ေတြးေပးခဲ့တာ ျဖစ္တာေၾကာင့္ နည္းျပဘက္က ရပ္တည္ေၾကာင္း ၄င္းက ဆိုပါတယ္။

၀က္စ္ဟမ္းနဲ႕ ပြဲမွာ လူစားလဲခဲ့ရတဲ့ တိုက္စစ္မွဴး အိုရီဂီက ျပင္းထန္တဲ့ ထိခိုက္မႈ မရွိဘူးလို႔ ယူဆရျပီး ပြဲအျပီးမွာ နည္းျပကို ၾကြက္တက္တာ ျဖစ္တယ္လို႔ အသိေပးခဲ့ေၾကာင္း ကေလာ့ပ္က ဆိုပါတယ္။

လီဗာပူးတိုက္စစ္မွဴးေဟာင္း ေကာ္တင္ညိဳကို ဘာစီလိုနာက ဇန္န၀ါရီ အေျပာငး္အေရႊ႕ အမွီ ေရာင္းထုတ္ရန္ ၾကိဳးစားလာပါတယ္။ ေကာ္တင္ညိဳ က လက္ရွိ ဘိုင္ယန္မွာ အငွား ကစားေနေပမယ့္ ရာသီကုန္ရင္ ၀ယ္ယူခံရမွာ မဟုတ္တာေၾကာင့္ ဘာစီလိုနာက ၄င္းကို ေရာင္းျပီး တိုက္စစ္မွဴးသစ္ ၀ယ္ယူေရးအတြက္ ေငြေၾကး အင္အားျဖည့္လိုလာတာ ျဖစ္ပါတယ္။

၀က္စ္ဟမ္းနဲ႕ ပြဲမွာ ဒုတိယဂိုး သြင္းယူခဲ့တဲ့ ခ်ိန္ဘာလိန္ဟာ ထိုပြဲမွာ လီဗာပူးအသင္းအတြက္ ပရီးမီးယားလိဂ္ ပြဲ ၅၀ ျပည့္သြားခဲ့ျပီ ျဖစ္ပါတယ္။

လီဗာပူး တိုက္စစ္မွဴး ဆာလက္ဟာ ယခင္ တိုက္စစ္မွဴးေဟာင္း ဖာနန္ဒို ေတာရက္စ္ရဲ႕ လီဗာပူးအတြက္ ပရီးမီးယားလိဂ္ သြင္းဂိုးထက္ သာလြန္ သြားခဲ့ျပီ ျဖစ္ျပီး ပြဲ အေရအတြက္က ၇ ပြဲ ေလ်ာ့ ေနပါေသးတယ္။ ေတာရက္စ္က လီဗာပူးအတြက္ ၁၀၂ ပြဲ ကစား ၆၅ ဂိုး သြင္းသြားခဲ့တာ ျဖစ္ကာ ဆာလက္က ၉၅ ပြဲမွာ ၆၆ ဂိုးထိ ရွိသြားခဲ့ပါျပီ။